Friday, May 08, 2020

ဥရောပသမဂ္ဂငွေကြေးစနစ်အတွက် အန္တရာယ်ရှိနိုင်သဖြင့် မြန်မာအပါအဝင် နိုင်ငံအချို့ကိုအမည်ပျက်စာရင်းသွင်း

Image may contain: stripes, sky and outdoor
ဥရောပသမဂ္ဂ (EU) ၏ငွေကြေးစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကိုအမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည့်စာတမ်းတစောင်ကို EU က မေလ ၈ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။
၎င်းစာတမ်းမူကြမ်းတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဘဟားမား၊ မော်ရေး ရှပ်(စ်)၊ ဘာဘေးဒိုး(စ်)၊ ဘော့(စ်)ဝါနာ၊ ဂါနာ၊ ဂျမေကာ၊ မွန်ဂိုလီးယား၊ နီကာရာဂွာ၊ ပနားမားနှင့် ဇင်ဘာဘွေနိုင်ငံတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း မအောင်မြင်မှု(ဝါ)အားနည်းမှု၊ အကြမ်းဖက်အဖွဲ့အစည်းများအတွက် ငွေကြေး ထောက်ပံ့မှုများနှင့်ဆက်စပ်ပြီး EU က အမည်ပျက်နိုင်ငံများစာရင်းတွင် ထည့် သွင်းခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (The Financial Task Force-FATF) က ယခုနှစ် ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ခဲ့သည့် စောင့်ကြည့်ခံနိုင်ငံများစာရင်းတွင်လည်း အဆိုပါနိုင်ငံများအားလုံး ပါဝင်နေသည်ကို တွေ့ရသည်။

ဥရောပသမဂ္ဂဥပဒေအရ အဆိုပါနာမည်ပျက်စာရင်းဝင်နိုင်ငံများနှင့် ငွေကြေးပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက် သည့်ဖောက်သည်များကို သက်ဆိုင်ရာဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများက အထူးစိစစ်ကြပ်မတ်ရန် တာဝန်ရှိကြောင်း သိရသည်။

အမည်ပျက်စာရင်းဝင်နိုင်ငံများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးချိတ်ဆက်လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။

သို့ရာတွင်လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုအခြအနေကြောင့် သေချာစွာစိစစ်ကြပ်မတ်ခြင်းကို လာမည့်အောက်တိုဘာလလောက်တွင်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့ပြင် COVID-19 ကာလအတွင်း ငွေကြေးခဝါချမှုဆိုင်ရာအစီရင်ခံစာတခုကိုလည်း FATF က မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် COVID-19 ကာလအတွင်း အစိုးရရန်ပုံငွေနှင့် နိုင်ငံတကာငွေကြေး အထောက်အပံ့များကို ကိုယ်ကျိုးအတွက်အလွဲသုံးခြင်း၊ လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုများတိုးလာမှု၊ COVID-19 ကြောင့် တရားဥပဒေနှင့် မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်မှုရှိလာ၍ ရာဇဝတ်ဂိုဏ်း များ၏ လှုပ်ရှားမှုပုံစံအပြောင်းအလဲ၊ COVID-19 ကြောင့် အစိုးရနှင့် ပုဂ္ဂလိကငွေကြေးအဖွဲ့အစည်းမြား၏ ငှကွေေးခဝါ ခမြှုတိုကျဖကြျရေးစှမျးဆောင်ရည် ထိခိုက်မှုများကိုတွေ့ရှိရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် FATF ၏ အမည်ပျက်စာရင်းမှ ၂ဝ၁၆ ဇွန်လအတွင်းက လွတ်မြောက်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါ ရီတွင် စာရင်းပြန်လည်ထည့်သွင်းခံရခြင်းဖြစ်သည်။

FATF အဖွဲ့သည် ဥရောပကော်မရှင်အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံဖြင့် ဖွဲ့စည်းထားသောနိုင်ငံတကာအဖွဲ့အစည်း ဖြစ်သည်။

မော်ရိုး
ရည်ညွှန်း- ရိုက်တာ
ဥရောပသမဂ္ဂငွေကြေးစနစ်အတွက် အန္တရာယ်ရှိနိုင်သဖြင့် မြန်မာအပါအဝင် နိုင်ငံအချို့ကိုအမည်ပျက်စာရင်းသွင်း (Zawgyi)


