Tuesday, September 04, 2012

ပြည်ပနိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည့် ပြည်သစ်ညွှန့်ဝေမြန်မာနိုင်ငံသို့ရောက်ရှိလာ

စစ်အုပ်ချုပ်ရေးလက်ထက် ပြည်ပနိုင်ငံသို့ထွက်ခွာခဲ့ပြီး ပြည်ပနိုင်ငံတွင် အခြေစိုက်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ပြုလုပ်လျှက်ရှိသည့် ပြည်သစ်ညွှန့်ဝေသည် ယနေ့ နံနက် ၈နာရီ ၅၀ မိနစ်က မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။
နိုင်ငံတော် သမ္မတကြီးဖိတ်ခေါ်မှုအရ လာရောက်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများလုပ်ဆောင်သွားရန်ရှိကြောင်း၎င်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ်ပြောကြားသည်။
ယခင် စစ်အစိုးရလက်ထက်၌ မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်အချို့နှင့်ပတ်သက်ပြီး ၄င်းအား တရားခံအဖြစ် ယခင်စစ်အစိုးရလက်ထက်တာဝန်ရှိသူများက စွပ်စွဲထားခဲ့သလို အဝေးရောက်ပြစ်ဒဏ်များလည်းချမှတ်ထားခဲ့သည်။ အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ရောက်ရှိစဉ် ကာလအတွင်း ဖြေရှင်းသွားမည်မဟုတ်ကြောင်း ၄င်းက ပေါ်ပြူလာနယူးစ်၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။
၎င်းသည် မြန်မာနိုင်ငံတွင် ၂၈ ရက် ကြာနေထိုင်ခွင့်ရရှိထားပြီး နိုင်ငံတော်သမ္မတကြီးအပါအ၀င် သက်ဆိုင်ရာတာဝန်ရှိသူများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများနှင့်တွေ့ဆုံသွားမည်ဟု သိရသည်။

No comments:

Post a Comment

My Blog List