Wednesday, May 06, 2020

မြဝတီမြို့တွင် ညမထွက်ရအမိန့် ချိုးဖောက်သူ (၃၂၉) ဦး စံချိန်တင် ဖမ်းဆီးထိမ်းသိမ်းခံရ

Image may contain: one or more people, people standing and outdoor

မြဝတီမြို့တွင် ည ၁ဝ နာရီမှ နံနက် ၄ နာရီထိ ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ညစဉ်လှည့်ကင်းပတ်ကင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂ဝ ရက်မှ မေလ ၅ ရက်အထိ ၁၆ ရက်အတွင်း အမိန့်ချိုးဖောက်သူ ၃၂၉ ဦး ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သိရသည်။

ဖမ်းဆီးခံရသူများအနက် ၅၀ ဦးကို တရားစွဲတင်ပြီး ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း၊ ကျန်သူများအား ဒဏ်ငွေ ၅သောင်းစီ ငွေဒဏ်ရိုက်ခဲ့ကြောင်း မြဝတီမြို့ အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုထံမှ သိရသည်။
"ဒဏ်ငွေမဆောင်နိုင်သူများကို ထောင်ဒဏ် ၁၅ ရက် ပြစ်ဒဏ်ကျခံ စေပါတယ်။ အခု သူတို့ကို မြဝတီ ခွန်ဆာဝင်းအဆောက်အအုံမှာ ယာယီအချုပ်ထောင်နဲ့ ထိန်းသိမ်းပေးထားပါတယ်"ဟု ၎င်းကပြောသည်။
မြဝတီမြို့တွင် ညမထွက်ရအမိန့်ကြောင့် ဖမ်းဆီးထိမိးသိမ်းခံရသူအများစုမှာ မူးယစ်ဆေးဝါးသုံးစွဲသူများနှင့် ဆိုင်ကယ်ခိုးမှုကျူးလွန်သူများ၊ ခိုးမှု၊ ဖောက်ထွင်းမှုနှင့် ပြစ်မှုမှတ်တမ်းဟောင်းရှိသူများပါရှိကြောင်းလည်း သိရသည်။
ပြစ်မှုမှတ်တမ်းဟောင်းရှိသူများကို ဒဏ်ငွေမရိုက်ဘဲ မြဝတီမြို့တွင်ဖြစ်ပွားခဲ့ပြီးသော အမှုအခင်းများနှင့် ဆက်စပ်မှု ရှိမရှိ စစ်ဆေးကာ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း မြို့ လုံခြုံရေးဆောင်ရွက်နေသည့် ကော်မတီလူကြီးများထံမှ သိရသည်။
"အခု ညမထွက်ရ အမိန့်ကြောင့် တော်တော်လေးအဆင်ပြေနေတယ်။ မြို့ က အရင်ကဆို ညတိုင်း တနေရာမဟုတ်တနေရာ ပစ္စည်းခိုး၊ ကားပျောက်၊ ဆိုင်ကယ်ပျောက်၊ စျေးဆိုင်တွေ အိမ်တွေ အဖောက်ခံရနဲ့။ ဒီကြားထဲ ညပိုင်းဆို မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ သွားလာနေကြတာ။ အခုတော့ တိတ်ဆိတ်နေတယ်။ ညဆို အုပ်ချုပ်ရေးပိုင်းနဲ့ ရပ်မိရပ်ဖတွေနဲ့ လက်နက်ကိုင်အဖွဲ့တွေပူးပေါင်းပြီး ညစဉ် လှည့်နေတော့ အဲဒီပြစ်မှုကျူးလွန်ဖို့ အပြင်ထွက်နေတဲ့သူတွေ တော်တော်များများ မိကုန်တယ်”ဟု မြို့ခံတဦးဖြစ်သူ ကိုနောင်ဟိန်းက ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့တွင် Covid-19 ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေး အစီအစဉ်အရ ညမထွက်ရ အမိန့် ထုတ်ပြန်ထားသော မြို့နယ်တခုဖြစ်သည်နှင့်အညီ မြန်မာရွှေ့ပြောင်းလုပ်သားများ တရားမဝင်နေရပ်ပြန်လည် ဝင်ရောက်သည့် ကိစ္စများ၊ တရားမဝင် တရုတ်နိုင်ငံသားများ၊ အချိန်မတော် ညဘက်သွားလာနေမှုများ၊ ကူးစက်ရောဂါအခြေအနေအား ပေါ့ဆစွာနေထိုင်သွားလာနေမှုများကို အရေးယူဆောင်ရွက်လျက်ရှိသည်။
ကေဆာဝါး

No comments:

Post a Comment

My Blog List