Friday, May 08, 2020

စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်

Image may contain: one or more people
နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အမှန်တကယ် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်နိုင်ရေးအတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများ၊ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက် ရှိပါသည်။

ထိုသို့ ဆောင်ရွက်ပေးလျက်ရှိညှိနှိုင်းနိုင်ငံတွင် အခက်အခဲများကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသား (၁၄၄) ဦးအား မြန်မာအမျိုးသားလေကြောင်းလိုင်း (Myanmar National Airlines -MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပထမအသုတ်အဖြစ် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၇-၅-၂၀၂၀ ရက်၊ မွန်းလွဲပိုင်း ၁၅၁၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ်ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ပေးခဲ့ပါသည်။
လက်ရှိတွင် ပြည်ပနိုင်ငံအသီးသီး၌ အမှန်တကယ် အခက်အခဲကြုံတွေ့နေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လိုသော မြန်မာနိုင်ငံသားများအား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၃၀-၄-၂၀၂၀ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံမှ (၉၆) ဦး၊ ၂-၅-၂၀၂၀ ရက်နေ့တွင် ဂျပန်နိုင်ငံမှ (၁၉၅) ဦး၊ ၆-၅-၂၀၂၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၃၈) ဦးနှင့် ထိုင်းနိုင်ငံမှ (၁၃၅) ဦး၊ ၇-၅-၂၀၂၀ ရက်နေ့တွင် စင်ကာပူနိုင်ငံမှ (၁၄၄) ဦး စသည်ဖြင့် စုစုပေါင်း (၆၀၈) ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
စင်ကာပူနိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် (Zawgyi)

Image may contain: one or more people, basketball court and indoor
Image may contain: one or more people
Image may contain: one or more people, table and indoor
Image may contain: sky, cloud, tree, plant and outdoor
Image may contain: one or more people and indoor

No comments:

Post a Comment

My Blog List