Tuesday, September 11, 2012
"ဘူးသီးတောင်မြို့နယ်၊ ဂိုဏ်ပေါင်းစုံ က သံဃာတွေ လက်မှတ်ရေးထိုးပြီး ကန့်ကွက်စာ ပို့ထားတာနှစ်ရက် ရှိပြီ။ သူတို့ဘက်က ဘာမှတုန့်ပြန်မှု မရှိသေးဘူး။ ဒီကန့်ကွက်စာကို သတင်းဌာနက ဘာမှ တုံ့ပြန်မှု မရှိရင် ရန်ကုန်က သံဃာတွေနှင့် ပူးပေါင်းပြီးတော့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်သွားမ
ပြည်တွင်း ပြည်ပရှိ သတင်းဌာနများမှလည်း "ရိုဟင်ဂျာ" ဟူသော စကားလုံး သုံးနှုန်းခြင်း ကို အပြင်းအထန် ကန့်ကွက် ရှုံချကြောင်း ဆရာတော် ဦးသောမန က ဆက်ပြောသည်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)၊ အမှတ်၂၆ ရှေ့ မျက်နှာဖုံးပါ သတင်း ဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A) တွင်ဖေါ်ပြသော "မန်း လူထု သမ္မတ ကိုထောက်ခံ၍ ကင်တားနားအား ကန့်ကွက်" သတင်းဆောင်းပါးတွင် "ရိုဟင်ဂျာ" ဟူသည့်စကားလုံး သုံးနှုန်း ရေးသားထား
ခြင်းအပေါ် ရခိုင်ပြည် ဘူးသီးတောင်မြို့နယ်ရှိ ဂိုဏ်းပေါင်းစုံ သံဃာတော် (၁၀၄)ပါးက လက်မှတ်ရေးထိုး ကာ အယ်တီတာချုပ် ထံသို့ စက်တင်ဘာ(၇)ရက်နေ့က ကန့်ကွက်လွှာ ပေးပို့ ခဲ့ကြခြင်း ဖြစ်သည်။ ကန့်ကွက်စာမူရင်းမှာ -
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်များ က 7Days News Journal ၏ သတင်း ရေးသားမှုကို ကန့်ကွက်ခြင်း
၁။ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ(၆) ရက်နေ့ထုတ် 7Day News Journal ၏ အတွဲ (၁၁)အမှတ်၂၆ ၏ ရှေ့ မျက်နှာဖုံး ပါ သတင်းဓါတ်ပုံနှင့် အချပ်ပို စာမျက်နှာ(A)တွင် ဖေါ်ပြသော မန်းလူထု သမ္မတ ကိုထောက်ခံ ၍
ကင်တားနားအား ကန့်ကွက် သတင်း ဆောင်းပါးတွင် ရေးသား ထားသော"ရိုဟင်ဂျာ"ဟူသည့် စကားလုံး
သုံးနှုန်းမှုနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် သံဃာတော်များက အောက်ပါအတိုင်း ကန့်ကွက်သည်။
၂။ မျက်နှာဖုံး သတင်းဓါတ်ပုံတွင် ပုံရည်ညွန်းစာ ရေးသားရာ၌ ရိုဟင်ဂျာအရေး ဟု ဖေါ်ပြသုံးနှုန်းခြင်း၊ အချပ်ပိုစာမျက်နှာ(A)တွင် ရိုဟင်ဂျာအရေးတွင် ဟူ၍ ရေးသား သုံးနှုန်းခြင်းတို့ကို တွေ့ရှိ ရသည်။
၃။ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ ဆိုသော လူမျိုး လုံးဝမရှိကြောင်း နိုင်ငံတော် အစိုးရက တရားဝင်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ ထို့အပြင် ယနေ့ဖြစ်ပေါ်နေသော အရေးအခင်း ကို အကြောင်းပြု၍ ကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများ က ရိုဟင်ဂျာအရေးဟု ရှေ့တန်းတင်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါး စော်ကားနေလျှက် ရှိသည်ကို သတင်းဂျာနယ် မှ ပုဂ္ဂိုလ်များလည်း သိရှိပြီးဖြစ်ပါလိမ့်မည်။
၎။ ယခု ပြည်တွင်း ရှိ ထင်ရှား လူသိများသော သတင်းဂျာနယ်ကြီး တစ်ခုအနေဖြင့် ၎င်း ကုလသမဂ္ဂနှင့် မူဆလင်နိုင်ငံများ ၏ လေသံကိုလိုက်၍ ရိုဟင်ဂျာ ဟူသော စကားလုံးကို မသုံးစွဲသင့်ဟု ယူဆသည်။
၅။ ရခိုင်ပြည်နယ်တွင် ယနေ့အထိ ဖြစ်ပေါ်နေသော ဖြစ်ရပ်များသည် ဘင်္ဂလီ စစ်တကောင်း နယ်သားများ၏ ရခိုင်ပြည်နယ် သိမ်းပိုက်ရေး အကွက် ကျကျ ဖန်တီးလုပ်ကြံမှု များသာဖြစ်ပြီး ရိုဟင်ဂျာ အမည်ခံ လူမျိုးတစ် မျိုးအဖြစ် အသိအမှတ်ပြု ခံရရေး၊ နိုင်ငံသား အခွင့်အရေး၊ တိုင်းရင်းသား အခွင့်အရေး ရရှိရေး အတွက် တောင်းဆိုမှု သက်သက် မဟုတ်ပေ။
၆။ ဘူးသီးတောင်မြို့နယ်ရှိ သံဃာတော်များ အနေဖြင့် မန္တလေး သံဃာတော်များနှင့် လူထု၏ ဆန္ဒပြ
တောင်း ဆိုမှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆို၍ အလေးအနက်ထောက်ခံပြီး တစ်သားတည်းရှိကြောင်းကို လည်း ဖေါ်ပြပါသည်။
၇။ သို့သော် 7Days News Journal ၏ သတင်း ရေးသားရာတွင် စကားလုံး အသုံးအနှုန်းကြောင့် ရခိုင်
ပြည်နယ်ရှိ သံဃာတော်များ နှင့် ပြည်သူ လူထုအတွက် များစွာ စိတ်မကောင်းဖြစ်ရပြီး၊ ရခိုင်အရေး အခင်း
နှင့် ပတ်သတ်၍ သတင်းဖေါ်ပြချက်များ တွင် ရိုဟင်ဂျာ ဟူသော အသုံးအနှုန်း ကို နောက်နောင် သုံးစွဲခြင်း မပြုရန်နှင့် ယခု သတင်းထုတ်ပြန်ချက်ပါ ရိုဟင်ဂျာ ဟူသော သုံးအနှုန်းအစား စစ်တကောင်းနယ်သား ဘင်္ဂလီကုလားများ ဟု ပြင်ဆင်ချက် ထုတ်ပြန်ပေးရန် ဤကြေငြာချက်ကို လက်မှတ်ရေးထိုး ထုတ်ပြန်၍ တောင်းဆိုသည်။
No comments:
Post a Comment