မောင်ရမ္မာ
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၏
ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ်
ကျောက်တော်မြို့တွင် ယနေ့ တွင် စတင်
ဖွင့်လှစ်လိုက်သည်။ဆက်ဆံရေးရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတိတိ အချိန်တွင် ရခိုင်
အောင်စည်တော် ၁၈ လုံးတီးခတ်ပြီး ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။
ရုံးဖွင့်ပွဲ၏ အဓိက ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး ဦးဆောင်ဖွင့်လှစ်ပေးသူ ALP
ဗဟို အလုပ်အမူဆောင် ကော်မီတီဝင် ဒေါ်စောမြရာဇာလင်းက နိရဉ္စရာ သို့
ယခုလို ပြောသည်။
“ ဒီရုံး ဖွင့်လှစ်ပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော် အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်
ဆံရေးတွေကို တိုးချဲ့ ဆောင်ရွက် သွားမယ်။
ပြီးတော့ ရခိုင်ပြည် တိုးတက်ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ ရခိုင်လူမျိုး တခုလုံး အတွက်
အကျိုးရှိမည့် လုပ်ငန်းတွေ ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”
ဟု ပြောသည်။ရုံးဖွင့်ပွဲ အခမ်းအနားကို ALP ပါတီမှ ဒေါ်စောမြရာဇာလင်း၊ အရံဗဟိုကော်မီတီဝင်
ခိုင်အောင်စိုးသန်း၊ မြန်မာ အစိုးရဖက်မှ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊
ဦးလှသိန်းနှင့် ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ
ခေါင်းဆောင်များ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ
တက်ရောက်ခဲ့သည်ဟု
သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ၏ ဆက်ဆံရေးရုံးများကို ရခိုင်ပြည်အတွင်းရှိ တခြားမြို့
များဖြစ်သည့် စစ်တွေ၊ မောင်တော၊ ပလက်ဝနှင့် ရန်ကုန်၊ မြ၀တီစသည့် မြို့များတွင်လည်း
ဖွင့်လှစ်သွားနိုင်ရ ကြိုးစားနေသည်ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
တခြားမြို့နယ်များတွင် ဆက်ဆံရေးရုံးများ ဖွင့်ပြီးသည့်နောက်ပိုင်းတွင် ALP
အနေဖြင့် အစိုးရအပြင် ပြည်သူလူ
ထုများနှင့်ညှိနိုင်းလုပ်ဆောင်သွားမည်ဟုလည်း
ဒေါ်စောမြရာဇာလင်းက ပြောသည်။
“ တိုင်းပြည်မှာ မငြိမ်သက်လို့ ရှိရင် ကျွန်မတို့ လုပ်နေရတဲ့ လုပ်ငန်းတွေဟာ
နှောင့်နှေး ကြန့်ကြာမှုတွေ အများကြီး ဖြစ်သွားနိုင်ပါတယ်။
အဲဒီအတွက်ကြောင့် ကျွန်မတို့ဟာ တိုင်းပြည်မှာ လုပ်ငန်းကိုင်ငန်းတွေ
နှောင့်နှေးကြန့်ကြာမှု မရှိရလေအောင် ကျွန်မတို့က တိုင်းပြည် အေးချမ်း
သာယာရေးကို အဓိက ပြည်သူလူထုတွေနဲ့ ညှိနှိင်းပြီး လိုအပ်တာဟူသမျှကို
နိုင်ငံတော် အစိုးရနဲ့ ပူပေါင်းလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ကျောက်တော်မြို့တွင် ဆက်ဆံရေးရုံးဖွင့်ရန်
သဘောတူ ညီထားသော် လည်း ပြည်တွင်း မငြိမ်သက်မှုများကြောင့် အစိုးရဖက်မှ
ရုံးဖွင့်ရန် ဆိုင်းငံ့ထားရာမှ ယခုအခါမှ စတင်ဖွင့်လှစ်နိုင် ခြင်း ဖြစ်သည်။
ဆက်ဆံရေးရုံး ဖွင့်လှစ်ပွဲသို့ လူပေါင်း ၁၀၀၀ နီးပါး တက်ရောက်ခဲ့သည်ဟု
သိရသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီနှင့် ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA ကို
၁၉၇၃ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာ-ဘင်္ဂလာဒေ့ခ်ျနယ်စပ်၊
မြန်မာ-အိန္ဒိယနယ်စပ်နှင့် မြန်မာ-ထိုင်း နယ်စပ်များ တွင် အခြေစိုက် လူပ်ရှား
လျှက်ရှိသည်။
Subscribe to:
Post Comments (Atom)
My Blog List
-
-
သထုံ-ဘားအံလမ်းပေါ် တံတား ၁ စင်း ဖောက်ခွဲခံရ၊ ကျောက်တံခါးမြို့နယ်၌ တိုက်ပွဲဖြစ် - ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ် နောင်ကျန်ကျေးရွာအုပ်စုအပိုင် သထုံ-ဘားအံ ကားလမ်းမပေါ်ရှိ တံတားတစင်း ဇူလိုင် ၁၀ ရက် မနက် ၁ နာရီလောက်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပ...3 years ago
-
စမ်းချောင်း ကျွန်းတောမြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသစ်ကို အဝေးထိန်းဗုံးနဲ့ တိုက်ခိုက် - မဲခေါင်၊ နိုဝင်ဘာ ၈ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းနဲ့ အောင်သပြေလမ်းထောင့်မှာရှိတဲ့ ကျွန်းတော/မြောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အသစ်ကို အ...3 years ago
-
-
နိုင်ငံတကာကို Czech ခရီးစဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဝေဖန် - [image: Briefing after the meeting of Babis with Myanmar leader Suu Kyi ( Photo Credit- CT24)] မြန်မာနိုင်ငံက ရခိုင်ပြည်နယ်နဲ့ အခြားတိုင်းရင်းသားပဋိပက္ခတွေ...7 years ago
-
ဘူးသီးတောင်မြို့နယ် နွားရုံတောင်နယ်ခြားစောင့်စခန်း အဆောင်တစ်ချို့မီးလောင်၊ ရဲတပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာဟုဆို - နိရဉ္စရာ၊ ဧပြီလ ၁၂/ ၂၀၁၉ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တောင်ပိုင်း၊ နွားရုံတောင် နယ်ခြားစောင့်ကင်းစခန်းမှ အဆောင်တစ်ချို့မီးလောင်နေပြီး ရဲတပ်ဖွဲ့ဝင်များလ...7 years ago
-
-
အိမ်ထောင်ရေး ကောလာဟလတွေအပေါ် ဖြေရှင်းမှာမဟုတ်တဲ့ သဇင် - ၂၀၀၃၊ ၂၀၀၄ ကတည်းက “No အဖွဲ” နဲ့ အနုပညာအလုပ်တွေစတင်လုပ်ကိုင်ပြီး ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော်၊ သရုပ်ဆောင် သဇင်တယောက်အနုပညာအလုပ်နဲ့ ဝေးကွာနေရာကနေ အ...10 years ago
-
ကမ္ဘာ့အလှမယ်စင်မြင့်ဆီသို့ ပထမဆုံးရောက်ရှိလာတဲ့ ရခိုင်ရိုးရာအလှတရားများ - ဒါဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရိုးရာအလှတရားကို ကမ္ဘာ့စင်မြင့်ထက်မှာ ပထမဆုံးအနေနဲ့ ကိုယ်စားပြုဖော်ထုတ်ပြမှာ လည်း ဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန် - http://goo.gl...10 years ago
-
-
-

No comments:
Post a Comment