Wednesday, May 06, 2020

Blue Diamond အိတ်စက်ရုံ သပိတ်မှ အလုပ်သမားခေါင်းဆောင်များနှင့် ဝန်းရံသူ ၆ဦးကို ထောင် ၃လချမှတ်မှု ဗကသ ပြင်းထန်စွာဆန့်ကျင်ရှုတ်ချ

Image may contain: one or more people, people standing, tree and outdoor
ဒဂုံဆိပ်ကမ်းစက်မှုဇုံ အတွင်းရှိ Blue Diamond စက်ရုံသပိတ်မှ အလုပ်သမားရေး ဆောင်ရွက်သူများ၊ ဝန်းရံသူများနှင့် အလုပ်သမားခေါင်းဆောင်များ အပါအဝင် ၆ဦးကို မေလ ၄ရက်နေ့တွင် ဖမ်းဆီးပြီး ပုဒ်မ ၁၈၈ဖြင့်ထောင်ဒဏ် ၃လချမှတ်ခဲ့ကြောင်း ဗမာနိုင်ငံလုံးဆိုင် ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ဒုဥက္ကဋ္ဌကိုဝေယံ ဖြိုးမိုးက ပြောဆိုသည်။

ထို ဖမ်းဆီးထောင်ချခံရသူများမှာ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်မှ ကိုကျော်မျိုး၊ ကိုသက်ဦးမောင်၊ ကိုမျိုးကြီး၊ ကိုမင်းမင်းနိုင်ဖြစ်ပြီး ဒဂုံဆိပ်ကမ်း Blue Diamond စက်ရုံသပိတ်မှ အလုပ်သမားခေါင်းဆောင် မဇာဇာထွန်း မလေးလေးမာတို့ကို ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးမှ (ပြည်သူ့ဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာ ထားသော အမိန့်ကို ဖီဆန်ခြင်း) ပုဒ်မ ၁၈၈ဖြင့် ထောင်ဒဏ် (၃) လချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အမိန့်ချတဲ့အပေါ်မှာ အလုပ်သမားအများစုကတော့ ကျောင်းသားတွေအနေနဲ့ကရော ကျေနပ်မှုမရှိဘူးပေါ့ ဒါဖြေရှင်းနည်းမဟုတ်ဘူး။ ဒီအလုပ်သမားတွေက တကယ်ဒီကာ လမှာကိုဗစ် ၁၉ကာလမှာ တကယ်ကို ကျပ်တည်းနေတယ်ဆိုတာလည်း အကုန်လုံး သိပြီသားဖြစ်တယ်။ အလုပ်သမားတွေ အကုန်လုံး လုပ်သားလျှော့ခံရတာတွေအ လုပ်ကနေ ဥပဒေမဲ့ ထုတ်ခံရတာတွေ ပြီးတော့ လစာအပြည့်မရတဲ့ကိစ္စတွေ အဲဒါ မျိုးတွေအလုပ်သမားတွေ တကယ်ဖြစ်နေတယ်။ အလုပ်သမားတွေက ဒါကိုရွေးချယ်စ ရာမရှိလိုသာ ဒီလိုမျိုးသပိတ်မှောက်နည်းကိုရွေးချယ်ခဲ့ရပြီးတော့ ဒီလိုတောင်းဆိုတာ ဖြစ်တယ်။ အဲဒီပေါ်မှာကပြေလည်အောင်လို့ အစိုးရတွေဝန်ကြီးဌာနတွေကနေပြီးတော့ ပြေလည်အောင်ဖြေရှင်းပေးရမယ့်အစား ဒီလိုမတရားဖမ်းဆီးတာတွေပုဒ်မတွေအများ ကြီးတပ်ထားတာမျိုးတွေက ဒါအလုပ်သမားထုကိုချနင်းတာ ဒီအလုပ်သမားထုကို မျက်ကွယ်ပြုတာ အလုပ်သမားအခွင့်အရေးတွေကို အစိုးရကိုယ်တိုင် လုပ်ငန်းရှင်တွေ ကိုယ်တိုင်ကိုကပူးတွဲ ပြီးတော့ပြောင်ပြောင်တင်းတင်းချိုး ဖောက်နေတဲ့အခြေအနေ မျိုးတွေဖြစ်နေတယ်။ အဲဒါမျိုးတွေ ကျွန်တော်တို့က လက်မခံဘူး ဆန့်ကျင်တယ် ပြန်ပြီးတော့ တုန့်ပြန်သွားဖို့ လည်းရှိတယ်” ဟု ကိုဝေယံဖြိုးမိုးကပြောဆိုသည်။
အဆိုပါ Blue Diamond စက်ရုံသည် ဧပြီလ လစာခံစားခွင့်အပြည့်အဝရရှိရေးအတွက် မေလ ၂ရက်နေ့မှ စတင်ကာ စက်ရုံရှေ့တွင် တောင်းဆိုပြီး သပိတ်စခန်း စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မေလ ၄ရက်နေ့တွင် ရဲအင်အား၁၀၀ ခန့်၊ စည်ပင်များ၊ အထွေထွေအုပ်ချုပ်ရေးအုပ်ချုပ်ရေးဦးစီးဌာနက အမည်စာရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သပိတ်စခန်းကိုလည်း ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။
Photo Credit - Naung Naung

No comments:

Post a Comment

My Blog List