Monday, September 10, 2012

KIA အဖွဲ့ အဖျက်လုပ်ငန်းများနှင့် အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်လုပ်ဆောင်နေ၍ ဒေသခံများထိတ်လန့်

Monday, September 10, 2012
 
စက်တင်ဘာ()ရက်နေ့ည()နာရီမှာ မော်ဟန်နဲ့ကာဒူဘူတာကြားမှာရှိနေတဲ့ တံတားတစ်စင်းကိုKIA အဖွဲ့က   မိုင်းထောင်ဖောက်ခွဲဖျက်ဆီးပစ်ခဲ့လို့   ရထားသံလမ်း()ပေကျော်ကျော်   ပျက်စီးသွားပြီး   ရထား
သွားလာမှုတွေရပ်ဆိုင်းခဲ့ရပါတယ်။ကချင်လက်နက်ကိုင် တွေအနေနဲ့  ပြည်သူတွေသွားလာနေတဲ့ရထား လမ်းမှာ မိုင်းဖောက်ခွဲမှု(၅၂)ကြိမ်ပြုလုပ်ခဲ့တယ်လို့အစိုးရသတင်း ဌာနကကြေညာခဲ့ပေမယ့် ဒေသခံ လူထုတွေကတော့ ဒီထက်များတယ်လို့ပြောပါတယ်။
စက်တင်ဘာ()ရက်နေ့ည()နာရီအချိန်ဖားကန့်မြို့နယ်ဆိုင်းအောင်ကျေးရွာ၊ရွှေလက်ယာခေါက်ဆွဲဆိုင်မှာ KIA အဖွဲ့က ဒေသခံ(၂)ယောက်ကို သေနတ်နဲ့ပစ်ခဲ့ပါတယ်။ ကေအိုင်အေ တပ်ရင်း()မှ တပ်ဖွဲ့ဝင် ()ဦးဟာ ရွှေလက်ယာခေါက်ဆွဲမှာ အရက်မူးပြီး ရွာသားတွေနဲ့ ရန်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ သူတို့လက်ထဲမှာ ကိုင်ထားတဲ့ သေနတ်နဲ့ပစ်လိုက်လို့ ဆိုင်းအောင်ကျေးရွာသား ဦးကွန်းကျော်နဲ့ ဦးမောင်အောင်ဇော်တို့ ဒဏ်ရာပြင်းပြင်း ထန်ထန်ရပြီးဖားကန့်ဆေးရုံကိုပို့ထားရပါတယ်။
ကချင်လက်နက်ကိုင်အဖွဲ့အနေနဲ့ အစိုးရနဲ့ငြိမ်းချမ်းရေးလုပ်ဆောင်ခြင်းမပြုတော့ဘဲ ကချင်ပြည်နယ် အတွင်းမှာရှိတဲ့ လမ်းတံတားတွေ၊ အဆောက်အဦးတွေ ဖောက်ခွဲဖျက်ဆီးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး စက်တင်ဘာ()ရက်နေ့ ည()နာရီကျော်အချိန်မှာဟိုပင်မြို့မှာရှိတဲ့ ကုန်သွယ်လယ်ယာစပါး ဂိုဒေါင်ဟောင်း ရဲ့ အောက်မှာ KIA အဖွဲ့ကထောင်ထားတဲ့မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ လူထိခိုက်မှုမရှိ ခဲ့ပေမယ့် ဂိုဒေါင်တစ်ခုလုံး ကတော့ ရစရာမရှိအောင်ပျက်စီးသွားခဲ့ပါတယ်။
ကေအိုင်အေအဖွဲ့အနေနဲ့ အဖျက်လုပ်ငန်းတွေနဲ့အကြမ်းဖက်လုပ်ရပ်တွေကို ဆက်တိုက်လုပ်နေတော့ ကချင်ပြည်နယ် လူထုတစ်ရပ်လုံးက ကချင်လက်နက်ကိုင်အဖွဲ့နဲ့အစိုးရတို့  ထာဝရငြိမ်းချမ်းရေး ဆွေးနွေးပွဲ 
အောင်မြင်ဖို့ မျှော်လင့်စောင့်စားနေပေမယ့်ဒီကနေ့အချိန်ထိ မည်သည့်အောင်မြင်မှုမှာမရရှိ သေးပါဘူး။ အစိုးရနဲ့ KIA တို့ တစ်ဘက်နဲ့တစ်ဘက်စွပ်စွဲပြောဆိုနေမှုတွေ၊ နေရာရွေးချယ်မှုတွေနဲ့ပဲ အချိန်ကုန်ပြီး ကချင်ပြည်နယ် ဒေသခံတွေကတော့ ဒုက္ခပြီးဒုက္ခနဲ့တွေ့ကြုံနေကြရပါတယ်။ KIA ခေါင်းဆောင်ပိုင်းကတော့ ကချင် ပြည်နယ်မှာ အကြောက်တရားနဲ့စိုးမိုးထားဖို့အတွက် ဖောက်ခွဲဖျက်ဆီးရေးတွေ၊ သတ်ဖြတ်မှုတွေ တိုးမြှင့်လုပ်ဆောင်လျက် ရှိတဲ့အကြောင်း တရုတ်-မြန်မာနယ်စပ်စစ်ရေးအကဲခတ်နေသူ အောင်ကျော်ဇော က ပြောဆို ထားပါတယ်။

No comments:

Post a Comment

My Blog List