Thursday, 13 September 2012 00:00 (ဖိုးတရုတ်)
ညွှန်ကြားချက်ကို လိုက်နာမှုမရှိကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ တပ်ရင်းအချို့ကတော့ ညွှန်ကြားချက်ကိုလိုက်နာမှုရှိခဲ့ကြောင်းကချင်ပြည်နယ်ရှိ ခြေလျင်တပ်ရင်းတစ်ရင်းရဲ့ ရှေ့တန်းအတွေ့အကြုံများကို
တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတစ်ဦးရဲ့ ဇနီးတစ်ဦးမှ စည်းလုံးခြင်းရဲ့အင်အား
ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာ ပါတယ်။သူမရဲ့ဖြစ်စဉ်အရသမ္မတရဲ့ပစ်မိန့်ရပ်ခိုင်းတဲ့ အမိန့်အားလိုက်နာခဲ့တဲ့
တပ်မတော်လက်အောက်ခံတပ် အချို့မှာ တိုင်းစစ်ဌာနချုပ် တပ်များ၊
တပ်ရင်းများသာဖြစ်ပြီး ပိတ်ဆို့ရေးတာဝန်ကို ထမ်းဆောင်ရတဲ့ အနေအထား
တွေ့ရှိရပါတယ်။
ဒါပေမဲ့ ကက (ကြည်း) ရဲ့ ထိုးစစ် တာဝန်တွေကို တိုက်ရိုက်
အမိန့်ပေးခံရတဲ့ တပ်မ/စကခ တပ်များအဖို့ စစ်နည်းဗျူဟာ သဘောအရ
ရပ်လို့မရနိုင်တဲ့ အခြေအနေတွေ ရှိတာကြောင့် ရှေ့တန်းတပ်များအနေနဲ့
သမ္မတအမိန့်ကို မလိုက်နာကြောင်း ယူဆနိုင်ပါတယ်။ KIA သတင်းနှင့် စပ်လျဉ်းပြီး
အဆိုပါ ရဲမေရဲ့ အာဘော်သာဖြစ်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။အယ်ဒီတာ ။ ။ ကချင်ပြည်နယ်မှာ တိုက်ပွဲများဖြစ်ပွားနေရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ သမ္မတရဲ့ ပစ်မိန့်ရပ်တန့်ဖို့ကျွန်မတို့ မပခတိုင်းလက်အောက်ခံ တပ်ရင်းတွေဟာ ဖားကန့်လိုမျိုး ကျောက်စိမ်း အကြံအဖန် ဂွင်တွေမှာထိုင်ရဖို့ တိုင်းမှူးကို တပ်ရင်းမှူးတွေက လက်ဆောင်ပဏ္ဏာတွေ ကန်တော့ပေးမှ ထိုင်ခွင့်ရပါတယ်။ လူမသိ သူမသိ ကွက်ပျောက်ဂွင်တွေလည်း ရှိပါတယ်။ အဲဒီဂွင်တွေကတော့ ကုန်သည်များက ဂိတ်ကြေး လိုင်းကြေးတွေ ဆက်သရတဲ့ စခန်းထိုင်များ၊ နယ်စပ်ဂိတ်များနဲ့ တံတားဂိတ်များ၊ လမ်းကြောင်းများအတွင်း လှုပ်ရှားစစ်ကြောင်းများဘဲ ဖြစ်ပါတယ်။ ကျွန်မတို့ဟာ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို လေ့လာကြည့်ရာမှာ တနေရာတွင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ်ကျော်ဘက လပခတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည် ချမ်းသာနေတာကို ပျင်းတောင်ပျင်းသေးတယ်လို့ ပြောကြောင်း ဖတ်ရှုလိုက်ရပါတယ်။
