Friday, September 14, 2012

Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့...

Friday, September 14, 2012
Israel အမျိုးသမီး တစ်ယောက် Palestine ကောင်လေးကို ကာကွယ်ခဲ့တဲ့ သတင်းဟာ ကမ္ဘာ့ လူသား သန်းပေါင်း မြောက်များစွာကို အမြင်သစ်ပေးခဲ့ပါတယ်။ ထိုမျှမက နှစ်ပေါင်းများစွာ ရန်သူလို ဆက်ဆံနေခဲ့ကြတဲ့ Israel နဲ့ Palestine ကြားမှာ ငြိမ်းချမ်းရေး ဆေး တစ်ခွက်လဲ ဖြစ်ခဲ့ပါ တယ်။ ပြီးခဲ့သော မေလ ၂၀၊ ၂၀၁၂ နေ့၊ ဂျေရူဆလင်နေ့မှာ ဖြစ်ခဲ့တာပါ။


အဲဒီနေ့ ပါလက်စတိုင်း လူမျိုးတွေက အစ္စရေး တိုးချဲ့အိမ်ရာ စီမံကိန်းများကို သပိတ်မှောက်နေခဲ့ တာဖြစ်ပါတယ်။အဲဒီထဲမှာ ၁၀ နှစ်သားအရွယ် ပါလက်စတိုင်း ကောင်လေး တစ်ယောက်ဟာ ပါလက်စတိုင်း အလံကိုင်လျှက် ပါဝင်နေတုန်း၊ အစ္စရေး နယ်ခြားစောင့်ရဲ တစ်ယောက်က စိတ်ဆိုးမာန်ဆိုးနဲ့ လက်ဖမ်းတာခံရပါတယ်။


ကောင်လေးကို ခြေထောက်နဲ့ ကန်တယ်၊ မညှာမသာ လုပ်လာတဲ့အခါမှာ အနားမှာ ရှိနေခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် အစ္စရေး တက္ကသိုလ် ကျောင်းသူ တစ်ယောက်က အဆိုပါ ရဲကို ၀င်လုံးပြီး ကောင်လေးကို ထွက်ပြေး စေခဲ့ပါတယ်။အစ္စရေး လူမျိုးနဲ့ ပါလက်စတိုင်း လူမျိုးဆိုတာ ရာဇ၀င် လိုက်ပြီး ရန်ဖြစ်နေခဲ့တဲ့ လူမျိုးတွေပါ။ အခုလို အဖြစ်ကို မြင်ရတော့ အားလုံး အံ့အားသင့်ခဲ့ ရပါတယ်။ လူမျိုးနှစ်မျိုးကြား ငြိမ်းချမ်းရေး ရလာတော့မလား ဆိုပြီးလဲ ပြောဆိုလာကြပါတယ်။


သို့သော်လည်း၊ သူ့လူမျိုး (အစ္စရေး) အချင်းချင်း တွေရဲ့ ဝေဖန် ကဲ့ရဲ့ခြင်းများကိုလဲ ခံရပါတယ်။ လူတစ်ဦး တစ်ယောက် ရဲ့ စိတ်ထား မှန်ကန်စွာ ပြုမူလိုက်ခြင်းသည် လူအများအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာ ဒီအဖြစ်က သက်သေပြနေပါတယ်။ မကောင်းမှုကို သိရက်နဲ့ ကိုယ့်အမျိုးမို့ အားပေး၊ အားမြောက်ပြုခြင်းကို ကိုယ့်ဘာသာကိုယ် တော့ အမှားအမှန် မသိနိုင်ပေမယ့် အပြင်လူ တစ်ယောက် အနေနဲ့ ကြည့်လိုက်မှ မသင့်တော်မှန်း သိရတဲ့ အဖြစ်မျိုးတွေ ရှိကောင်းရှိမှာပါ။


ဘယ်နေရာ မဆို အမှန်တရား ဘက်က ရပ်တည်နိုင်တဲ့ စိတ်ထားဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ။

No comments:

Post a Comment

My Blog List