Friday, May 08, 2020

အင်းစိန်ရှိ အိမ်ခြေ ၁ သောင်းကျော်နှင့် လူဦးရေ ၄၇၀၀၀ ကျော်ကို ကျန်းမာရေး စစ်တမ်းကောက်ယူနိုင်ခဲ့

Image may contain: one or more people and people standing
မြန်မာနိုင်ငံ၌ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်သည့် အင်းစိန်မြို့နယ်ရှိ အိမ်ခြေ ၁ သောင်းကျော်နှင့် လူဦးရေ ၄၇၀၀၀ ကျော်ကို စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း အင်းစိန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က အတည်ပြုပြောကြားသည်။

"ကျန်းမာရေးစစ်တမ်းကောက်တဲ့အခါမှာ အဖြစ်များဆုံး ရပ်ကွက်လေးရပ်ကွက်က အိမ်ခြေ ၁ သောင်းကျော် လူဦးရေ ၄၇၀၀၀ ကျော်ကို ကောက်နိုင်ခဲ့တယ်"ဟု ၎င်းက ဆိုသည်။
အင်းစိန်မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူအများဆုံးရှိသည့် တောင်သူကုန်းရပ်ကွက်၊ ကြို့ကုန်းအရှေ့ရပ်ကွက်၊ ကြို့ကုန်းအနောက်ရပ်ကွက်နှင့် ရွာမအရှေ့ရပ်ကွက်များကို ကျန်းမာရေးစစ်တမ်းကောက်ယူရာ၌ ကြို့ကုန်းအရှေ့ရပ်ကွက်မှ ၁ ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက်မှ ၁ ဦး၊ တောင်သူကုန်းရပ်ကွက်မှ ၁ ဦး စုစုပေါင်း ၃ ဦးအား အင်းစိန်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကုသမှုပေးခဲ့ရပြီး၊ ကြို့ကုန်းအရှေ့ရပ်ကွက်မှ ၅ ဦး၊ ကြို့ကုန်းအနောက်ရပ်ကွက်မှ ၆ ဦး၊ ရွာမအရှေ့ရပ်ကွက်မှ ၁ ဦး၊ တောင်သူကုန်းရပ်ကွက်မှ ၄ ဦး စုစုပေါင်း ၁၆ ဦးကို လှိုင် Quarantine Center သို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

‌"သူတို့ကတော့ ကိုဗစ် -၁၉ ပိုးရှိတဲ့လူနဲ့ ထိတွေ့ခဲ့တဲ့ လူတွေတော့မဟုတ်ပါဘူး။ ဖျားတာ နာတာ ချောင်းဆိုးတာတွေ ဖြစ်နေလို့ သံသယလူနာဖြစ်လို့ ဓာတ်ခွဲစမ်းသပ်မှု ပြုလုပ်လို့ရအောင် ပို့ရတာဖြစ်ပါတယ်"ဟု ဦးဝေဖြိုးဟန်က ဆိုသည်။
စစ်တမ်းကောက်ယူရာတွင် ချောင်းဆိုးခြင်း၊ ဖျားခြင်း၊ မောပန်းခြင်း၊ အသက်ရှူရခက်ခြင်း၊ လည်ချောင်းနာခြင်း၊ အနံ့အရသာပျောက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားအလွန်နာကြင်ခြင်း၊ ချမ်းတုန်ခြင်းများ ရှိ/မရှိ အိမ်ပေါက်စေ့ လိုက်လံစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းအင်အား ၂၅၀ ဦး၊ ခရိုင်/တိုင်း ကြီးကြပ် ၃၀ ဦး၊ မြို့နယ် covid လုပ်ငန်းကော်မတီမှ ၁၀ ဦး၊ စေတနာ့ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီ၊ အရံမီးသတ်၊ ရပ်ကွက်အုပ်‌ချုပ်ရေးအဖွဲ့အင်အား ၄၅၀ ဦး စုစုပေါင်း လူအင်အား ၇၄၀ ဦးဖြင့် အဖွဲ့ပေါင်း ၁၆၇ ဖွဲ့၊ အရံအဖွဲ့ ၂၀ ပါဝင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
စုစုပေါင်း အိမ်ခြေ ၁၀၇၄၄ မှ လူဦးရေ စုစုပေါင်း ၄၇၆၅၃ ဦးအား ကျန်းမာရေးစစ်တမ်းကောက်ယူနိုင်ခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၉၂% အောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။

သတင်း - သီတာလွင်/စံတော်ချိန်
ဓာတ်ပုံ - ဦးနိုင်ငံလင်း (FB)

(Zawgyi Version)

No comments:

Post a Comment

My Blog List