
တညင်းကုန်းအုတ်စက်ရုံ နဲ့ မြေနေရာငှားရမ်းဖို့ စက်မှုဝန်ကြီးဌာန၊ Mother Industrial ကုမ္ပဏီတို့ စာချုပ်ချုပ်ခဲ့တာကြောင့် လယ်သမားတွေ ကန့်ကွက်နေပါပြီ။

၂၃၇ ဧကကျော် ရှိတဲ့ တညင်းကုန်းအုတ်စက်ရုံကို မြေတဧကကို တလငှားရမ်းခ ကျပ် ၇၄,၀၀၀ ကျော်နဲ့ ငှားလိုက်ပြီ၊ စက်မှုဝန်ကြီးဌာနက တင်ဒါမခေါ်ဘဲ Mother Industrial ကုမ္ပဏီလီမိတက်ကို လုပ်ကိုင်ခွင့်ပေးလိုက်တယ် လို့ အပါတ်စဉ်ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြခဲ့ပါသေးတယ်။
အဲဒီ ၂၃၇ ဧကထဲမှာ ကွင်းအမှတ် ( ၄၀၄-အေ) က လယ်ဧက ၅၀ ကျော်ဟာ လယ်သမား ၅ ဦး ပိုင်ဆိုင်တဲ့ လယ်မြေတွေ ဖြစ်တယ်၊ ဒီ ဧက ၅၀ ကျော်ကို စက်မှုဝန်ကြီး ဗိုလ်မှူးကြီး ဦးအောင်သောင်း လက်ထက်က အုတ်စက်လုပ်ငန်းအတွက် ဆိုပြီး နှုတ်မိန့်နဲ့ သိမ်းလိုက်တာပါတဲ့။အုတ်စက်အတွက် လယ်တ၀က်ကို တူးဖော်ပြီးမြေယူ၊ ကျန်တဲ့ တ၀က်ကိုတော့ အုတ်စက်လုပ်ငန်း သက်သာချောင်ချိရေးအတွက် တဧကကို ၁၀ တင်းနှုန်းနဲ့ လယ်သမားတွေကို ပြန်လုပ်ခိုင်းပါတယ်။
တူးဖော်လာတဲ့ လယ်တွေ ကုန်သလောက် ဖြစ်လာတဲ့အခါ လုပ်ခွင့်ပေးထားတဲ့ လယ်တွေကိုပါ ဆက်ပြီး တူးဖော်ပြန်ပါတယ်။နောက်ဆုံးတော့ လယ် ၁ ဧက လောက်ပဲ ကျန်ပြီး ၅၅ ဧကဟာ ကန်မြေချိုင့်တွေ ဖြစ်သွားတာပါ။အဲဒီ ၁ ဧက အတွက်လည်း ၁၀ တင်းနှုန်း ပေးရတာပါလို့ လယ်သမားတွေက ပြောပြပါတယ်။

မြေမတူးရသေးတဲ့ လယ်မြေနဲ့ တူးဖော်ပြီးသား ကန်မြေချိုင့်ဝှမ်း ၅၅ ဧကကို Mother Trading Co, Ltd ကို လွဲပြောင်းလိုက်ပြီဖြစ်လို့ ဒီနေရာကနေ ပြောင်းရွှေ့ပေးဖို့ သြဂုတ်လ ၂၉ ရက်နေ့က စက်ရုံမှူး ဗိုလ်ကြီး ဇော်ဝင်းက လယ်သမား ၅ ဦးကို ခေါ်အသိပေးခဲ့ပါတယ်။
တကယ်တော့
လယ်မြေ ၁ ဧကကို ၇၄,၀၀၀ နဲ့ ဌားရမ်းတာဟာ နိုင်ငံတော်ရဲ့ ဘတ်ဂျက်နဲ့
ဆိုရင်လည်း မဆိုစလောက်သာရှိပြီး ဘာမှ မဖြစ်လောက်တဲ့ ငွေကြေးလေးပါ။
စဉ်းစားကြည့်ရင်တော့ ကြိုတင်မြေဦးထားတဲ့ သဘောလို့ မြင်ကြောင်းအမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့မှ ဥက္ကဌဦးကိုကိုနိုင်က မှတ်ချက်ပြုပါတယ်။၁၉၉၅
ဝန်းကျင်က နှုတ်မိန့် တခွန်းတည်းနဲ့ သိမ်းသွားတာဖြစ်ပြီး လယ်သမား ၅
ဦးပိုင်တဲ့ ဧက ၅၀ ကျော် အတွက် နစ်နာကြေးလည်း မရကြောင်း သိရပါတယ်။အုတ်စက်ရုံ လွဲပြောင်းပေးတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လယ်သမား ၅ ဦးက ဒီနေ့ တညင်းကုန်းအုတ်စက်ရုံကို သွားရောက် ကန့်ကွက်ကြမှာပါ။
လယ်သမားတွေနဲ့အတူ ရွှေပြည်သာ NLD မှ ရဲရဲတောက် ဦးသိန်းအောင်နဲ့အမှန်တရား ပြန်လည်ေ ဖ်ာဆောင်ရေး လူငယ်များအဖွဲ့မှ ဥက္ကဌ ဦးကိုကိုနိုင်တို့လည်း လိုက်ပါသွားမယ်လို့ ဆိုပါတယ်။
No comments:
Post a Comment