Sunday, September 09, 2012

-လူထုကျန်းမာရေး(မကျက်တကျက်အသားကင်များ စားသုံးခြင်းကြောင့် ပန်ကရိယကင်ဆာ ဖြစ်ပွားနိုင်)-




 **အသားအူချောင်းများနှင့်
 နည်းပညာဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူတို့၏အသုံးအဆောင်ပစ္စည်း များမှာလည်း ထူးခြားဆန်းပြားစွာ အမျိုးမျိုးတီထွင်ကြံဆလာကြသည်။ အစားအစာ များတွင်လည်း လှပဆန်းသစ်သော ထုပ်ပိုးမှုပုံစံများဖြင့် ထုတ်လုပ်လာကြသည်။ ထိုကဲ့သို့ ထုတ်လုပ်ရာတွင် အန္တရာယ်ကင်းသော အစားအစာများပါဝင်သကဲ့သို့ အချို့ အစားအစာများတွင် ကြာရှည်အထားခံရန် ဓာတုပစ္စည်းများကို အသုံးပြုလာကြသော ကြောင့်လူတို့အတွက်များစွာ ဥပဒ်ဖြစ်စေပါသည်။ သစ်သီးများတွင်လည်း သဘာဝ အတိုင်း ဖွံ့ဖြိုးကြီးထွားခြင်းမဟုတ်တော့ဘဲ ဖန်တီးထားသော ဆေးများထိုး၍ ကြီးထွား အောင် ပြုလုပ်ခြင်းကြောင့် လူတို့အတွက်အာဟာရမဖြစ်ဘဲ ရောဂါဘယများစွာ ရရှိ ခံစားကြရသည်။ ယခုအခါတွင်ဈေးများ၊ လမ်းဘေးအတော်များများတွင် အသားကင်ဆိုင်များ၊ အကြော်ဆိုင်များ၊ အသုပ်ဆိုင်များကို တွေ့ရှိလာရသည်။ လူတို့သည် အခြားအစားအစာ များထက် ထိုအစားအစာများကို ခုံမင်နှစ်သက်စွာ ပိုမိုစားသုံးကြရာ ထိုအစား အစာများက လူကိုပိုမိုဒုက္ခပေးသည်ကို သတိမမူမိကြပေ။ ကြာရှည်အထားခံသည့် အစာသွတ်အသားအူချောင်းများနှင့် မကျက်တကျက် အသားကင်များကို စားသုံးခြင်းကြောင့် ပန်ကရိယကင်ဆာများဖြစ်ပွားစေနိုင်ကြောင်း ဆေးပညာရှင်များ၏ ရှာဖွေဖော်ထုတ်မှုအရသိရသည်။ လူတိုင်း ဂရမ် ၅ဝ
နှင့်အထက်ရှိသော အသားကင်များနှင့်အသားအူချောင်းများအား နေ့စဉ် စားသုံးပါက ပန်ကရိယကင်ဆာဖြစ်နိုင်သည့် အခြေအနေမှာ ၁၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားများ၌ အဆိုပါကင်ဆာဖြစ်နိုင်နှုန်းမှာ ၇၇ ဦးလျှင် တစ်ဦး၊ အမျိုးသမီး ၇၉ ဦးတွင် တစ်ဦးဖြစ်ပွားနိုင်ကြောင်း သုတေသနပြုလုပ်ချက်များအရ သိရသည်။ ပန်ကရိယကင်ဆာသည် လူသိနည်းသော ကင်ဆာရောဂါတစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့် ရောဂါဆိုးတစ်ခုဖြစ်သည်။ ကြိုတင်သိရှိနိုင်သည့် ရောဂါ လက္ခဏာများမှာ သာမန်ရောဂါငယ်များနှင့်ဆင်တူခြင်းကြောင့် သိရှိနိုင်ရန်ခက်ခဲပြီး အချိန်လွန်မှသာ သိရှိတတ်ခြင်းကြောင့် ဂရုပြုသင့်ကြောင်း အင်တာနက်သတင်း တစ်ရပ်က ဖော်ပြထားသည်။ ပန်ကရိယကင်ဆာ၏ ရောဂါလက္ခဏာများမှာ ခန္ဓာကိုယ် အလေးချိန်ကျဆင်းလာခြင်း၊ ဝမ်းဗိုက်အောက်ပိုင်းတစ်ဝိုက် မကြာခဏ နာကျင်ခြင်း၊ အသားဝါခြင်း၊ ကိုယ်ခံအားနည်းလာခြင်း၊ ပျို့အန်ခြင်း၊ အကြောတက်ခြင်း၊ အသား အရေများခန်းခြောက်လာခြင်း၊ မကြာခဏ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ ဖျားနာ ခြင်းများ ခံစားရတတ်သည်။ အသားကင်များအား လွန်စွာစားသုံးခြင်းကြောင့် ပန်ကရိယကင်ဆာအပြင် အစာအိမ်ကင်ဆာနှင့် အူမကြီးကင်ဆာများပါ ဖြစ်ပွား နိုင်ကြောင်း သိရသည်။ ထို့ကြောင့် မိမိအတွက်ကင်ဆာရောဂါဖြစ်နိုင်မည့် အစားအစာများကို ရှောင်ကြဉ် ကြပြီး အာဟာရဖြစ်စေမည့် အစားအစာများကို သတိပြုရွေးချယ်စားသုံးသင့်ကြောင်း တင်ပြလိုက်ရပါသည်။ ။
ဆန်းယဉ်ဥ

from - Public Health

No comments:

Post a Comment

My Blog List