Friday, May 08, 2020

ကိုဗစ် ထန်းချုပ်ရေး လုပ်ပြီးမှသာ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပရန်ညှိူနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်နေဟု PNLO ဒုဥက္ကဌ ပြောကြား

Image may contain: 5 people, people sitting

မြန်မာနိုင်ငံ၏ပြည်တွင်းငြိမ်းချမ်းရေးအတွက်စတုတ္ထအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ပြီးမှ ကျင်းပပြုလုပ်ရန် အစိုးရ တပ်မတော်နှင့် NCAစာချုပ်လက်မှတ်ထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အလွတ်သဘော ဆွေးနွေး မှုများဆောင်ရွက်နေကြောင်း ပအို့ပ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)ဒုဥက္ကဌ ဦးခွန်မြင့်ထွန်းကiseemediaသို့ ယနေ့တွင်ပြောကြားသည်။

"မူလက ဧပြီလအတွင်းအပြီးကျင်းပဖို့လျာထားပေမယ့် ကိုဗစ်ရောဂါ မြန်မာနိုင်ငံရောက်လာတော့ အစည်းအဝေး ကိုနောက်ဆုတ်လိုက်ရပါတယ်။အဲဒါကြောင့်အခုကိုဗစ်ကပ်ရောဂါ ထိန်းချုပ်နိုင်မယ့်အခြေအနေပေါ်မူတည်ပြီးမှ ညီလာခံကို လုပ်ကြဖို့ ကျွန်တော်တို့ နှစ်ဖက်အလွတ်သဘော ဆွေးနွေး မှုတွေရှိပါတယ်"ဟု ၎င်းကပြောသည်။
၂၁ရာစု ပင်လုံညီလာခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ သည် အခြေခံအကြောင်းအရင်းအမျိုးမျိုးကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာ ကာလပင်ရောက်ရှိနေခဲ့ပြီဖြစ်သည်။
"၂၀၂၀ခုနှစ်ထဲမှာက ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ကရှိနေတယ်။ ရွေးကောက်ပွဲ ကလည်းရှိနေတော့ ပါတီတွေရဲ့ရွေးကောက်ပွဲ လှုပ်ရှား မှုတွေက ဇူလိုင်လကုန်လောက်ဆိုရင် စရမယ့်အနေအထားကလည်းရှိနေတယ်။ ရောဂါထိန်းချုပ်နိုင်ရေးအနေအထားကိုကြည့်ပြန်တော့လည်း ရောဂါထိန်းချုပ်နိုင်ဖို့ နည်းနည်းတော့အချိန်ယူရဦးမယ်လို့မြင်တယ်။ အဲဒါကြောင့် ၂၀၂၀ပြည့်နှစ်အတွင်းမှာ ငြိမ်းချမ်းရေးညီလာခံ တစ်ကြိမ်လုပ်ဖို့က အခက်အခဲတွေရှိနေဦးမယ်လို့မြင်တယ်။ အဓိကကတော့ တရားဝင်တွေ့ဆုံမှုတွေမလုပ်နိုင်ရင်တောင် NCAလက်မှတ်မထိုးရသေးတဲ့အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ စဉ်ဆက်မပြတ်တွေ့ဆုံဆွေးနွေးတာတို့
လုပ်ဖို့လိုအပ်တယ်။ နောက်တစ်ခါ လက်ရှိစစ်ပွဲ အရှိန်မြင့်နေမှုတွေကို ရပ်တန့်ဖို့လိုအပ်တယ်။"ဟု မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်းကပြောသည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးပါဝင်ရန်လိုအပ်နေသော်လည်း လက်ရှိအခြေအနေတွင် အားလုံးပါဝင်ရေးမှာ အလှမ်းဝေးနေစဲဖြစ်ကြောင်းကိုလည်းနိုင်ငံရေး လေ့လာသုံးသပ်သူများက ဝေဖန်သုံးသပ်ထားကြသည်။
Image may contain: 1 person, sitting, text that says 'ခွန်မြင့်ထွန်း Khun Myint Tun'

ကိုဖူးသစ်
Iseemedia

No comments:

Post a Comment

My Blog List