(ဟနွိုင်း
စက်တင်ဘာ ၉) ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းနှင့် အလယ်ပိုင်းပြည်နယ်များ၌
မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၆ ဦး
သေဆုံးပြီး အခြား ၃၈ ဦး ဒဏ်ရာရရှိသွားခဲ့ ကြောင်း
ဗီယက်နမ်ကယ်ဆယ်ရေးနှင့်ရှာဖွေရေး အမျိုးသားကော်မတီက စက်တင်ဘာ ၉ ရက်တွင်
ပြောကြားသည်။အဆိုပါရေလွှမ်းမှုကြောင့် နေအိမ် ၃၅ဝဝ နှင့်သီးနှံစိုက်ခင်း
ဟက်တာ ၂၂ဝဝဝ ကျော်နစ်မြုပ်သွားခဲ့ကြောင်း၊ ဟာတင့်ခ်ျနှင့်
ငေးအန်ပြည်နယ်နှစ်ခုမှာ ဆိုးရွားကြောင်း
၎င်းတို့ကပြောကြားသည်။ယင်းရေကြီးမှုသည် ကန့်ခ်ျဟိုယာမှ
ငေးအန်ပြည်နယ်အထိရှိသောမြစ်
ကမ်းတစ်လျှောက်မြစ်ရေများလျှံတက်မှုကြောင့်ဖြစ်ကြောင်း၊ မြစ်ကမ်းတစ်လျှောက်
မြေနိမ့်ပိုင်းဒေသများ
မြစ်ရေကျသွားပြီဖြစ်သော်လည်း
အချို့နေရာများ၌ ရေနစ်မြုပ်နေဆဲဖြစ်ကြောင်း ဗီယက်နမ် မိုးလေဝသဌာနက
ပြောကြားသည်။အဆိုပါ ရေကြီးမှုကြောင့် ဒေသတာဝန်ရှိသူများက ပြည်သူ ၁၄ဝဝဝ
ကျော်အားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရသည်ဟု ဆိုသည်။
(အမ်အင်န်အေ၊ဆင်ဟွာ)
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄)
-
ဗွီအိုအေမြန်မာနံနက်ခင်း(ဧပြီ ၂၃၊၂၀၂၄) “စစ်အာဏာချုပ်ကိုင်နိုင်ဖို့
အကြမ်းဖက်မှုတွေဆက်ကျူးလွန်နေ” ကန်နိုင်ငံခြားရေးဝန်ကြီးပြောဆို၊
မြန်မာ့ပဋိပက္ခကြားဝင်စေ့စပ...
7 months ago
No comments:
Post a Comment