Thursday, September 13, 2012

နိုင်ငံပိုင်လယ်မြေကျူးကျော်မှုဖြင့် ရွာသား ၁၂၅ဦး ကို နေပြည်တော် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှဆင့်ခေါ်

နေပြည်တော်၊စက်တင်ဘာ၊၁၃
နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်မှ နိုင်ငံတော်ပိုင်လယ်၊ယာမြေများကို ကျူးကျော်နေထိုင် မှုဖြင့် ရွာသား၆၃ဦးအပါအ၀င် အသက်၁၈နှစ်ပြည့်ပြီးသူမိသားစုဝင်များကိုအမှုရင်ဆိုင်ရန်  ယနေ့ နံနက် ၁၀း၃၀ အချိန်တွင် ဇမ္ဗူသီရိမြိုနယ်တရားရုံးမှ ဆင့်ခေါ်ထားကြောင်းသတင်းရရှိသည်။
ဆင့်ခေါ်စာပေးပို့ခံရသူ ရွာသားမှာ၆၃ဦးရှိပြီး ထိုဆင့်ခေါ်ခံရသောရွာသားများနှင့် အတူနေထိုင်ပြီးအသက်၁၈
နှစ်ပြည့်ပြီသူအပါအ၀င် တရားစွဲဆိုခံရသောဦးေ၇မှာ ၁၂၅ ဦးရှိကြောင်းသတင်းရရှိသည်။ “ကျွန်တော်တို့ တရားစွဲခံရသူတစ်ဦးကို အာမခံဖို့ဆိုပြီး လူနှစ်ဦးလိုက်ရတယ်။ဒီတော့ တရားစွဲခံရတာက ၁၂၅ ဦး အာမခံလိုက်ပေးရတာက ၂၅၀ ဦး စုစုပေါင်း ၃၇၅ဦး လာရမှာဗျ။လောလောဆယ်တော့ တက်နိုင်သူတွေက ဘတ်စ်ကားနဲ့သွားတာရှိသလိုဘတ်စ်ကားခမတက်နိုင်လို့ ၁၅မိုင်လောက်ခရီး ခြေလျှင်လျှောက်နေကြ သူတွေလဲရှိတယ်။ဆန္ဒပြတာတော့မဟုတ်ပါဘူး။သူတို့ဆင့်ခေါ်လို့ လာကြတာပါ။" ဟုရွှေခဲအင်းကျေး
ရွာအုပ်စုနေသူတစ်ဦးကပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ဒက္ခိဏသီရိမြို့နယ်မှ ဇမ္ဗူသီရိမြို့နယ်တရားရုံးသို့ တစ်ဦးအသွားအပြန်ကားခမှာ တစ်ထောင် နီးနီးရှိ ၍ မိသားစုဝင်သုံးဦးလာလျှင် ကားခ သုံးထောင်ကျပ်၊အာမခံ ပေးသူနှစ်ဦးစီအတွက်လမ်းစရိတ်ပါပေါင်းလျှင် လမ်းစရိတ် ခြောက်ထောင်ကျပ်ကုန်ကျမည်ဟု၎င်းကဆက်ပြောသည်။

တရားရုံးသို့ဆင့်ခေါ်ခံရသော အဆိုပါ ရွာသားများအား ယခုနှစ်၊ဇွန်လအတွင်းက တရားစွဲဖူးကာ ထိုအမှု
ကိုပင် သြဂုတ်လအတွင်း ပလပ် အမှုအဖြစ်သတ်မှတ်ခဲ့သည်။
 
popular

No comments:

Post a Comment

My Blog List