Tuesday, September 11, 2012
စစ်သွေးကြွ
များ၏ ဒုံးကျည်များ ဖြင့် တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့်အနေဖြင့်
အစ္စရေး လေယာဉ် များသည် ဂါဇာစီးတီး အရှေ့ဘက်ရှိ ဟားမက်စ် အဖွဲ့၏
လေ့ကျင့်ရေး စခန်းတစ်ခုကို စက်တင်ဘာ ၁ဝ ရက် နံနက်ပိုင်း တွင် တိုက်ခိုက်ခဲ့
ကြောင်း သိရသည်။
အစ္စရေး အပါချီ
တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းသည် အဆိုပါ လေ့ကျင့်ရေး စခန်းသို့
ဒုံးကျည်ဖြင့် ပစ် ခတ်ခဲ့ရာ ယင်းစခန်း၌ တစ်ဦး တစ်ယောက်မှ မရှိသည့် အတွက်
ထိခိုက် ဒဏ်ရာ ရရှိမှု မရှိဘဲ မီးလောင်ကျွမ်းခဲ့ ကြောင်း မျက်မြင် သက်သေ
တစ်ဦးက ပြောကြားခဲ့သည်။
ဟားမက်စ် အဖွဲ့သည် ယင်းတို့ပိုင်နက်
အတွင်းရှိ ကမ်းခြေ ဒေသမှ နေ၍ အစ္စရေး တောင်ပိုင်းသို့ စက်တင်ဘာ ၉ ရက်တွင်
Grad ဒုံးကျည်သုံးစင်း ပစ်ခတ် ခဲ့ကြောင်းနှင့် အစ္စရေးတို့၏ လက်တုံ့ပြန်မှု
ကို မျှော်မှန်း ထားပြီး လုံခြုံရေး တပ်ဖွဲ့များကို ဘေးလွတ်ရာသို့
ရွှေ့ထားခဲ့ကြောင်း သိရသည်။
ဟားမက်စ် အဖွဲ့၏ ဒုံးကျည်သုံးစင်း
ကျရောက် ပေါက်ကွဲ မှုကြောင့် အစ္စရေး သုံးဦးဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး
လေးဦးမှာ စိတ် ချောက်ချားမှုကြောင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။
အဆိုပါ ဒုံးကျည် ပစ်ခတ်မှုသည် ဆာလာဖစ် အဖွဲ့ဝင် လက်ချက် ဖြစ်ကြောင်းနှင့်
ဟားမက်စ် အဖွဲ့တွင် ဆာလာဖစ် အဖွဲ့ နှင့် ဆက်နွှယ်သူ ဒါဇင်ပေါင်း များစွာ
ပါဝင်ကြောင်း သိရသည်။
စစ်သွေးကြွ
များ၏ ဒုံးကျည်များ ဖြင့် တိုက်ခိုက်မှုကို လက်တုံ့ပြန် သည့်အနေဖြင့်
အစ္စရေး လေယာဉ် များသည် ဂါဇာစီးတီး အရှေ့ဘက်ရှိ ဟားမက်စ် အဖွဲ့၏
လေ့ကျင့်ရေး စခန်းတစ်ခုကို စက်တင်ဘာ ၁ဝ ရက် နံနက်ပိုင်း တွင် တိုက်ခိုက်ခဲ့
ကြောင်း သိရသည်။
အစ္စရေး အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ် တစ်စင်းသည် အဆိုပါ လေ့ကျင့်ရေး စခန်းသို့ ဒုံးကျည်ဖြင့် ပစ် ခတ်ခဲ့ရာ ယင်းစခန်း၌ တစ်ဦး တစ်ယောက်မှ မရှိသည့် အတွက် ထိခိုက် ဒဏ်ရာ ရရှိမှု မရှိဘဲ မီးလောင်ကျွမ်းခဲ့ ကြောင်း မျက်မြင် သက်သေ တစ်ဦးက ပြောကြားခဲ့သည်။
ဟားမက်စ် အဖွဲ့သည် ယင်းတို့ပိုင်နက် အတွင်းရှိ ကမ်းခြေ ဒေသမှ နေ၍ အစ္စရေး တောင်ပိုင်းသို့ စက်တင်ဘာ ၉ ရက်တွင် Grad ဒုံးကျည်သုံးစင်း ပစ်ခတ် ခဲ့ကြောင်းနှင့် အစ္စရေးတို့၏ လက်တုံ့ပြန်မှု ကို မျှော်မှန်း ထားပြီး လုံခြုံရေး တပ်ဖွဲ့များကို ဘေးလွတ်ရာသို့ ရွှေ့ထားခဲ့ကြောင်း သိရသည်။
ဟားမက်စ် အဖွဲ့၏ ဒုံးကျည်သုံးစင်း ကျရောက် ပေါက်ကွဲ မှုကြောင့် အစ္စရေး သုံးဦးဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး လေးဦးမှာ စိတ် ချောက်ချားမှုကြောင့် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။ အဆိုပါ ဒုံးကျည် ပစ်ခတ်မှုသည် ဆာလာဖစ် အဖွဲ့ဝင် လက်ချက် ဖြစ်ကြောင်းနှင့် ဟားမက်စ် အဖွဲ့တွင် ဆာလာဖစ် အဖွဲ့ နှင့် ဆက်နွှယ်သူ ဒါဇင်ပေါင်း များစွာ ပါဝင်ကြောင်း သိရသည်။

No comments:
Post a Comment