Friday, May 08, 2020

လာအိုနိုင်ငံမှ နေရပ်ပြန်မြန်မာလုပ်သား (၁၂၈)ဦးကို ပထမအကြိမ် ပြန်လည်လက်ခံ


Image may contain: one or more people, people standing and outdoor
လာအိုနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား (၁၂၈)ယောက်ကို ပထမဆုံးအကြိမ်အဖြစ် မေ(၈)ရက် မနက်ပိုင်းက တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှာ ပြန်လည်လက်ခံ ခဲ့ပါတယ်။ 
အဲဒီမြန်မာလုပ်သားတွေကို လာအိုနိုင်ငံ၊ ဘန်မောမွန်းဆိပ်ကမ်းမှာ နှစ်နိုင်ငံ တာဝန်ရှိသူတွေ တွေ့ဆုံ လက်ခံခဲ့တာဖြစ်ပြီး လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ကာ နေရပ်ပြန်ပို့ဖို့စီစဉ်ထားတယ်လို့ တာချီ လိတ်ခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်က ပြောပါတယ်။ 

လာအိုနိုင်ငံကနေ နေရပ်ပြန်ဖို့ စာရင်းပေး ထားတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား (၁၇၈)ယောက် စာရင်းပေးထားပေမယ့် တချို့မှာနေရပ်ပြန်ဖို့ အဆင်သင့် မဖြစ်တာကြောင့် လိုက်မလာနိုင်ဘူးလို့ နေရပ်ပြန်လာသူတွေကပြောပါတယ်။ 

လာအိုနိုင်ငံမှာ အလုပ်အကိုင်တွေ လည်းမကောင်းတော့သလို ရောဂါပိုးကိုလည်းကြောက်လာတာကြောင့် ကိုယ့်နေရပ်ကိုပြန်လာတာလို့ ကိုဝေလင်း ကပြောပါတယ်။ 

တာချီလိတ်ခရိုင်အနေနဲ့ ထိုင်း၊ လာအို နိုင်ငံတွေက ပြန်လာမယ့် နေရပ်ပြန်တွေနဲ့ တရုတ်နိုင်ငံ နယ်စပ် မိုင်းလားဒေသက ပြန်လာမယ့် နေရပ်ပြန်တွေကို စိစစ်လက်ခံပြီး နေရပ်ကို ပြန်လည် ပို့ဆောင်ပေး နေတာပါ။ 
Image may contain: one or more people, crowd, tree and outdoor
Image may contain: 1 person, sitting and outdoor
သတင်း-ဉာဏ်လင်းထက်

No comments:

Post a Comment

My Blog List