Monday, September 10, 2012

စစ်တွေ လူမှုအဖွဲ့အစည်း ကိုယ်စားလှယ် က အမေရိကန် ဒု ၀န်ကြီးအားဘာတွေပြောလိုက်ပြီးလဲ

Monday, September 10, 2012

အမေရိကန်နိုင်ငံခြားရေးဌာန ဒုလက်ထောက်ဝန်ကြီး (Joseph Y. Yun) နှင့် မြန်မာနိုင်ငံ
ဆိုင်ရာ အမေရိကန်သံအမတ်ကြီး ဒက်ရက်ခ် မစ်ချယ် (Derek J. Mitchell) ဦးဆောင်သော
အဖွဲ့က စစ်တွေအခြေစိုက် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့်ယနေ့ မွန်းလွဲ တစ်နာရီတွင် နေ့လယ်စာစားယင်း တွေ့ဆုံရာ၌ ဘင်္ဂါလီ ခိုးဝင်သူများသည် ဘင်္ဂလာဒေ့ရှ်
 ၏ တာဝန်သာဖြစ်သည် ဟု စစ်တွေ ဒေသခံများကိုယ်စား တက်ရောက်သူများက ပြောကြား
ခဲ့သည့်အပြင် Human Rights Watch အဖွဲ့၏ လွန်ခဲ့သည့် တစ်လခန့်က ထုတ်ပြန်ခဲ့သော ဘင်္ဂါလီဆူပူမှု အရေးအခင်းဆိုင်ရာ အစီရင်ခံစာ တွင် ၁၉၄၂-ခုနှစ်က ဘင်္ဂါလီများက ရခိုင်လူမျိုး တစ်သိန်းခန့်ကို သတ်ဖြတ်ခဲ့သော အရေးအခင်းကို ချန်လှပ်ခဲ့ခြင်းကို ဝေဖန်ထောက်ပြခဲ့သည်ဟု စစ်တွေအခြေစိုက် ၀ံလက် ဖောင်ဒေးရှင်း၏ ဒါရိုက်တာတစ်ဦး ဖြစ်သူ ဦးကျော်ဇောဦးက ပြောကြားခဲ့သည်ဟု Coral Arakan အားပြောကြားခဲ့သည်။


“ကျွန်တော် ဒု လက်ထောက်ဝန်ကြီးကို ပြောတဲ့အထဲမှာ တစ်အချက်။ ဘင်္ဂါလီရှစ်သိန်းကျော် ရခိုင်မြေပေါ်မှာ
 ရောက်နေတဲ့ အတွက် လူ့အခွင့်အရေးတို့
တိုင်းရင်းသားအရေးတို့ကို မပြောနဲ့ထားဦး၊
 အဲဒီ လူပေါင်း ဘင်္ဂါလီပေါင်း ရှစ်သိန်းကျော် လူသားစင်စစ်ရောက်ရှိနေကြတဲ့အတွက်
ဒီရခိုင့်မြေပေါ်ကအခြေအနေကို ပိုပြီး ကောင်းမွန် စေဖို့ရာ ပြဿနာတွေပြေလည်အောင်
လုပ်ဖို့ရာ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်တယ် (it is up to you) လို့ သူက ဆိုတယ်။ ဒါကို
ကျွန်တော်က ငြင်းတယ်။

ဒီကိစ္စကို ဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမှာဖြစ်တယ် (it is up to Bengladesh.) လို့ ကျွန်တော်
 ပြောခဲ့တယ်။

“နှစ်အချက်။ ပြီးခဲ့တဲ့တစ်လလောက်က  Human Rights Watch အဖွဲ့ကထုတ်ပြန်တဲ့ ဘင်္ဂါလီဆူပူမှု အရေးအခင်း ဆိုင်ရာ အစီရင်ခံစာမှာ နောက်ခံသမိုင်းကြောင်းအကျဉ်းကိုဖေါ်ပြရာမှာ  ၁၉၄၂-ခုနှစ်မှာ အိန္ဒိယကို စစ်ဆုတ်သွားတဲ့ ဗြိတိသျှတပ်တွေက ဘင်္ဂါလီကို လက်နက်တပ်ဆင်ပေးပြီး Bengali V force
 ဆိုပြီး ထားခဲ့တယ်။

 အဲသည် လက်နက်ကိုင် ဘင်္ဂါလီတွေက ရခိုင်လူမျိုး တစ်သိန်းခန့်လောက်ကို သတ်ဖြတ်ခဲ့တဲ့
 မျိုးတုံး သတ်ဖြတ်မှုကို ချန်လှပ်ထားခဲ့တာဟာ အဲသည် အစီရင်ခံစာအနေနဲ့ လုံးဝဘက်လိုက် ရေးသားထားတာ ဖြစ်ကြောင်း ကျွန်တော်က ဒု လက်ထောက်ဝန်ကြီးကို
 ထောက်ပြခဲ့တယ်။

တတိယအချက်။ ဒီအချက်က UNHCR ဌာနေကိုယ်စားလှယ် ဟန်စ်တန်ဖဲလ် နဲ့ အဖွဲ့
ဝင်တွေကို ကျွန်တော် ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်က UNHCR ဟာ ရခိုင်ဒေသမှာ ဘက်လိုက်ဆောင်ရွက်မှုရှိခဲ့တယ် ဆိုတာ အမှန်ပဲလို့ ပြောရမှာ ဖြစ်တယ် ပြောခဲ့တယ်။

ဥပမာ သူတို့ချပေးတဲ့ ပရောဂျက်တစ်ချို့မှာ အိမ်ခြေငါးဆယ် အောက် ရွာတွေကို ထောက်ပံ့မှုမပေးဘူး ဆိုတာတွေရှိခဲ့တယ်။ မူဆလင်ရွာကြီးတွေက အိမ်ခြေရာချီ ထောင်ချီနေပြီး တိုင်းရင်းသားရွာတွေက
အိမ်ခြေ ငါးဆယ်အောက်ရောက်နေတဲ့အခါ တိုင်းရင်းသားတွေက ဘာထောက်ပံ့မှုမှမရတာတွေရှိခဲ့တယ်။ ဒါတွေကို ကျွန်တော်ပြောခဲ့တယ်။

Coral Arakan News Agency

No comments:

Post a Comment

My Blog List