Saturday, September 15, 2012

ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကြောင့် တိုင်းရင်းသားကျေးရွာတရွာ မပြိုပျက်စေလို (ပေးစာ)


ကျွန်တော်တို့ လောင်းဒုံ တိုင်းရင်းသားကျေးရွာသည် မူဆလင်ကျေးရွာများကြားထဲတွင် တည်ရှိသဖြင့် မူဆလင် များ တနေ့နေ့ တချိန်ချိန်တွင် သူတို့၏ ၀င်ရောက်ဖျက်ဆီးမှုကြောင့် ကျေးရွာပြိုပျက်ရမည့်
အခြေအနေကို ကျေး ရွာသားများ အထူး စိုးရိမ်ပူပန်နေကြပါသည်။
ကျွန်တော်တို့ လောင်းဒုံကျေးရွာတွင် ဗမာ၊ ရခိုင်၊ မြို၊ မရာမာလူမျိုးများ နေထိုင်ကြပြီး အိမ်ခြေ စုစုပေါင်း ၆၅ ဆောင်ရှိရာ ယခုအခါ လူနေအိမ် ၄၀ ခန့်သာ ကျန်ရှိနေပြီဖြစ်ပါသည်။
လောင်းဒုံ ကျေးရွာ အနီး အနားရှိ မူဆလင် ကျေးရွာများမှာ စေတီပြင်ကျေးရွာ၊ ဆင်ဖြူပြင်ကျေးရွာ၊ ဖေါကီတောင်၊ ကြိုက်ချောင်း၊ မျှာဇောင်၊ ကျွန်းဂေါင်း၊ ဒိုးတန်းကျေးရွာနှင့် သပြေကုန်းကျေးရွာများ ဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်၏ လုပ်ရပ် အကျဉ်းကို ကျွန်တော် တင်ပြအပ်ပါသည်။
ကျွန်တော်တို့ လောင်းဒုံကျေးရွာကို ၂၀၁၂ ခု ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သော အရေးအခင်းတွင် အနီးအ နားရှိ မူဆလင်ရွာ ၈ ရွာမှ  မူဆလင် ၂၀၀၀ ကျော် လာရောက်ဝိုင်းရံထားပါသည်။
ကျေးရွာသား ခေါင်းဆောင် များက စုဝေးကာကွယ် နေစဉ် နစက နယ်မြေမှူးကို ဖုန်းဖြင့် ဆက်သွယ်အကူအညီတောင်းသဖြင့် နစက တပ် သားများ လာရောက် သေနတ် ပစ်ဖေါက် လူစု ခွဲလိုက်သဖြင့် မီးလောင်တိုက်သွင်း မည့်အန္တရာယ်မှ လွတ် မြောက်ခဲ့ရသည်။ နောက် တနေ့တွင် တိုင်းမှူးကိုယ်တိုင် ရောက်ရှိလာပြီး မူဆလင်ခေါင်း ဆောင်များကို ဖမ်းဆီး  ရန် အမိန့်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးက မူဆလင်ခေါင်းဆောင်များထံမှ ငွေယူပြီး အရေးအခင်းတွင် မပါဝင်သူများကိုသာ ဖမ်းဆီးပေးလိုက်သည်။
ယခုအခါ အဓိက ခေါင်းဆောင်လုပ်သူများ လွတ်မြောက်နေရာ ညအချိန်တွင် လူစုလူဝေးများပြုလုပ်ကာ ကျေး ရွာအနီးအနားကို လာရောက်ပြီး ခြိမ်းခြောက်နေသဖြင့် ကျေးရွာသားများမှာ အထူး စိုးရိမ်နေကာ ပြောင်းရွေ့သွား သူများ ရှိနေပြီဖြစ်သည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်ကိုယ်တိုင်လည်း အကြမ်းဖက်မှုတွင် ခေါင်းဆောင်ခဲ့သူ မူဆလင်များ နှင့် မူဆလင်ကျေးရွာများမှ လဘ်ငွေ သိန်း ၁၅၀ ကျော်ကိုယူပြီး စစ်တွေမြို့ကို ပြောင်းရွေ့ရန် စီစဉ်နေပြီဖြစ် သည်။
လောင်းဒုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းညွန့်၏ လုပ်ရပ်များသည် မိမိတို့ ကျေးရွာ၊ ဘာသာ၊ မိမိလူမျိုး ရေရှည် တည်တန့်ရေးကို မရှေ့ရှု့ဘဲ မိမိကိုယ်ကျိုးအတွက် လဘ်ငွေယူပြီး မူဆလင် အကြမ်းဖက်လူအုပ်စုကို အားပေးအားမြှောက် ကာကွယ်ပေးခြင်းသည် တိုင်ရင်းသား ကျေးရွာများကို ပြိုပျက်အောင် ကြံဆောင်နေခြင်း ဖြစ်သဖြင့် ထိရောက်စွာအရေးယူပြီး ကျေးရွာတည်တန့်ရေးအတွက် ၀ိုင်းဝန်း ကူညီ ကြပါရန် ကျွန်တော်တို့ ကျေးရွာသားများက လိုလား တောင့်တနေကြပါသည်။
ယခုကဲ့သို့ မိမိကိုယ်ကျိုးတခုတည်းကို ကြည့်ပြီး ကျေးရွာ ပြိုပျက်အောင် လုပ်ဆောင်နေသော ကျေးရွာအုပ် ချုပ်ရေးမှူးကို သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာ အရေးယူပြီး ကျေးရွာဆက်လက် ရပ်တည် ရေးကို စီစဉ်ဆောင်ရွက်ပေးကြပါရန် အယ်ဒီတာမှ တဆင့် အထက်လူကြီးများ သိရှိစေရန် တင်ပြအပ်ပါသည်။
ကျေးရွာ ပြိုပျက်မည်ကို စိုးရိမ်သော
ကျေးရွာသားတစ်ဦး

No comments:

Post a Comment

My Blog List