ဥရောပသမဂ္ဂ (EU) ၏ငွေကြေးစနစ်အပေါ် ဆိုးကျိုးသက်ရောက်မှုများရှိနိုင်သဖြင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံအချို့ကိုအမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည့်စာတမ်းတစောင်ကို EU က မေလ ၈ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

၎င်းစာတမ်းမူကြမ်းတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ ဘဟားမား၊ မော်ရေး ရှပ်(စ်)၊ ဘာဘေးဒိုး(စ်)၊ ဘော့(စ်)ဝါနာ၊ ဂါနာ၊ ဂျမေကာ၊ မွန်ဂိုလီးယား၊ နီကာရာဂွာ၊ ပနားမားနှင့် ဇင်ဘာဘွေနိုင်ငံတို့အား သက်ဆိုင်ရာနိုင်ငံအသီးသီး၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း မအောင်မြင်မှု(ဝါ)အားနည်းမှု၊ အကြမ်းဖက်အဖွဲ့အစည်းများအတွက် ငွေကြေး ထောက်ပံ့မှုများနှင့်ဆက်စပ်ြပီး EU က အမည်ပျက်နိုင်ငံများစာရင်းတွင် ထည့် သွင်းခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (The Financial Task Force-FATF) က ယခုနှစ် ဖေဖော်ဝါရီလအတွင်းကထုတ်ပြန်ခဲ့သည့် စောင့်ကြည့်ခံနိုင်ငံများစာရင်းတွင်လည်း အဆိုပါနိုင်ငံများအားလုံး ပါဝင်နေသည်ကို တွေ့ရသည်။

ဥရောပသမဂ္ဂဥပဒေအရ အဆိုပါနာမည်ပျက်စာရင်းဝင်နိုင်ငံများနှင့် ငွေကြေးပိုင်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက် သည့်ဖောက်သည်များကို သက်ဆိုင်ရာဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများက အထူးစိစစ်ကြပ်မတ်ရန် တာဝန်ရှိကြောင်း သိရသည်။

အမည်ပျက်စာရင်းဝင်နိုင်ငံများသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများနှင့် စီးပွားရေးချိတ်ဆက်လုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရမည်ဖြစ်သည်။

သို့ရာတွင်လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ြပန့်ပွားမှုအခြအနေကြောင့် သေချာစွာစိစစ်ကြပ်မတ်ခြင်းကို လာမည့်အောက်တိုဘာလလောက်တွင်မှ စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။
ထို့ပြင် COVID-19 ကာလအတွင်း ငွေကြေးခဝါချမှုဆိုင်ရာအစီရင်ခံစာတခုကိုလည်း FATF က မေလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၎င်းအစီရင်ခံစာတွင် COVID-19 ကာလအတွင်း အစိုးရရန်ပုံငွေနှင့် နိုင်ငံတကာငွေကြေး အထောက်အပံ့များကို ကိုယ်ကျိုးအတွက်အလွဲသုံးခြင်း၊ လိမ်လည်မှု၊ ဆိုက်ဘာရာဇဝတ်မှုများတိုးလာမှု၊ COVID-19 ကြောင့် တရားဥပဒေနှင့် မလွတ်ကင်းသည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင်လည်း ထိခိုက်မှုရှိလာ၍ ရာဇဝတ်ဂိုဏ်း များ၏ လှုပ်ရှားမှုပုံစံအပြောင်းအလဲ၊ COVID-19 ကြောင့် အစိုးရနှင့် ပုဂ္ဂလိကငွေကြေးအဖွဲ့အစည်းများ၏ ငွေကြေးခဝါ ချမှုတိုက်ဖျက်ရေးစွမ်းဆောင်ရည် ထိခိုက်မှုများကိုတွေ့ရှိရေြကာင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် FATF ၏ အမည်ပျက်စာရင်းမှ ၂ဝ၁၆ ဇွန်လအတွင်းက လွတ်မြောက်ခဲ့ပြီးနောက် ယခုနှစ် ဖေဖော်ဝါ ရီတွင် စာရင်းပြန်လည်ထည့်သွင်းခံရြခင်းဖြစ်သည်။

FATF အဖွဲ့သည် ဥရောပကော်မရှင်အပါအဝင် အဖွဲ့ဝင်နိုင်ငံ ၃၂ နိုင်ငံဖြင့် ဖွဲ့စည်းထားသောနိုင်ငံတကာအဖဲွ့အစည်း ဖြစ်သည်။

မော်ရိုး
ရည်ညွှန်း- ရိုက်တာ

No comments:

Post a Comment

My Blog List