Friday, May 08, 2020

အမျိုးသားလွှတ်တော်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း

Image may contain: sky and outdoor
အမျိုးသားလွှတ်တော်ရုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်း ဦးဆောင်၍ လူအင်အား (၃၂)ဦး အထောက်အကူပြုကား (၆)စီးတို့ဖြင့် MMK BLEACH ဆေးရည်များ လိုက်လံဖြန်းပေးမှုများ လုပ်ဆောင်လျကိရှိကြောင်းသိရသည်။

ပိုးသတ်ဆေးများကို အမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ရုံးခန်းများနှင့် လျှောက်လမ်းများ၊ ပုရဝဏ်များ အား ဆေးဖြန်းခြင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်၏ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၁၈ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
လွှတ်တော်အစည်းအဝေးတက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ၎င်းတို့နေထိုင်သည့် တည်းခိုရိပ်သာတွင် စစ်ဆေးမှုများလုပ်ဆောင်ပြီး ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်မည့် အခြားပါတီများမှ ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့နေထိုင်ရာ အဆောင်တွင် Quarantine ငါးရက်ဝင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးသို့ လာရောက်စဉ်အတွင်း မိသားစု ၊လူပိုများခေါ်ဆောင်လာခြင်းမပြုရန်လည်း အသိပေးထားကြောင်း သိရသည်။
No photo description available.
Image may contain: outdoor
Image may contain: one or more people, people standing and outdoor
ယဉ်ကေနွယ်
Photo- အမျိုးသားလွှတ်တော် page

(zawgyi)
အမျိုးသားလွှတ်တော်တွင် COVID-19 ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖြန်း
အမျိုးသားလွှတ်တော်ရုံးတွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် ယနေ့ နံနက်ပိုင်းက စိုးလျှပ်စစ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးကျော်မင်းထွန်း ဦးဆောင်၍ လူအင်အား (၃၂)ဦး အထောက်အကူပြုကား (၆)စီးတို့ဖြင့် MMK BLEACH ဆေးရည်များ လိုက်လံဖြန်းပေးမှုများ လုပ်ဆောင်လျကိရှိကြောင်းသိရသည်။
ပိုးသတ်ဆေးများကို အမျိုးသားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ရုံးခန်းများနှင့် လျှောက်လမ်းများ၊ ပုရဝဏ်များ အား ဆေးဖြန်းခြင်း ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်၏ ၁၆ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို မေလ ၁၈ ရက်တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
လွှတ်တော်အစည်းအဝေးတက်ရောက်မည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ၎င်းတို့နေထိုင်သည့် တည်းခိုရိပ်သာတွင် စစ်ဆေးမှုများလုပ်ဆောင်ပြီး ရောဂါပိုးတွေ့ရှိခြင်းမရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေညာထားသည်။
လွှတ်တော်အစည်းအဝေးသို့ တက်ရောက်မည့် အခြားပါတီများမှ ကိုယ်စားလှယ်များ အနေဖြင့်လည်း မိမိတို့နေထိုင်ရာ အဆောင်တွင် Quarantine ငါးရက်ဝင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်များအနေဖြင့် အစည်းအဝေးသို့ လာရောက်စဉ်အတွင်း မိသားစု ၊လူပိုများခေါ်ဆောင်လာခြင်းမပြုရန်လည်း အသိပေးထားကြောင်း သိရသည်။
ယဉ်ကေနွယ်
Photo- အမျိုးသားလွှတ်တော် page

No comments:

Post a Comment

My Blog List