Wednesday, May 06, 2020

မြောက်ဦးမြို့နယ်အမျိုသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ကွယ်လွန်

Image may contain: 1 person
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်(၇၁)သည် ယနေ့နံနက် ၆ နာရီ၁၅ မိနစ်က စစ်တွေပြည်သူ့ဆေးရုံကြီ၌ ကွယ်လွန်သွားကြောင်းသိရသည်။

ဦးကျော်ကျော်မှာ ဦးနှောက်အမြှေးပါးရောင်ရောဂါခံစားနေရပြီး ဘယ်ဘက်ခြမ်းသွေးကြော ပိတ်ကာ ကွယ်လွန်ခြင်း ဖြစ်ကြောင်းသမီးဖြစ်သူ ဒေါ်စံစံသိန်း(ခေါ်)မေချေက ပြောသည်။
" ဧပြီတစ်ရက်နေ့တည်းက စစ်တွေမှာ ဆေးခန်းပြပါတယ်။ ဧပြီ၁၂ရက်နေ့မှာ နယ်ပြည်တော်ကုတင် တစ်ထောင် ဆေးရုံမှာတက်ပါတယ်။ ၉ ရက်တိတိပါ။ နေကောင်းလို့ အိမ်ကိုပြန်လာခဲ့ပါတယ်။ အိမ်ပြန်ရောက်တော့ ခေါင်းကအခြေနေမကောင်းပြန်ဘူး။ အစာလည်းမဝင်တော့ မေ ၁ရက်နေ့က စစ်တွေ ဆေးရုံထပ်တက်ရတာပါ။ ဒီနေ့ဆုံးတာပါ။ မြောက်ဦးကိုသယ်သွားပါမယ်။ သင်္ဂြ ိုလ်ဖို့ကိစ္စတွေတော့ မိသားစုနဲ့ တိုင်ပင်ရပါမယ်" ဟု ၎င်းက ပြောသည်။
ဦးကျော်ကျော်မှာ မြောက်ဦးမြို့နယ် တောင်ရပ်(ဘီအိုစီ)ရပ်ကွက် ဇာတိဖြစ်ပြီး ၈- ၇- ၁၉၅၀ ခုနစ်တွင်မွေးဖွားသည်။ ဥပဒေဘွဲ့ (LLB) ရရှိခဲ့ပြီး အငြိမ်းစား အထက်တန်းပြကျောင်း ဆရာတစ်ဦးဖြစ်သည်။
၂၀၁၅ခုနစ် ရွေးကောက်ပွဲဝင်တွင် ရခိုင်အမျိုးသား ပါတီကို ကိုယ်စားပြုပြီး မြောက်ဦးမြို့နယ် မဲန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရာ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံခဲ့ရသည်။
နိရဥၥရာ
Unicode:

နိရဉ်စရာ

No comments:

Post a Comment

My Blog List