Monday, May 04, 2020

နှစ်ရက်ဆက်တိုက် ကိုဗစ်လူနာ မတွေ့ရိှိသော်လည်း မပေါ့ဆကြရန် ဒေါ်အောင်ဆန်းစုကြည် အသိပေး

Image may contain: 1 person
ယခုရက်ပိုင်းအတွင်း Covid -19ငြိမ်နေသော်လည်း မပေါ့ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ (မေ ၃)ညနေပိုင်းတွင် လူမှုကွန်ယက်မှတဆင့် အသိပေးပြောကြားလိုက်သည်။

" ဒီ တစ်ရက်၊ နှစ်ရက်အတွင်း covid ငြိမ်နေလို့ မပေါ့ ပါနဲ့။ လုံးဝစိတ်ချရတဲ့အခြေအနေကဝေးပါသေးတယ်'' ဟု ေဒါ်အောင်ဆန်းစုကြည်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မေလ ၁ ရက် နှင့် ၂ ရက်နေ့များတွင် Covid-19 ရောဂါပိုးတွေ့လူနာမရှိကြောင်း ၂ရက်ဆက်တိုက် သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် Covid -19 ပြဿနာ ဖြေရှင်းနိုင်ရေးမတွက် မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းသည် ပညာ ဖြစ်ကြောင်း
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်း ပြောကြားခဲ့သည်။

" Covid ဟာ အားလုံးအတွက် မကြုံဖူးတဲ့ ကိစ္စ လို့ ပြောနိုင်ပေမဲ့ ပြဿနာဆိုတာ ကတော့ ကျွန်မတို့ အားလုံး ကြုံ ခဲ့ဘူးတဲ့ အရာပါ။ ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အဓိက လိုအပ်ချက်ကတော့ အခြေ အနေကို မှန်မှန်ကန်ကန် သုံးသပ်နိုင်ခြင်းပါပဲ။ အဲ့ဒါက ပညာပေါ့။Covidနဲ့ ပတ်သက်တဲ့ကျန်းမာရေးပညာ၊ စီးပွါးရေးပညာတွေ ဒီလ အနည်းငယ်အတွင်း တိုးတက်လာပါတယ်။ ကျွန်မတို့တွေ သင်ယူအားကောင်းဖို့သာလိုပါတယ်။ Covid နဲ့ပတ်သက်တဲ့ ပညာပေး ညွှန်ကြားချက်တွေကို အသေအချာလိုက်နာပါ" ဟု ေဒါ်အောင်ဆန်းစုကြည်က ပြောသည်။
မြန်မာနိုင်ငံတွင် မေလ ၂ရက်နေ့အထိ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၁၅၁) ဦးရှိသည့်အနက် ၆ ဦးသေဆုံးခဲ့ပြီး ရောဂါပိုး ကင်းစင်လာသူပေါင်း (၃၇) ဦးရှိနေသည်။
ကိုလင်း

No comments:

Post a Comment

My Blog List