Thursday, September 13, 2012

"ရက်ရက်စက်စက် ABSDF သတ်ဖြတ်မှု တရားစွဲဆိုနိုင်ရေး နိုင်ငံတော်မှ စုံစမ်းရေးအဖွဲ့ ဖွဲ့ပေးရန် စာတင်မည်"

Thursday, September 13, 2012

 
မြန်မာနိုင်ငံမြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများ အတွက် နိုင်ငံတော်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ရန် စာတင် မည်ဖြစ်ပြီး ၄င်း ရလဒ်အတိုင်း တရားစွဲမည်ဟု မန္တလေးမှ မြောက်ပိုင်း အမှုမှန်ဖော်ထုတ်ရေးအဖွဲ့က ပြောသည်။
''နိုင်ငံတော်သမ္မတကြီးရယ်၊ ပြည်ထောင်စုလွှတ်တော် ဥက္ကဋ္ဌနဲ့ တရားရေး အဖွဲ့အသစ် ဖွဲ့ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ထံ စာတင်မယ်။ စာတင်တဲ့အခါ လူ တစ်သောင်းနဲ့ လက်မှတ်ထိုးပြီး ပူးတွဲ တင်ပြသွားမယ်။ နိုင်ငံတော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီးတော့မှ အဲ့ဒီအဖွဲ့ကနေ ရရှိလာတဲ့ ရလဒ်နဲ့ တရားစွဲမယ်။ တရားစွဲဆို တဲ့ဟာက အမှန်တရားကို ပေါ်စေချင် တယ်။ စုံစမ်းစစ်ဆေး အရေးယူပြီးတဲ့ နောက်မှာ ပြစ်ဒဏ်ချပြီးတဲ့နောက် မှာ သူတို့ကို လွတ်ငြိမ်းချမ်းသာခွင့် နိုင်ငံတော်က ပေး လိုက်ပြီဆိုရင်လည်း ကိုယ်တိုင်ခံစားရတဲ့သူတွေ အနေနဲ့ သူတို့ကို ခွင့်လွှတ်တယ် ဆိုတာမရှိဘူး။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် ကျွန်တော်တို့ သဘောထားကြီး ပေးနိုင်ပါ တယ်'' ဟု ပါဂျောင်ဖမ်းဆီးန
ှိပ် စက်ခံရမှု ပါဝင်ခဲ့သူ ဦးဆမား ညီညီက ပြောသည်။
စက်တင်ဘာ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ဒက္ခိဏရာမ ဘုရားကြီးတိုက်တွင် မြောက်ပိုင်းအမှုမှန် ဖော်ထုတ်ရေး အဖွဲ့က ပြုလုပ်သည့် ပါဂျောင် ရှင်းတမ်းတွင် ဦးဆမားညီညီက ပြောခြင်း ဖြစ်သည်။
၎င်းမြောက်ပိုင်းကိစ္စတွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ တာဝန်ရှိသည် ဆိုသော ဒေါက်တာ နိုင်အောင်၊ တာဝန်ခံကြောင်း လက်မှတ်ထိုး ထုတ်ပြန် သော တောင်ပိုင်း ဗဟိုကော်မတီဝင်များ၊ မြောက်ပိုင်းဗဟို ကော်မတီဝင်များ၊ မိုးသီးဇွန်နှင့်ပတ်သက်၍ ကိုစိုးလင်း၊ ကိုဌေးလှိုင်တို့အဖမ်းခံရသည့် ကိစ္စများ တွင် တစ်စုံတစ်ခုရှိလျှင် ၄င်းတို့ ရှင်းလင်းရမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ် က ထပ်လောင်းပြောသည်။
ကချင်ပြည်နယ် ပါဂျောင်ရှိ ABSDF (မြောက်ပိုင်း) စခန်းရှိရာ ကျောင်းသား များအကြား ထောက်လှမ်းရေးများ ဝင်ရောက်နေသည် ဆိုကာ စွပ်စွဲချက်ဖြင့် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှု ၁၉၉၂ ခုနှစ်က ဖြစ်ပွားခဲ့သည်။ ၄င်းပါဂျောင်တွင် မြောက်ပိုင်းဥက္ကဋ္ဌဟောင်း ကိုထွန်းအောင်ကျော်နှင့် ၁၅ ဦး သေဒဏ် ပေးခံရပြီး သံသယဖြင့် စစ်ဆေးနေ စဉ် သေဆုံးသွားသူများပါ ပေါင်းလိုက်လျှင် စုစုပေါင်း ၃၈ ဦး ရှိကြောင်း သိရသည်။
ပါဂျောင်ကိစ္စတွင် အဖမ်းခံခဲ့ ရသူများနှင့် ရဲဘော်ရဲဘက်ဖြစ်သူ ဦးမောင်ခိုင်က ''ရဲဘော်တွေအပေါ် ရက်ရက်စက်စက် ကျူးလွန်ခဲ့တဲ့ အပေါ် ကျူးလွန်ခဲ့တဲ့ လူတွေကို အနာ ဂတ်မြန်မာနိုင်ငံတော်ရဲ့ တည် ဆောက်ရေးမှာ မလိုလားဘူး။ ဒီ ဆန္ဒက မန္တလေးမှာရှိတဲ့ သံဃာ တော်များနဲ့ ကျောင်းသားပြည်သူ များရဲ့ ဆန္ဒဖြစ်တယ်လို့ ခံယူပါတယ်။ ဒီဆန္ဒကို တစ်တိုင်းပြည်လုံး သိစေချင်တယ်။ ဒါကြောင့် ဒီပွဲမှာ ပါဝင်ကူညီဖြစ်တာပါ''ဟုဆိုသည်။
၁၉၉၂ ခုနှစ် ကချင်ပြည်နယ် ပါဂျောင်တွင် ဖြစ်ပွားခဲ့သော စွပ်စွဲဖမ်းဆီး သတ်ဖြတ် ခံရမှုနှင့် ပတ် သက်၍ လွတ်မြောက်လာကြသူများ၊ သတ်ဖြတ် ခံရသူတို့၏ မိသားစုများက တာဝန်ရှိသူများကို တရားစွဲဆိုသွားမည်ဟု သိရသည်။
 
popular

No comments:

Post a Comment

My Blog List