အမှတ် (၃၇) ခြေလျင်တပ်ရင်းမှ တပ်ရင်းမှူးဟာ ဂိတ်ထိုင်ရင် ပိုက်ဆံများများ ရပြီးတော့ မှောင်ခိုကား များ ဖြတ်သန်းသွားလျှင် ကားတစ်စီးလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် သူ့ကို လာဘ်ထိုးရကြောင်း သိရှိရပါ တယ်။ ကုန်သည်များက တရားမ၀င်သစ်များ ခိုးထုတ်တဲ့အခါမှာလည်း တပ်ရင်းမှူးနှင့် အရာရှိ လက်အောက် ငယ်သားများအား ခိုးထုတ်သည့် သစ်များအား (၁) တန်လျှင် ကျပ် (၂) သိန်းနှုန်းဖြင့် လာဘ်ထိုးရကြောင်း သိရပါတယ်။ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးဆိုလျှင် ကျပ်သိန်း (၂၀၀) ခန့် ၀င်ငွေ ရသွားခဲ့ပါတယ်။ အဲဒီရတဲ့ ပိုက်ဆံများကို ဂိတ်နားကရွာမှာ (၃၅) ကောင်အားရှိတဲ့ မီးစက်နဲ့ စာကြည့်တိုက်တစ်ခုကိုလည်း ဆောက်လုပ် လှူဒါန်းခဲ့ပါတယ်။ စာအုပ်တွေကိုတော့ သူငယ်ချင်းမှတဆင့် ဗိုလ်ကြီးကတော်က မြို့ကနေ ၀ယ်ပြီး ပို့ပေးပါတယ်။
နောက်ပြီး ဗလမင်းထင်တံတားတွင်လည်း ထိုနည်းအတိုင်း အရာရှိများက တံတားဂိတ်ကြေးအဖြစ် ကားများ ကို ကောက်ခံ လုပ်စားရပါတယ်။ ဒီလိုနဲ့ ရှေ့တန်းစခန်းထိုင် ထွက်ရတဲ့အခါမှာဆိုရင် တပ်ရင်းမှူးက တရားမ၀င် အကြံအဖန် ကျပ်သိန်း (၅၀၀) ခန့် ရပါတယ်။ တခါတလေဆို တပ်ရင်းမှူးက နောက်ဆုံးပေါ်ကား ၀ယ်နိုင်လောက်တဲ့အထိ ၀င်ငွေရပါတယ်။ ဗိုလ်မှူး၊ ဗိုလ်ကြီးများလည်း အထိုက်အလျှောက်တော့ ရကြပါတယ်။ ရှေ့တန်းကပြန်လာတဲ့ အရာရှိများအား တပ်ရင်းမှ ရေတွင်း၊ ရေကန်များအတွက် တစ်ဦးကို ကျပ် (၅) သိန်းစီ တောင်းခံပါတယ်။ တပ်ရင်းမှူးကတော့ တစ်ပြားတစ်ချပ်မှ အကုန်မခံခဲ့ပါဘူး။
ပြီးတော့ လက်အောက်အရာရှိများကို အစည်းအဝေးခေါ်ရင်လည်း တပ်ရင်းမှူးက ထိုင်ခုံမှာထိုင်ကာ အရာရှိတွေက မတ်တပ်နေရပြီး မိန့်ခွန်းများကိုလည်း မလိုအပ်ပဲ နှစ်နာရီ သုံးနာရီလောက် အကြာ ကြီး ပြောပါတယ်။ ယဉ်ကျေးမှု မရှိပဲ ရိုင်းစိုင်းစွာ ဆဲဆိုတတ်ပါတယ်။ ဂွင်ကောင်းရဖို့ အရာရှိတွေဟာ တပ်ရင်းမှူး ဟောက်စားလုပ်သမျှ ခေါင်းငုံ့ခံကြပါတယ်။ တပ်တွင် ဆန်စက် (၂) လုံး ရှိပါတယ်။ တပ်ရင်းတွင်းတွင်လည်း ဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ ဗူးသီး၊ ခရမ်းသီး၊ ကန်စွန်းရွက်၊ ကိုက်လန်၊ မုန်ညင်းရွက်၊ ခ၀ဲ၊ ဆလပ်၊ ကြက်သွန်ဖြူ/နီ၊ ရုံးပတီသီး၊ ပန်းဂေါ်ဖီ စသည်တို့ကို စိုက်ပျိုးထားသည့်အပြင် ကြက်၊ ၀က်၊ ဘဲ စသည်တို့ကိုလည်း မွေးမြူထားပါတယ်။
တပ်ရင်းရဲ့ဝင်ငွေထွက်ငွေများကို တပ်ရေးဗိုလ်ကြီးက ကိုင်တွယ်ပါတယ်။ သူကလည်း တစ်လကို ကျပ်တစ်သိန်းခွဲလောက် ရိုက်စားလုပ်ပါတယ်။ တပ်ထောက်ဗိုလ်ကြီးက ဓာတ်ဆီနှင့် လက်နက်ခဲယမ်း များကို ရောင်းစားပြီး အပိုဝင်ငွေရှာပါတယ်။ အဲဒီလို လာဘ်စားမှုများ ဖြစ်ပြီးနောက်ပိုင်းတွင် တပ်ရင်းမှူး ချင်း နေရာချိန်းခံခဲ့ရပါတယ်။
No comments:
Post a Comment