Wednesday, May 06, 2020

မန္တလေး ကန်တော်နဒီဆေးရုံရှိ အသက်(၈၀)အရွယ် COVID-19 လူနာ ရောဂါပျောက်ကင်း၊ ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative အဖြေထွက်သဖြင့် ကြပ်မတ်ကုသရန် မလိုတော့ဘဲ Quarantine ဝင်မည်


Image may contain: one or more people, people standing and outdoor
မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူနေသည့် မတ္တရာမြို့မှ အသက်(၈၀)အရွယ် COVID-19 အတည်ပြုလူနာ (Case-132) သည် ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative (ရောဂါပိုးမရှိ) အဖြေထွက်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း ကန်တာ်နဒီဆေးရုံ၊ ဆေးရုံအုပ် ဒေါက်တာခင်ကျော်က Mandalay Indepth News အား ပြောသည်။
“ဟုတ်တယ်။ မနေ့ညက အဖြေမှာ ဒုတိယအကြိမ် Negative” ဟု ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

ထိုသို့ နှစ်ကြိမ်ဆက် Negative အဖြေထွက်သူကို COVID-19 ရောဂါ ပျောက်ကင်းသည်ဟု သတ်မှတ်ပြီး ဆင်းရုံဆင်းခွင့်ပြုကာ Quarantine (ကန့်သတ်စောင့်ကြည့်) အဖြစ် နေထိုင်စေသည်။ မတ္တရာမှ အသက်(၈၀)အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အမျိုုးသားသည်လည်း ဆေးရုံတွင် ကြပ်မတ်ကုသရန် မလိုတော့ဘဲ Facility Quarantine အဖြစ် (၁၄) ရက် နေရမည်ဖြစ်သည်။

“ပုံမှန်ကတော့ နဒီမြန်မာကို သွားရမှာ။ ဒါပေမယ့် ကန်တော်နဒီကလည်း လူမှ မရှိတာကိုး။ ကျွန်တော်တို့ အခန်းတွေကလည်း နောက်ဆုံး အထပ်ခွဲထားလိုက်ရင်ကို ရတာပေ့ါနော်။ အဲ့ဒီတော့ လောလောဆယ် ဟိုဘက်ကို မရွှေ့ဘဲနဲ့ အပေါ်မှာပဲ ။ သူတို့လည်း နေချင်စိတ်ရှိရင်ပေါ့။ သူတို့လည်း ပြဿနာ မရှိဘူး ဆိုရင်ပေါ့။ လက်ရှိမှာ မရွှေ့ပြောင်းရသေးဘူး။ ဒီနေ့ပဲ ရွှေ့မှာ” ဟု မတ္တရာမှ လူနာကို နဒီမြန်မာဟိုတယ်သို့ မရွေ့ဘဲ ကန်တော်နဒီ ဆေးရုံ၌ပင် Quarantine နေလိုပါက နေခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာခင်ကျော်က ရှင်းပြသည်။

မတ္တရာမြို့နေ အသက်(၈၀)အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အမျိုးသားတွင် COVI-19 ရောဂါပိုး တွေ့ရိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ(၂၃)ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ၎င်းလူနာကို မေလ(၂)ရက်နှင့် (၄)ရက်တို့တွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဓါတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါမရှိ (Negative) အဖြေ ထွက်ပေါ်ခြင်း ဖြစ်သည်။

မန္တလေးကန်တော်နဒီ ဆေးရုံ၌ ကုသနေသည့် COVID-19 အတည်ပြုလူနာ နှစ်ဦးရှိပြီး ကျန်တစ်ဦးဖြစ်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးသည်လည်း ကျန်းမာရေး တည်ငြိမ်ကောင်းမွန်လျှက် ရှိသည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောသည်။

ယနေ့ မေလ(၆)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်သူ (၄၉) ဦးနှင့် သေဆုံးခဲ့သူ (၆)ဦး ရှိသည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – MFSD
.

