Monday, May 04, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အယောက် ၂၄၈၂၄၀ ၊ ကူးစက်သူ ၃၅၆၅၁၀၄ ယောက် ရှိလာ

Image may contain: 1 person, standing
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ အယောက် ၂၄၈၂၄၀ ရှိလာပြီး ကူးစက်သူ ၃၅၆၅၁၀၄ ယောက် ရှိလာ ပြီလို့ worldometer ဝက်ဘ်ဆိုက်က ဒီမနက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ တစ်ရက်အတွင်း ကူးစက်သူ ၂၇၀၀၀ ကျော် ထပ်တွေ့ခဲ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၁၂ သိန်း နီးပါး ရှိလာပါပြီ။ တစ်ရက်အတွင်း သေဆုံးသူ ၁၁၅၄ ယောက် ရှိခဲ့တာကြောင့် စုစုပေါင်း သေဆုံးသူကလည်း ၆၈၀၀၀ ကျော် ရှိလာပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ ကူးစက်နှုန်းရော သေဆုံးနှုန်းပါ သိသိသာသာ ကျဆင်းတာမျိုး မတွေ့ရ သေးပါဘူး။
ဥရောပရဲ့ ကူးစက်သူအများဆုံး စပိန်နိုင်ငံမှာ တစ်ရက်အတွင်း ကူးစက်သူ ၁၅၀၀ ကျော် ရှိခဲ့တာကြောင့် စုစုပေါင်း ကူးစက် သူ ၂၄၇၀၀ ကျော်သွားပြီဖြစ်ပါတယ်။ သေဆုံးသူကလည်း ၁၆၄ ယောက်ပဲ ရှိခဲ့တာကြောင့် ကူးစက်နှုန်းရော သေဆုံးနှုန်းပါ သိသိသာသာ ကျဆင်းနေပြီလို့ဆိုနိုင်ပါတယ်။ စုစုပေါင်း သေဆုံးသူကတော့ နှစ်သောင်းခွဲကျော်သွားပါပြီ။
ဥရောပရဲ့ သေဆုံးမှုအများဆုံး အီတလီနိုင်ငံမှာလည်း တစ်ရက်အတွင်း သေဆုံးသူ ၁၇၄ ယောက်ပဲ ထပ်တိုးခဲ့ပါတယ်။ မတ် လ ၁၀ ရက်နေ့နောက်ပိုင်း သေဆုံးမှု အနည်းဆုံးအနေအထားကို ရောက်လာတာပါ။ စုစုပေါင်းသေဆုံးသူကတော့ ၂၉၀၀၀ နီးပါး ရှိနေပြီဖြစ်ပါတယ်။ တစ်ရက်အတွင်း ကူးစက်သူ ၁၄၀၀ နီးပါး ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၂၁၀၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း ကူးစက်မှုအများဆုံးနိုင်ငံက ရုရှားနိုင်ငံဖြစ်လာပါတယ်။ တစ်ရက်တည်း မှာပဲ ကူးစက်သူ ၁၀၆၃၃ ယောက် တွေ့ခဲ့တာကြောင့်ပါ။ ရုရှားရဲ့ ကူးစက်နှုန်းက ဥရောပနိုင်ငံကြီးတွေကို မမီသေးပေမယ့် အီရန်၊ တူရကီ၊ ဘရာဇီးနိုင်ငံတွေထက်ပိုများနေပါပြီ။ စုစုပေါင်း ကူးစက်သူ တစ်သိန်းသုံးသောင်းခွဲ နီးပါး ရှိနေပါပြီ။ သေဆုံးသူ ကတော့ တစ်ရက်အတွင်း ၅၈ ယောက်တိုးလာခဲ့ပြီး စုစုပေါင်း ၁၂၈၀ ရှိသွားပါပြီ။
အမေရိကန် ပြည်ထောင်စုပြီးရင် တစ်ရက်အတွင်း သေဆုံးမှု အများဆုံးနိုင်ငံက ဗြိတိန်ပါ။ ၃၁၅ ယောက် ရှိခဲ့ပါတယ်။ စုစုပေါင်း သေဆုံးသူ ၂၈၄၀၀ ကျော်သွားပြီဖြစ်တာကြောင့် ဥရောပမှာ အီတလီပြီးရင် သေဆုံးသူအများဆုံးနိုင်ငံဖြစ်နေပါပြီ။ တစ်ရက်အတွင်း ကူးစက်သူ ၄၀၀၀ ကျော် ထပ်တွေ့တာကြောင့် စုစုပေါင်း ကူးစက်သူ ၁၈၆၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။
ဗိုင်းရပ်စ် စတင် ကူးစက်တဲ့ တရုတ်နိုင်ငံမှာတော့ တစ်ရက်အတွင်း ကူးစက်သူ သုံးယောက်ပဲ ထပ်တွေ့ခဲ့ပါတယ်။ သေဆုံးသူ မရှိခဲ့ပါဘူး။
Source: worldometer

No comments:

Post a Comment

My Blog List