Wednesday, May 06, 2020

မိုးညှင်းမြိုမှ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်မှုခံယူသူများ စားစရိတ် ကိုယ်တိုင်ကျခံ နေထိုင်ရမည်


Image may contain: 1 person
ကချင်ပြည်နယ် မိုးညှင်းမြို့ မှာ အသွားအလာ ကန့်သတ်စောင့်ကြပ်ကြည့်ရှုမှု ခံယူကြသူတွေအနေနဲ့ ကိုယ်တိုင်ကုန်ကျစားရိတ် ကျခံနေထိုင်ရာမှာ ဖြစ်တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီ တာဝန်ရှိသူက ပြောပါတယ် ။ အခုလိုဆောင်ရွက်ရတာဟာ ကိုဗစ်ကော်မတီ ရန်ပုံငွေ အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ မြို့နယ်ကိုဗစ်ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ရှင်းပြပါတယ်။
"ရက်ကကြာလာတော့ မတတ်နိူင်တော့ဘူးလေ၊ ကော်မတီမှာလည်း အခက်အခဲက အဲ့လိုဖြစ်နေတယ်။ ယခု အထက(၁)မှာ ကွာရန်တင်းဝင်သူတွေကိုတော့ မိမိအစီအစဥ် နဲ့မိမိတို့ ရေကအစ စားရေးသောက်ရေးအထိ သူတို့နေအိမ်ကစီစဥ်ပြီး လာပို့ဖို့ ကော်မတီက ပြောထားတယ်ပေါ့၊ သူတို့အတွက်ကိုတော့ ဗော်လန်တီယာတွေ ကျန်းမာရေး ဆရာမတွေကိုတော့ စီစဥ်ပေးထားတယ်” လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦး က ပြောပါတယ်။
လက်ရှိ မိုးညှင်း အ.ထ.က(၁)က အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်မှု ခံနေသူတွေဟာ ရန်ကုန် မန္တလေး၊ ကသာ၊ မြစ်ကြီးနား၊ မူဆယ် ၊လားရှိုး နဲ့ တရုတ်ပြည်ချန်းတုံးက လာရောက်ကြသူတွေဖြစ်ပြီး မေ(၅)ရက်အထိ နေထိုင်နေသူ (၂၁)ဦးရှိတယ် လို့ ကွာရန်တင်စင်တာ စောင့်ကြပ်ကြည့်ရူ့တာဝန်ခံ ဦးတင်လင်းက ပြောပါတယ်။ ဒါ့အပြင် မိုးညှင်းမြို့ ပုညရှင် ကွာရန်တင်းစင်တာမှာ လက်ရှိ (၃၁)ဦး နေထိုင်နေပြီး အလှူရှင်တွေရဲ့ရန်ပုံငွေနဲ့ အခမဲ့ကျွေးမွေး နိုင်ခဲ့ပေမယ့် ထပ်မံ ဝင်ရောက်လာမယ့် သူတွေကတော့ ကိုယ်တိုင်စားစရိတ်ကျခံ ဝင်ရောက် ကြရမှာ ဖြစ်တယ်လို့ သိရပါတယ်။
မိုးညှင်းမြို့မှာ ကန့်သတ်စောင့်ကြပ်ကြည့်မှုတွေ ပြုလုပ်ဖို့ နေရာ (၆)ခု စီစဥ်ထားရှိခဲ့ပြီး လက်ရှိမှာ ပုညရှင်နဲ့ အ.ထ.က(၁) နေရာနှစ်ခုပဲ ကန့်သတ် စောင့်ကြပ်ကြည့်မှု ခံယူသူတွေကို ထားရှိ ဆောင်ရွက်နေတယ်လို့ သိရပါတယ်၊။
Image may contain: 2 people, people standing
Image may contain: one or more people, people standing and outdoor
Image may contain: house and outdoor
သတင်း- မိုးမြင့်

No comments:

Post a Comment

My Blog List