Thursday, September 13, 2012

ကျောင်းများတွင် တရုတ်မုန့်ရောင်းချခြင်း ထိရောက်စွာ တားမြစ်မည်

Thursday, September 13, 2012

ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ဖြစ်စေမည့် အစားအစာများနှင့် တရုတ်မုန့်များ ရောင်းချနေမှုကို ထိထိရောက်ရောက် တားမြစ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်းမှ သိရှိရသည်။ “ဒီလို အန္တရာယ်ဖြစ်စေတာတွေ တားမြစ်ဖို့ မြို့နယ်အလိုက် ကျောင်းအုပ်တွေကနေ တစ်ဆင့် တောင်းဆိုသွားမယ်။ အန္တရာယ်ဖြစ်စေတဲ့ အစားအစာတွေကို ကန့်သတ်ဖို့ ပူးပေါင်းဆောင်ရွက်သွားမယ်” ဟု အဆိုပါအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်က ပြောသည်။ ကျောင်းတစ်ကျောင်းချင်းဆီသို့ ဝင်ရောက်စစ်ဆေးမှု မပြုလုပ်သေးဘဲ ပထမဆုံး ဟောပြော အသိပညာပေးမှုများနှင့် စတင်လုပ်ဆောင်သွားမည်ဟု ၄င်းကပြောသည်။ “မြို့နယ် အလိုက် ဟောပြော အသိပေးတာတွေကို ဆင်ခြေဖုံး ရပ်ကွက်တွေ၊ မြို့နယ်တွေမှာ စပြီး လုပ်ဆောင်မယ်။ ပြီးမှသာ မြို့ထဲလို ကျောင်းတွေကို ပညာပေးဖို့ လုပ်ဆောင်သွားမှာပါ” ဟု ဦးဗအုပ်ခိုင်က ဆက်ပြောသည်။ 

ယင်းသို့ ပညာပေးရာတွင် ကျောင်းအုပ်ကြီးများမှတစ်ဆင့် ကျောင်းမုန့်ဈေးတန်းရှိ ဈေးဆိုင်များတွင် အန္တရာယ်ဖြစ်စေမည့် တရုတ်မုန့်များ၊ သက်တမ်းလွန်မုန့်များ၊ ဓာတုပါဝင်သော အစားအသော က်များ ရောင်းချခြင်းကို တားမြစ်ပေး ရန် တောင်းဆိုသွားမည်ဖြစ်ပြီး အဆိုပါ အန္တရာယ်ရှိစေသော အစားအစာများကို ဆက်လက်ရောင်းချသည် ကို နောက်ပိုင်းတွေ့ရှိပါက အရေးယူဆောင်ရွက်ခြင်းများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။

 ထိုသို့ ပညာပေး ဟောပြောမှုကို အောက်တိုဘာလဆန်းပိုင်းမှ စတင်ကာ ရွှေပြည်သာ၊ လှိုင်သာ ယာ၊ မြောက်ဥက္က လာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့ပိုင်း၊ အင်းစိန်နှင့် သင်္ဃန်းကျွန်း မြို့နယ်များရှိ ကျောင်း အုပ်ကြီးများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းကာ စတင်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့ထုတ် Popular News ဂျာနယ် တွင် ဖော်ပြထားပါသည်။ 

No comments:

Post a Comment

My Blog List