Friday, May 08, 2020

လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေးကံသာယာရပ်ကွက်မှဖြစ်စဉ်ကို တရားရုံးက စစ်ဆေးပြီး ထောင်၃လစီချမှတ်

No photo description available.
တိုင်းအစိုးရ၏ တားမြစ်ချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေး ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်မှဖြစ်စဉ်ကို မြို့နယ်တရားရုံးက စစ်ဆေးပြီး ကျူးလွန်သူများအား ထောင်၃လစီကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်းသိရသည်။

ယမန်နေ့က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါမြို့နယ်မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက
Myanmar Harp ကိုပြောကာ ထောင်ဒဏ်ချမှတ်ခံရသူတို့ကို မန္တလေးထောင်သို့ ပို့လိုက်ပြီဟု သိရကြောင်းဆိုသည်။

ယခုပြစ်ဒဏ်ကျခံခဲ့ရသူတို့သည် ဧပြီလ၁၀ရက်နေ့ သောကြာနေ့ နေ့လယ်ပိုင်းက အဆိုပါ မြို့နယ်အတွင်းရှိ နေအိမ်တစ်ခုထဲ လူစုလူဝေးလုပ်ဖြင့် ဝတ်ပြုဆုတောင်းခဲ့၍ ဖြစ်သည်ဟု သိရသည်။
“တရားစွဲခံရတာက ၁၄ယောက်၊အဲ့ထဲမှာ အသက် ၁၈နှစ်အောက် ကလေးသူငယ် ၂ယောက်ပါတယ်။သူတို့ကတော့ ထောင်မကျဘူး။ကလေးသူငယ်ဥပဒေအတိုင်းဆက်သွားမှာပေါ့။၁၂ယောက်ကတော့ ထောင် ၃လစီကျသွားတယ်။တိုင်းအစိုးရက အမိန့်ထုတ်ထားတာကို သူတို့က ဖောက်ဖျက်ကျူးလွန်တယ်လေ။တရားစဆွဲတော့ သဘာဝဘေးအန္တရာယ်စီမဲခန့်ခွဲမှု ဥပဒေပုဒ်မ ၂၆နဲ့ အမိန့်ချလိုက်တာကတော့ သဘာဝဘေးအန္တရာယ်စီမဲခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)နဲ့ပါ”ဟု လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကပြောသည်။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List