Tuesday, September 11, 2012

ပရက်စလေ၏ ကျမ်းစာအုပ်ဒေါ်လာ ၉၄ဝဝဝ ဖြင့် လေလံတင်ရောင်း

 (မန်ချက်စတာ စက်တင်ဘာ ၉)ကမ္ဘာကျော်အဆိုတော် အယ်လ် ဗစ်ပရက်စလေပိုင်ဆိုင်သော ကျမ်းစာအုပ် ကို ဂရိတ်မန်ချက်စတာမြို့၌ ပေါင် ၅၉ဝဝဝ(အမေရိကန်ဒေါ်လာ ၉၄ဝဝဝ)ဖြင့် လေလံတင်ရောင်းချလို က်ကြောင်း စက်တင်ဘာ ၈ ရက်က အင်တာနက်သတင်းတစ်ရပ်တွင် ရေးသားဖော်ပြ သည်။ စာမျက်နှာပေါင်း ၁၆ဝဝ ပါရှိသည့်အဆိုပါကျမ်းစာအုပ်ကို ၁၉၅၇ ခုနှစ်က သူ၏ဦးလေးဖြစ်သူ ဗက်စတာနှင့် အဒေါ်ဖြစ်သူ ကလက်တက် စ်တို့က သူ၏ ပထမဆုံး ခရစ္စမတ်အတွက် ပေးထားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာအုပ်တွင် ပရက်စလေ ၏ မှတ်ချက်များပါဝင်သည်ဟုဆိုသည်။၎င်းသည် ၁၉၇၇ ခုနှစ် သြဂုတ် ၁၆ ရက် အသက် ၄၂ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။၎င်းကျမ်းစာသည် ပရက်စလေ၏ လေလံတင်ရောင်း ချခဲ့သော အမှတ်တရပစ္စည်း ၁ဝဝ ကျော်အနက် တစ်ခုအပါအဝင်ဖြစ်သည်။၎င်းကျမ်းစာအုပ်ကို အမည်မဖော်လိုသူတစ်ဦးက ဖုန်းဆက်အကြောင်းကြားဝယ်ယူခဲ့သည်။ ၄င်းသည် ဗြိတိန်နိုင်ငံ အခြေစိုက် အမေရိကန်နိုင်ငံသားတစ်ဦးဖြစ်သည်ဟု ဆိုသည်။

No comments:

Post a Comment

My Blog List