Friday, September 14, 2012

စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ မြေတန်ဖိုး ၂၅ ရာခိုင်နှုန်းလျော့ချပေးကာ ကျပ်သန်း ၁၄၀၀၀ ကျော်ဖြင့် အပြီးအပြတ် ရောင်းချခဲ့

Friday, September 14, 2012

စက်မှုဝန်ကြီးဌာနပိုင် အလှကုန်ပစ္စည်းစက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ၎င်းစက်ရုံ ၏ မြေတန်ဖိုး ၂၅ ရာခိုင်နှုန်း လျော့ချပေးကာ ကျပ်သန်း ၁၄၅၂၀ ဒသမ ၅၆၀ ဖြင့် နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မ ရှင်က အပြီးအပြတ် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးနှင့် စားသောက်ကုန်လုပ်ငန်းပိုင် မြေ ၄၂ ဒသမ ၆၄၆ ဧကရှိ အလှကုန် ပစ္စည်း စက်ရုံ(သုဝဏ္ဏ)အား မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်သို့ ယခင်က ကျပ် ၁၈၇၈၅ ဒသမ ၁၆၀ သန်းဖြင့် ၀ယ်ယူခွင့်ပြုခဲ့သော်လည်း ၎င်းစက်ရုံ၏ မြေတန်ဖိုးအား ၂၅ ရာခိုင်နှုန်း လျော့ချပေး ရန် နိုင်ငံပိုင် ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြေတန်ဖိုးအား ၂၅ ရာ ခိုင်နှုန်း လျော့ချပေးခဲ့သဖြင့် မြန်မာ့စီးပွားရေးဦးပိုင် လီမိတက် က မြေ ၄၂ ဒသမ ၆၄၆ ဧကရှိ အလှကုန်ပစ္စည်း စက်ရုံ(သုဝဏ္ဏ)အား တန်ဖိုးငွေကျပ် ၁၄၅၂၀ ဒသမ ၅၆၀ သန်းဖြင့် အပြီးအပြတ် ၀ယ်ယူခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ နိုင်ငံပိုင်အချိုးအစား ကို လျော့ချ၍ ပုဂ္ဂလိကပိုင် အချိုးအစားသို့ ပြောင်းလဲတိုးတက်လုပ်ဆောင်နိုင်ရန်နှင့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေး လုပ်ငန်းစဉ်များအား စနစ်တကျ အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ယခင်ဖွဲ့စည်းထားသည့်
နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ကို ဒုတိယ သမ္မတက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပါဝင် သည့် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်းလည်း သိရသည်။

ပြင်ဆင်ဖွဲ့စည်းခဲ့သည့် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်သည် နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပြီးနောက် နိုင်ငံတော်အတွက် အကျိုး ရှိ မရှိ စိစစ်၍ အကျိုးကျေးဇူးများနှင့် အားနည်းချက်များကို အထက်အဖွဲ့ အစည်းများသို့ သုံးသပ်တင် ပြပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေး ရန်နှင့် ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်း မပြုသည့် နိုင်ငံတော်အစိုးရက မဖြစ်မနေ ဆက်လက်ဆောင်ရွက်ရမည့် စက်ရုံ၊အလုပ်ရုံနှင့် လုပ်ငန်းများအား စီးပွားရေးအရတွက် ခြေကိုက်မှု ရှိ/မရှိ စိစစ်သုံးသပ်မှု များ ဆောင်ရွက် သွား မည်ဖြစ်ကြောင်း သိရှိရသည်။ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပါ ပြဋ္ဌာန်း ချက်များ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးအခြေခံမူများ၊ တည်ဆဲ ဥပဒေများနှင့် ကိုက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး စွမ်းဆောင်ရည် ကျဆင်းလျက်ရှိသည့် နိုင်ငံပိုင်စက်ရုံ၊ အလုပ်ရုံနှင့်လုပ်ငန်းများအား စွမ်းဆောင်ရည်တိုးတက်စေရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေး နည်းလမ်း များအား အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ရေးနှင့်သက်ဆိုင်သည့် ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး ဆိုင်ရာ ကိစ္စများကို ပုဂ္ဂလိက ပိုင် ပြုလုပ်ရေးကော်မရှင်ကသတ်မှတ်ပေး ရမည်ဖြစ်ပြီး ပုဂ္ဂလိကပိုင်ပြုလုပ်ရာတွင် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်း များအား ၀ယ်ယူသူမှ အခြားလုပ် ငန်းသို့ ပြောင်းလဲလုပ်ကိုင်ခွင့်မရှိဘဲ အခြားလုပ်ငန်း သို့ ပြောင်းလဲလုပ်ကိုင်လိုပါက ဆောင်ရွက်လိုသည့်လုပ်ငန်းအား စိစစ်သုံးသပ် သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
 
 
popular

No comments:

Post a Comment

My Blog List