Friday, May 08, 2020

အိန္ဒိယလေတပ်မှMIG-29 ဂျက်တိုက်လေယာဉ်ပျက်ကျ

Image may contain: outdoor and text
အိန္ဒိယလေတပ်မှ MiG-29 ကြားဖြတ် ဂျက်တိုက်လေယာဉ်တစ်စင်း ယနေ့ ပန်ဂျပ်ပြည်နယ် ဂျလန်ဒါ အနီး လေကျင့်နေစဉ် ပျက်ကျသွားခဲ့သည်။

အဆိုပါ ဂျက်တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူးမှာ ဘေးကင်းစွာ လွတ်မြောက်ခဲ့သည်။ လေ ယာဉ်မှူးအား ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောသည်။
နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်မှူးက လေယာဉ်ကို မထိန်းချုပ်နိုင်ပဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ အဆိုပါလေယာဉ်မှူးအား ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည်။
မတော်တဆဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် တရားရုံးတစ်ရုံးသို့ အမိန့်ပေးခဲ့သည် ဟု အိန္ဒိယလေတပ်က ဆိုသည်။
ပန်ဂျပ်ပြည်နယ်ရှိ လယ်ကွင်းတစ်ခုထဲတွင် လေယာဉ်၏ အပျက်အစီးများ မီး တောက်လောင်နေသည်ကို မြင်တွေ့နိုင်သည်။
MiG-29 သည် ၁၉၉၉ ခုနှစ်တွင် ကာဂျီစစ်ပွဲအတွင်း အသုံးပြုခဲ့သည့် ဆိုဗီယက်ခေတ် အမြန်ကြားဖြတ် ဂျက်တိုက်လေယာဉ်တစ်စင်းဖြစ်သည်။
တိုင်းပြည်အတွင်း ဝင်ရောက်လာသော ရန်သူ၏ ဂျက်တိုက်လေယာဉ်များကို ဗုံးကြဲမစ်ရှင် ဆောင်ရွက် သည့် အခြား ဂျက်လေယာဉ်များကို လိုက်ပါစောင့်ကြပ်ရန်လည်း အသုံးပြုခဲ့သည်။
Image may contain: outdoor and nature
Image may contain: outdoor and nature
ကိုးကား။ ။ပီတီအိုင်
Ref; MiG-29 Fighter Jet Crashes In Punjab, Pilot Ejects Safely, Probe Ordered

အိန္ဒိယလေတပ်မှMIG-29 ဂျက်တိုက်လေယာဉ်ပျက်ကျ
၂၀၂၀၊ မေ ၈(PeopleMedia)
အိန္ဒိယလေတပ်မှ MiG-29 ကြားဖြတ် ဂျက်တိုက်လေယာဉ်တစ်စင်း ယနေ့ ပန်ဂျပ်ပြည်နယ် ဂျလန်ဒါ အနီး လေကျင့်နေစဉ် ပျက်ကျသွားခဲ့သည်။
အဆိုပါ ဂျက်တိုက်လေယာဉ်ပျက်ကျမှုတွင် လေယာဉ်မှူးမှာ ဘေးကင်းစွာ လွတ်မြောက်ခဲ့သည်။ လေ ယာဉ်မှူးအား ကယ်ဆယ်ရေးရဟတ်ယာဉ်တစ်စင်းဖြင့် ခေါ်ဆောင်သွားခဲ့ကြောင်း အိန္ဒိယလေတပ်က ထုတ်ပြန် ချက်တစ်ခုအတွင်း ပြောသည်။
နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် လေယာဉ်မှူးက လေယာဉ်ကို မထိန်းချုပ်နိုင်ပဲ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။ အဆိုပါလေယာဉ်မှူးအား ရဟတ်ယာဉ်ဖြင့် ကယ်ဆယ်ခဲ့သည်။
မတော်တဆဖြစ်ပွားရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရန် တရားရုံးတစ်ရုံးသို့ အမိန့်ပေးခဲ့သည် ဟု အိန္ဒိယလေတပ်က ဆိုသည်။
ပန်ဂျပ်ပြည်နယ်ရှိ လယ်ကွင်းတစ်ခုထဲတွင် လေယာဉ်၏ အပျက်အစီးများ မီး တောက်လောင်နေသည်ကို မြင်တွေ့နိုင်သည်။
MiG-29 သည် ၁၉၉၉ ခုနှစ်တွင် ကာဂျီစစ်ပွဲအတွင်း အသုံးပြုခဲ့သည့် ဆိုဗီယက်ခေတ် အမြန်ကြားဖြတ် ဂျက်တိုက်လေယာဉ်တစ်စင်းဖြစ်သည်။
တိုင်းပြည်အတွင်း ဝင်ရောက်လာသော ရန်သူ၏ ဂျက်တိုက်လေယာဉ်များကို ဗုံးကြဲမစ်ရှင် ဆောင်ရွက် သည့် အခြား ဂျက်လေယာဉ်များကို လိုက်ပါစောင့်ကြပ်ရန်လည်း အသုံးပြုခဲ့သည်။
ကိုးကား။ ။ပီတီအိုင်
Ref; MiG-29 Fighter Jet Crashes In Punjab, Pilot Ejects Safely, Probe Ordered

No comments:

Post a Comment

My Blog List