Friday, May 08, 2020

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်ကုစားထူထောင်ဖို့ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အစိုးရ ဆန်းစစ်မှုများပြုလုပ်နေ

Image may contain: 2 people, people standing

ကိုဗစ်ကြောင့် ထိခိုက်သွားတဲ့ မြန်မာ့စီးပွားရေးကို ပြန်လည်ကုစားထူထောင်ဖို့ ပြည်ပအဖွဲ့တွေနဲ့ ပူးပေါင်းပြီး အစိုးရက ဆန်းစစ်မှုများပြုလုပ်နေတယ်လို့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။

နိုင်ငံတော်အစိုးရရယ် DaNa Facility ၊ UNCDF လို့ခေါ်တဲ့ ကုလသမဂ္ဂအဖွဲ့ အစည်းတစ်ခုရယ် International Trade Centre တို့သုံးခုပေါင်းပြီး လုပ်ဆောင်နေတာလို့ သိရပြီး အဓိကလုပ်ဆောင်နေတာက မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍမှာ ဘယ်ကဏ္ဍတွေက ဘယ်လောက်ထိခိုက်သွားသလဲဆိုတာတဲ့ ထိခိုက်မှု ဆန်းစစ်ခြင်းပဲ ဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်မှုဆန်းစစ်ပြီးသွားရင် ဆိုရင်တော့ ပြန်လည်ကုစားဖို့အတွက်၊ ပြန်ထူထောင်ဖို့ အတွက် ကုစားရေးအစီအစဉ်တွေကို အသေးစိတ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ အမြဲတန်းအတွင်းဝန် ဦးအောင်နိုင်ဦးက ပြောကြားထားပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ပြီးခဲ့တဲ့ ဧပြီ ၂၈ ရက်နေ့က Covid-19 Economic Relief Plan-CERP ဆိုတဲ့ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေးအပေါ် ကုစားမှုအစီအစဉ်ဆိုတဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး ဒီအထဲမှာ ရေတိုလုပ်မယ့် လုပ်ငန်းစဉ်တွေ အကုန်လုံးပါပြီး ၂၀၂၀ နှစ်ကုန်ပိုင်းအထိ ဘာတွေဆောင်ရွက်မယ်ဆိုတာကို အသေးစိတ်ပြောကြားထားပြီးဖြစ်ပါတယ်။
အခု ပြည်ပအဖွဲ့တွေနဲ့ လေ့လာဆန်းစစ်နေတာတွေက ကာလလတ်၊ ကာလရှည်အတွက် လုပ်ရမှာတွေ ဖြစ်တယ်လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
"အခုလုပ်နေတဲ့ Impact Assessment လုပ်ငန်းစဉ် ဆွဲတာက ၆ လပိုင်းလကုန်ဆိုရင် သာမန်အားဖြင့် ပြီးစီး အောင် ရေးဆွဲထားတော့ ပြီးသွားရင် ဆက်ထွက်လာမှာက ကုစားရေးအစီအစဉ် ဘာတွေလုပ်မယ်ဆိုတဲ့ အသေးစိတ် တွေပါ။ ဒီ Impact Assessment က ၆ လပိုင်းလကုန်ဆိုရင် ပြီးစီးမယ်လို့ ခန့်မှန်းထားပါတယ်။ အခု Survey ဆင်းနေ တာတွေ ရှိပါတယ်။ အချက်အလက်တွေ ကောက်နေပါ တယ်။ သုံးသပ်ချက်တွေ ဆောင်ရွက်နေတာလည်း ရှိပါတယ်။ ဒီဟာတွေကနေ ဆက်ပြီးအကောင်အထည် ဖော်ရမယ့် လုပ်ငန်းစဉ်တွေ ထွက်လာမှာပါ"လို့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းရှင်အချို့ကတော့ ချမှတ်သွားမယ့် အစီအစဉ်တွေဟာ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေဖြစ်ဖို့ ၊ကိုယ့်မြေ ကိုယ်ရေ နဲ့ ကိုက်ညီတာတွေဖြစ်ဖို့ အစီအမံချတဲ့အထဲမှာ အားကောင်းတဲ့သူတွေ ပါဖို့ အထူးသဖြင့် ဘဏ္ဍာရေးဆိုင်ရာအကြီးအကဲတွေက ခေတ်စနစ်ကို အမှီလိုက်နိုင်တဲ့ သူတွေဖြစ်ဖို့ လိုတယ်လို့ အကြံပြုကြပြီး ရှေးရိုးကြီးအတိုင်းသွားနေရင်တော့ ယှဉ်ပြိုင်မှုမှာ သူများထက်နောက်ကျသွားမှာ စိုးရိမ်မိတယ်လို့ ပြောကြပါတယ်။
ဇော်မျိုး/Myanmar Harp

No comments:

Post a Comment

My Blog List