Friday, May 08, 2020

စစ်ကိုင်းတိုင်းအတွင်း ကိုဗစ်နှင့် ပတ်သက်ပြီး လိုက်နာရန်ပျက်ကွက်သူများကို ဆက်တိုက်အရေးယူနေ နှာခေါင်းစည်းမတပ်ဘဲ အပြင်ထွက်သူကိုပါ အရေးယူရန် ပြင်ဆင်နေ

Image may contain: text

စစ်ကိုင်းတိုင်းအတွင်းကိုဗစ်နှင့်ပတ်သက်ပြီး လိုက်နာရန်ပျက်ကွက်သူများကို ဆက်တိုက်အရေးယူနေကြောင်း တိုင်းအစိုးရ အဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရ ဝန်ကြီးဦးမိုးကျော်သူက Myanmar Harp ကို ယနေ့တွင်ပြောသည်။

အရေးယူပြစ်ဒဏ်ချမှတ်နေသည့် ဖြစ်စဉ်ပေါင်းမှာ ၁၀၀ကျော်ရှိနေပြီး ၎င်းတို့မှာ ကိုဗစ်နှင့် စပ်လျဉ်းပြီး ထုတ်ပြန်ထားသောအမိန့်၊ညွှန်ကြားချက်များဖောက်ဖျက်သည့်အတွက် အရေးယူခံလိုက်ရခြင်းဖြစ်သည်ဟု ဝန်ကြီးက ရှင်းပြသည်။
“အယောက် ၁၀၀ကျော်အရေးယူခံလိုက်ရတယ်။ထောင်ဒဏ်တွေချခံလိုက်ရတယ်။ ၃လ၊၆လ နဲ့။အများဆုံးကတော့ ပု်းမ ၁၈၈နဲ့ ညမထွက်ရလို့ တားမြစ်ထားတာကို ဖောက်ဖျက်လို့ အရေးယူခံရတာက များတယ်။တောက် ကူးစက်ရောဂါ တိုက်ဖျက်ရေးနဲ့ရော”ဟု ဝန်ကြီးက ဆက်ပြောသည်။
လက်ရှိတွင် ကိုဗစ်-၁၉ သည် ကူးစက်ပြန့်ပွားမှုအရှိန်မသေသေးဘဲ ပိုးတွေ့လူနာအရေအတွက်လည်း တိုးလာသည့်အတွက် ထုတ်ပြန်ထားမှုအပေါ် လိုက်နာရန် ပျက်ကွက်ပါက အရေးယူရမည်သာဖြစ်ပြီး အရေးယူနေရခြင်းကလည်း ပြည်သူလူထု ရောဂါကူးစက်မှု မပြန့်ပွားစေရေးအတွက်ဖြစ်သည်ဟု ဝန်ကြီးက ရှင်းပြသည်။
ယင်းအပြင် တိုင်းအတွင်း နေအိမ်အပြင်ထွက်လျှင် နှာခေါင်းစည်းများ တပ်ဆင်ပြီးမှ ထွက်ကြရန်၊ဈေးရောင်း၊ဈေးဝယ်လျှင်လည်း နှာခေါင်းစည်းများ တပ်ဆင်ကြရန် ညွှန်ကြားချက်များထုတ်ပြန်ထားပြီးဖြစ်သည့်အပြင် လိုက်နာခြင်းမရှိပါက အရေးယူသွားမည်ဟု ပြောဆိုထားပြီးဖြစ်သည့်အတွက် နှာခေါင်းစည်းနှင့် ပတ်သက်ပြီး အရေးယူရန် စီစဉ်နေကြောင်းလည်း ဝန်ကြီးက ထပ်လောင်းဆိုသည်။
“အစောပိုင်းကတည်းက မလိုက်နာရင် အရေးယူမယ်လို့ ပြောထားပြီးသားပဲ။အခုလည်း တနင်္သာရီတိုင်းက နှာခေါင်းစည်မတပ်ဘဲ အပြင်ထွက်ရင် အရေးယူဖို့ လုပ်နေပြီ။ဒီတော့ တပြေးညီဖြစ်အောင် စစ်ကိုင်းမှာလည်း လုပ်ရမှာပေါ့။ဒီအတွက် ပြင်ဆင်နေပါပြီ”ဟု တိုင်းအစိုးရအဖွဲ့ကိုယ်စား ပြောရေးဆိုခွင့်ရ ဝန်ကြီးဦးမိုးကျော်သူက Myanmar Harp ကို ပြောသည်။
အရေးယူသွားမည့် အစီအစဉ်ကိုမူ စီစဉ်နေဆဲဖြစ်၍ မသိရှိရသေးပေ။
ကိုမင်း/Myanmar Harp

No comments:

Post a Comment

My Blog List