Friday, September 14, 2012

ကန်ဝန်ကြီး Joseph Yunနှင့်အဖွဲ့ ဘင်္ဂလာတွင် စုံစမ်းလျက်ရှိနေပြီ

Friday, September 14, 2012

အမေရိကန်နိုင်ငံမှ အာရှပစိဖိတ်ရေးရာ ဒုတိယလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Yunနှင့် အဖွဲ့ဝင် (၃) ဦး ဘင်္ဂလားဒေ့ခ်ျနိုင်ငံ နယ်စပ်မြို့နယ်များအတွင်းရှိ ဘင်္ဂလီမူဆလင် ဒုက္ခသည်များ စခန်းသို့ ယနေ့ (ဗုဒ္ဓဟူး) ညနေဘက် သွားရောက်လေ့လာ ကြည့်ရှုရန် ယမန်နေ့က ဒက္ကားမြို့တော်သို့ ရောက်ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ Joseph Yun ဦးဆောင်သည့် စုစုပေါင်း (၄) ဦးအဖွဲ့မှာ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ်အတွင်း ဇွန်လ (၈) ရက်နေ့က အကြမ်းဘက်သမားများ စတင်သောင်းကျန်းခဲ့သော အခြေအနေနှင့် စပ်လျား၍ ဒုက္ခသည်များနှင့် ဖြစ်ပေါ်လာမည့် အခြေအနေများကို (၇)ရက်မှ (၁၀) ရက်နေ့အထိ လေ့လာစုံစမ်းခဲ့ပြီး ဘင်္ဂလာသို့ ယမန်နေ့က ရောက်ရှိလာခြင်းဖြစ်
ကာ ဘင်္ဂလာတွင် ဒီနေ့အထိ လေ့လာစုံစမ်း၍ ရှိနေမည် ဖြစ်ကြောင်း သိရှိရသည်။

ယင်းအဖွဲ့မှာ ကော့စ်ဘဇားမြို့မှ တာခ်နာမြို့နယ်အကြားရှိ (၇၉) ကီလိုမီတာ
ဝေးကွာသော လမ်းဘေးအနီးအနား ဘင်္ဂလီမူဆလင် ဒုက္ခသည် စခန်းများဖြစ်သော အိုခီးယားမြို့နယ်တွင် ကူတူပါလောင်နှင့်တာခ်နာမြို့နယ်တွင်
နော်ရာပါရာ ဒုက္ခသည်စခန်းများအား သွားရောက် လေ့လာစစ်ဆေး ကြည့်ရှုမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ကူတူပါလောင် ဒုက္ခသည်စခန်းမှ အကြီးအကဲ ဇာလာလ် အူဒ္ဒိန် အာဟာမတ် အနေဖြင့် အမေရိကန် ကိုယ်စားလှယ်များအား ဦးဆောင်ပြီး လည်ပတ်သွားလာနိုင်ရန် စီစဉ်နေကြောင်း မနေ့က ဒေသထုတ် ၀ပ်ဆိုက်နှင့် သတင်းစာများက ဆိုသည်။

တာခ်နာမြို့နယ် အဆိုပါ နော်ယာပါရာ စခန်းအနီးတွင် ကုလမှ အသိအမှတ်မပြုသေးသော လေဒါဒုက္ခသည် စခန်းတခုရှိပြီး ဦးရေပေါင်း အနည်းဆုံး (၃၅၀၀၀) ခန့်ရှိမည်ဖြစ်ကာ ယင်းစခန်းအား နိုင်ငံတကာ အီစ္စလာမ်နိုင်ငံများမှ အဖွဲ့အစည်းများနှင့် ဘင်္ဂလာအီစ္စလာမ်အဖွဲ့တို့ ပူးပေါင်းပြီး ကူညီဆောင်ရွက် ပေးမှုများ ရှိနေသည်။

အဆိုပါ ကိုယ်စားလှယ်များနှင့်အတူ ဒက္ကားမြို့အခြေစိုက် ကန်သံရုံးအမတ် Dan Mozenaနှင့် တခြား (၃) ဦး လိုက်ပါ စုံစမ်းလေ့လျက် ရှိနေကြောင်း သိရှိရသည်။

မြန်မာ-ဘင်္ဂလာသို့ Mr. Joseph Yunနှင့် အဖွဲ့ဝင် (၃) ဦးအနေဖြင့် ပထမဆုံးအကြိမ် လာရောက်စုံစမ်းခြင်းဖြစ်သည်။

ယင်းအဖွဲ့မှာ ဘင်္ဂလီမူဆလင် ဒုက္ခသည်များအား စုံစမ်းရန် ရောက်ရှိလာခြင်း ဖြစ်သော်လည်း မြန်မာနိုင်ငံသား ရခိုင်အပါအ၀င် တခြားသော ဒုက္ခသည်များအား တွေ့ဆုံမည့် အခြေအနေမရှိသည့်အပြင် UNHCR ဒက္ကားမှလည်း မည်သည့်အခါမှ တွေ့ဆုံရန် လမ်းကြောင်း ပေးမှုမရှိသေးပေ။

ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် NGOs များ အများအပြားရှိနေကြောင်း၊ ယင်း NGOများမှာ ဒုက္ခသည်များ၏ လိုအပ်ချက်များကို အချိန်နှင့် တပြေးညီ ကူညီပေးမှုများ ရှိနေကြောင်း၊ အီစ္စလာမ်မိတ် NGOများမှာလည်း အများအပြား ကူညီပေးနေသော်လည်း ရခိုင်ဒုက္ခသည်နှင့် တခြားသော ဒုက္ခသည်များကိုမူ ကူညီပေးနေမှု တစုံတရာ မရှိပေ။

ထို့ပြင် ယင်းNGOတချို့မှာ မိမိလုပ်ချင်သော လုပ်ငန်းစဉ်များကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် ဘင်္ဂလာဒေ့ခ်ျနိုင်ငံနှင့် သဘောတူညီမှု မပြုလုပ်ဘဲ ရှိနေကြောင်း၊ တူညီမှုရှိခဲ့သည့် NGOများလည်း နှစ်ကုန်ဆုံးသွားလျှင် ပြန်လည်
စာချုပ်များ မပြုလုပ်ဘဲ ရှိနေကြောင်းနှင့် ဘင်္ဂလာမှ ဘင်္ဂလီဒုက္ခသည်များအား ကူညီပေးခဲ့ခြင်းအပေါ် ရပ်တန့်ရန် ဖိအားပေးခံရသော NGO (၃) ခုမှာ လွန်ခဲ့သော ၂၀၀၉ ခုနှစ်က သဘောတူ စာချုပ် ကုန်ဆုံးခဲ့သောကြောင့် လုပ်ငန်းများမှာ အပေါ်ယံသာ တားမြစ်ခံခဲ့ရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment

My Blog List