Wednesday, May 06, 2020

HLaing Quarantine Center -2 (ကေတုမတီအဆောင်) မှ စောင့်ကြည့် (၃) ဦး နေရပ်ပြန်

Image may contain: outdoor
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်အတွင်းရှိ စေပိုင်ဖွံဖြိုးမှုကုမဏီ၏ ကူညီပံ့ပိုးမှုဖြင့် ဖွင့်လှစ်ထားသည့် HLaing Quarantine Center-2 (ကေတုမတီဆောင်)မှ ကျန်းမာရေး စစ်ဆေးမှုစောင့်ကြည်ခံ( ၃) ဦးမှာ ယနေ့တွင် စောင့်ကြည့်ကာလ ၂၁ ရက် ပြည့်၍ နေရပ်သို့ ပြန်သွားခဲ့ကြောင်း သိရသည်။

''ဒီနေ့ Quarantine ၂၁ ရက်ပြည်လို့ (၃) ဦး နေရပ်ပြန်ပါတယ်။ အားလုံး ကျန်းမာရေး ကောင်းမွန်ပါတယ်။''''' ဟု တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
အဆိုပါ နေရပ်ပြန်များသည် နိုင်ငံရပ်ခြားနေရပ်ပြန်လာခဲ့သူများဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှုခံယူရန်အတွက် ဧပြီ (၁၃) ရက်က HLaing Quarantine Center-2 (ကေတုမတီဆောင်)ဆောင်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
COVID 19 ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကြောင့် နိုင်ငံတွင်းရောဂါထိန်းချုပ်ကာကွယ်ရန် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အစိုးရ၏ ဆောင်ရွက်နေမှုများကို ပူးပေါင်းဆောင်ရွက်သည့်အနေနှင့် စေပိုင်ဖွံ့ဖြိုးမှု လီမိတက်က Hlaing Quarantine Center (1.2.3) ဖွင့်လှစ်ထားရှိပြီး ဦးဆောင် ထောက်ပံ့လှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ အတည်ပြုလူနာ (၁၆၁) ဦးနှင့် သေဆုံးသူ ၆ ဦး ရှိနေကြောင်း ကျန်မာရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
Image may contain: car, outdoor and nature
Image may contain: car, outdoor and nature
အဖြူရောင်

No comments:

Post a Comment

My Blog List