.
Monday, September 10, 2012
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၄၁လမ်းနှင့် ၄၂ လမ်းကြားနှင့် ၇၈ လမ်း နှင့် ၇၉
လမ်းကြားရှိ မင်္ဂလာတူးမြောင်း အတွင်း စွန့်ပစ်
ထား ခဲ့သည့် ကလေးငယ် တစ်ဦးကို ယခုလ
၎ ရက်နေ့က တွေ့ရှိခဲ့ ကြောင်း သိရသည်။
စွန့်ပစ်ထားသော ကလေးငယ်မှာ ယောက်ျားလေးဖြစ်ပြီး လေးပေါင် ရှိကြောင်း သိရသည်။
"ကလေးကို တူးမြောင်းထဲမှာ အရင် တွေ့တာ။ တူးမြောင်းဆိုပေမယ့် ရေက
ခြောက်လက်မလောက်ရှိတယ်။ အဲဒီက မှ ချောင်းကြီးထဲကို စီးဝင်တာ။
နည်းနည်းပဲလိုတော့တယ်။
ပြာနေပြီ။ ကလေးကိုဆယ်ပြီး မြို့နယ် ဒေသန္တရ ဆေးခန်းကိုသွားတော့ နေ့လယ်ပိုင်း
ရောက်နေပြီ။
ကလေးငယ်အား ကယ်ဆယ်ပြီးနောက်
တွေ့ရစဉ်။
ဓာတ်ပုံ - စည်သူလွင်
ဓာတ်ပုံ - စည်သူလွင်
ဆရာဝန်က တစ်ယောက် မှ မရှိဘူး။ ဒါနဲ့ ဆေးရုံကြီးမွေးကင်းစ ဆောင်ကိုသွားပြီး အောက်ဆီဂျင်
ပေးတော့မှ ကလေးက အသံတွေထွက် လာတယ်"
ဟု ကလေးငယ်အား ဆေးရုံ သို့ လိုက်ပါပို့ဆောင်ပေးခဲ့သော ဦးအောင်အောင်နိုင် (ခ)
ဘကြီးအောင် က မြန်မာတိုင်း(မ်)ကို ပြောသည်။
အဆိုပါကလေးငယ် ဆေးကုသရန်အတွက် နီးစပ်ရာမှ အလှူငွေများ ထည့်
ဝင်ပေးခဲ့ကြသည်။
Myanmar Time

No comments:
Post a Comment