Thursday, September 13, 2012

KIA ဗဟိုဌာနချုပ်တွင် သူနာပြုဆရာမများကို ခွဲစိတ်သင်တန်းပေး

စက်တင်ဘာ (၁၃)

ပြီးခဲ့တဲ့စက်တင်ဘာလ(၁၀)ရက်နေ့က KIA ဗဟိုဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ အရေးပေါ်ခွဲစိတ် ကုသ ပေးနည်းနဲ့ ရှေးဦးသူနာပြုစုနည်းများဖြင့် လျင်မြန်စွာကုသပေးခြင်းစတာတွေကို သင်ကြားပေးတဲ့ သင်တန်း ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါသင်တန်းကို KIA တပ်မဟာ(၃)ဌာနချုပ်နဲ့ လက်အောက်ခံ ကျန်းမာရေးဆေးပေးခန်းတွေမှာ တာဝန် ထမ်းဆောင်လျက်ရှိတဲ့ သူနာပြုဆရာမ အယောက်(၄၀)ခန့်အား ခေါ်ယူစုစည်းပြီး ပြည်ပမှ သင်တန်းနည်းပြ သူနာပြုဆရာမများလာရောက် သင်ကြားပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် လက်တွေ့သင်ကြားပို့ချမှုအနေခြင့် စက်တင်ဘာလ(၁၁)ရက်နေ့မှစ၍ ရှေ့တန်းတိုက်ပွဲတွေမှာ ထိခိုက် ဒဏ်ရာရလာတဲ့ KIA တပ်ဖွဲ့ဝင်တွေကို အရေးပေါ် ခွဲစိတ်ကုသခြင်းနဲ့ လျင်မြန်စွာကုသပေးခြင်း ကို လက်တွေ့ လုပ်ဆောင်ခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့မှစကာ ဗမာစစ်တပ်နဲ့ KIA ကချင်အဖွဲ့တို့ တိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်းပိုင်းမှာ ကချင်ပြည်နယ်နေရာဒေသအနှံအပြားတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ ပါတယ်။ ယခုလို ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ KIA တပ်ဖွဲ့ဝင်တွေအနေနဲ့ သင်တန်းဆင်းပြီး တိုက်ပွဲအတွေ့ အကြုံ မရှိသေးသူများ (သေနတ်ပစ်တတ်ရုံလောက်သာသာ)ပါဝင် တိုက်ခိုက်နေခြင်းကြောင့် သေဆုံး ၊ ထိ ခိုက်ဒဏ်ရာရသူ အများအပြား ဖြစ်ပေါ်ခဲ့ပါတယ်။ 

ဒဏ်ရာရတဲ့ KIA တပ်ဖွဲ့ဝင်တွေကို လိုင်ဇာဌာနချုပ်နဲ့ တပ်မဟာတွေရဲ့ ဌာနချုပ် စခန်းတွေမှာ ကုသပေးခဲ့ ပေမယ့် သူနာပြုဆရာမအင်အား မလုံလောက်ခြင်းနဲ့ ခေတ်မီနည်းပညာမရှိခြင်းတို့ကြောင့် မသေသင့်ဘဲ သေဆုံး ခဲ့ရတာတွေကို KIO ခေါင်းဆောင်ကြီးများမှ သိမြင်လာခဲ့ပြီး ယခုလိုသင်တန်းဖွင့်ခဲ့ တာဘဲဖြစ်ပါတယ်။ 

“ဒဏ်ရာရတဲ့လူနာတွေတော်တော်များများကို ရောက်လာကြတယ်၊ မကြာသေးခင်က သင်တန်းဆင်းပေး လိုက်တဲ့ လူသစ်ကလေးတွေ ပါလာတာများတယ်၊ တိုက်ပွဲအတွေ့အကြုံလည်းမရှိဘူးလေ၊ ၀မ်ပေါင် သမ္မတ နိုင်ငံ ထူထောင် ဖို့အတွက် ခံယူချက်လည်း သူတို့မှာမရှိဘူး၊ အသက်ကလည်းငယ်တော့ သေနတ် သံ ကြားရင်ကို ကြောက်နေကြတာ၊ အဲ့ဒီတော့ ဒဏ်ရာ ရတာဘဲဖြစ်ဖြစ် သေတာဘဲဖြစ်ဖြစ် သူတို့တွေ ဘဲ ဖြစ်တာ များတယ်။

 လူနာက များလာ လေလေ သူနာပြုဆရာမအင်းအားက နည်းတာနဲ့ ဒုက္ခတော့ ရောက်တယ်၊ KIO လူကြီးတွေကိုတော့ သူနာပြု အင်အား ထပ်မံတိုးချဲ့ပေးဖို့ ပြောထားတယ်၊ သူတို့ကလည်း ရွာတွေမှာ လူသစ်စုတဲ့အခါ အမျိုးသမီး တွေပါ ခေါ်လာပေးမယ်လို့ ပြောတယ်၊ အဲလိုမျိုးလုပ်ပေးမှဘဲ နိုင်နိုင် နင်းနင်း ကုသပေးနိုင်မှာလို့ ” သူနာပြု ဆရာမတစ်ဦးမှ KDN သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
 



No comments:

Post a Comment

My Blog List