မန္တလေး ကန်တော်နဒီဆေးရုံရှိ အသက်(၈၀)အရွယ် COVID-19 လူနာ ရောဂါပျောက်ကင်း၊ ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative အဖြေထွက်သဖြင့် ကြပ်မတ်ကုသရန် မလိုတော့ဘဲ Quarantine ဝင်မည်

မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူနေသည့် မတ္တရာမြို့မှ အသက်(၈၀)အရွယ် COVID-19 အတည်ပြုလူနာ (Case-132) သည် ဓါတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative (ရောဂါပိုးမရှိ) အဖြေထွက်သဖြင့် ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း ကန်တာ်နဒီဆေးရုံ၊ ဆေးရုံအုပ် ဒေါက်တာခင်ကျော်က Mandalay Indepth News အား ပြောသည်။

“ဟုတ်တယ်။ မနေ့ညက အဖြေမှာ ဒုတိယအကြိမ် Negative” ဟု ဆေးရုံအုပ် ဒေါက်တာခင်ကျော်က ပြောသည်။

ထိုသို့ နှစ်ကြိမ်ဆက် Negative အဖြေထွက်သူကို COVID-19 ရောဂါ ပျောက်ကင်းသည်ဟု သတ်မှတ်ပြီး ဆင်းရုံဆင်းခွင့်ပြုကာ Quarantine (ကန့်သတ်စောင့်ကြည့်) အဖြစ် နေထိုင်စေသည်။ မတ္တရာမှ အသက်(၈၀)အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အမျိုးသားသည်လည်း ဆေးရုံတွင် ကြပ်မတ်ကုသရန် မလိုတော့ဘဲ Facility Quarantine အဖြစ် (၁၄) ရက် နေရမည်ဖြစ်သည်။

“ပုံမှန်ကတော့ နဒီမြန်မာကို သွားရမှာ။ ဒါပေမယ့် ကန်တော်နဒီကလည်း လူမှ မရှိတာကိုး။ ကျွန်တော်တို့ အခန်းတွေကလည်း နောက်ဆုံး အထပ်ခွဲထားလိုက်ရင်ကို ရတာပေ့ါနော်။ အဲ့ဒီတော့ လောလောဆယ် ဟိုဘက်ကို မရွှေ့ဘဲနဲ့ အပေါ်မှာပဲ ။ သူတို့လည်း နေချင်စိတ်ရှိရင်ပေါ့။ သူတို့လည်း ပြဿနာ မရှိဘူး ဆိုရင်ပေါ့။ လက်ရှိမှာ မရွှေ့ပြောင်းရသေးဘူး။ ဒီနေ့ပဲ ရွှေ့မှာ” ဟု မတ္တရာမှ လူနာကို နဒီမြန်မာဟိုတယ်သို့ မရွေ့ဘဲ ကန်တော်နဒီ ဆေးရုံ၌ပင် Quarantine နေလိုပါက နေခွင့်ပြုမည်ဖြစ်ကြောင်း ဒေါက်တာခင်ကျော်က ရှင်းပြသည်။

မတ္တရာမြို့နေ အသက်(၈၀)အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူ အမျိုးသားတွင် COVI-19 ရောဂါပိုး တွေ့ရိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ(၂၃)ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့သည်။ ၎င်းလူနာကို မေလ(၂)ရက်နှင့် (၄)ရက်တို့တွင် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ဓါတ်ခွဲစစ်ဆေးခဲ့ရာ COVID-19 ရောဂါမရှိ (Negative) အဖြေ ထွက်ပေါ်ခြင်း ဖြစ်သည်။

မန္တလေးကန်တော်နဒီ ဆေးရုံ၌ ကုသနေသည့် COVID-19 အတည်ပြုလူနာ နှစ်ဦးရှိပြီး ကျန်တစ်ဦးဖြစ်သည့် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်နေ အသက်(၃၈)နှစ်အရွယ် အမျိုးသမီးသည်လည်း ကျန်းမာရေး တည်ငြိမ်ကောင်းမွန်လျှက် ရှိသည်ဟု ဆေးရုံတာဝန်ရှိသူများက ပြောသည်။

ယနေ့ မေလ(၆)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီး ၎င်းတို့အနက် ရောဂါပိုးကင်းစင်သူ (၄၉) ဦးနှင့် သေဆုံးခဲ့သူ (၆)ဦး ရှိသည်။

မန္တလေး ကန်တော်နဒီဆေးရုံ/ Photo – MFSD

No comments:

Post a Comment

My Blog List