Thursday, September 13, 2012

စေ့စပ်ဆဲကာလမှာပင် သဘောထားကွဲလွဲနေသည့် ပုသိမ်NLD

Thursday, September 13, 2012

ပုသိမ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေဆဲ ကာလမှာပင် NLD ပါတီ(ဗဟို)မှ မြို့နယ်ရုံးခန်းကိစ္စထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲမှုများ ထပ်မံဖြစ်ပေါ် လာကြောင်း သိရှိရသည်။
ဒေါ်ဆောင်ဆန်းစုကြည် ရေဘေးလှူဒါန်းရန် ပုသိမ်သို့လာရောက်ခဲ့စဉ်က မြို့နယ်ပါတီဝင်များအား တွေ့ဆုံပြီးေ နာက် ပုသိမ်မြို့နယ် NLD ပါတီဝင်များအကြား စေ့စပ်ညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်တွင် ပါတီဗဟိုမှ မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန်ကြေငြာချက်ကြောင့် ပါတီဝင်များအကြား သဘောထားကွဲလွဲ မှုများ ထပ်မံဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပုသိမ်မြို့နယ်နှင့်မြောင်းမြမြို့နယ် NLD ပါတီဝင်များအကြား တိုင်းအတွင်း ညီလာခံကျင်း ပရေး ကော်မရှင်အဖွဲ့များကို ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်းမှုကြောင့် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများအသီးသီးပြုလုပ်ခဲ့ကြသော်လည်း ဗဟိုဦးစီးစနစ်ဖြင့်ပင် ဆက်လက်သွားေ နခြင်း ဖြစ်သည့်အတွက် လူအများစုသဘောထားကို လိုက်လျောခြင်းမရှိသေးဟု ပါတီဝင်တို့က ထုတ်ဖော် ပြောဆိုကြသည်။

"အဓိက သူတို့မြို့နယ်ရုံးကိုလာတာက တောင်းပန်ပြီး ရုံးတစ်ရုံးတည်းမှာပဲ ညီညီညွတ်ညွတ်လုပ်သွား ကြမယ်လို့ လာပြောတာ၊ အဲ့ဒီနောက် ၃ ရက်နေ့မှာ ဗဟိုကထုတ်လိုက်တဲ့မြို့နယ်ရုံးခန်းကိစ္စ ထုတ်ပြန် ကြေငြာချက်မှာတော့ ဟိုးအရင်ကလို ဖော်ပြထားတယ်" ဟု ၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

စက်တင်ဘာလ(၃)ရက်နေ့ ရုံးခန်းကိစ္စကြေငြာချက်(၂)တွင် ပါတီမှ တာဝန်ပေးအပ်ခြင်းမရှိသူတို့က မြို့နယ်ရုံးခန်းကို လက်ဝယ်ထားအသုံးပြုနေကြောင်းဖော်ပြချက်မှာ ညီညွတ်စွာသွားရမည့် ပါတီဝင် အချင်းချင်းအကြားတွင် မြို့နယ်ကော်မရှင်ကိုသာ ပါတီဝင်ဟုသဘော ထားမည်ဟု ထုတ်ဖော်ပြနေ သကဲ့သို့ဖြစ်နေကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။

ပုသိမ်မြို့ခံပါတီဝင်လူငယ်များအနေဖြင့် လက်ရှိမြို့နယ်ရုံးခန်းကို အသုံးပြုနေသောလူကြီးများမှာ ၉၀ ခုနှစ်ကတည်းက ကိုယ်စားလှယ်များ ဖြစ်ခြင်း၊ ညောင်နှစ်ပင်ညီလာခံသပိတ်မှောက်ရာတွင်ဒေါ်စု နောက်မှ ရပ်တည်ခဲ့ခြင်း ၉၃ ဒေါ်စုအား ပါတီမှထုတ်ပယ်စဉ် ကန့်ကွက်ခဲ့(ပြင်းထန်စွာ)သူများဖြစ်ခြင်း ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ပါတီ၏ဆုံးဖြတ်ချက်အတိုင်း မယိမ်းယိုင်ဘဲ ထောက်ခံခဲ့သူများဖြစ်ခြင်း စသည့်အချက်များကြောင့် ယခုချိန်တွင် ထိုလူကြီးများကို ပါတီနှင့်မပတ်သက်တော့သလို ထုတ်ပြန် ခဲ့ သော ကြေငြာချက်ကို ဆန့်ကျင်ကြောင်း ပါတီဝင်လူငယ်အများစုက ဆိုသည်။ဒေါ်အောင်ဆန်းဆုကြည် ပုသိမ်သို့ရောက်ရှိစဉ် မြို့ခံပါတီဝင်လူငယ်များကို ခေတ္တတည်းခိုရာ ပုသိမ် ဟိုတယ်၌ တွေ့ဆုံ ကာ အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။


ထို့ပြင် ဧရာဝတီတိုင်းNLD ရုံးတွင်လည်း မြို့နယ်ရွေးကောက်ပွဲအောင်နိုင်ရေးရှိစဉ်က လုပ်ဆောင်ပေး ခဲ့ကြသော လူကြီးများကို တံခါးပိတ်တွေ့ဆုံမှုပြုလုပ်ပြီးေ " လူကြီးတွေပြသာနာမှာ လူငယ်တွေကို ၀င်မပါစေချင်ဘူး၊ လူငယ်တွေကြောင့် လူကြီးတွေ ညီညွတ် သွားတာကိုပဲ မြင်ချင်ပါ တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆုံးမသြ၀ါဒပေးခဲ့ကြောင်း တွေ့ဆုံခဲ့ရသူ လူငယ်တစ်ဦးကပြောသည်။ နာက် ကော်မရှင်(ပုသိမ်မြို့နယ်) ဥက္ကဌမှ ပုသိမ်အောင်နိုင်ရေးအဖွဲ့အတွက် လုပ်ဆောင်ပေးခဲ့ကြသော လူကြီးများအား တောင်းပန်မှုများပြုလုပ် ခဲ့ကြောင်း ပါတီဝင်များက တဆင့်သိရသည်။
 
 
(မြစ်မခ)
 
 

No comments:

Post a Comment

My Blog List