Monday, May 04, 2020

KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ခေါင်းဆောင် ကွယ်လွန်

Image may contain: 1 person, standing
KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဌေးမောင် ခေါ် စောထိန်မောင်ဟာ မေလ ၃ ရက် မနေ့ကညနေ ၆ နာရီကျော်လောက်မှာ သူ့အဖွဲ့ဌာနချုပ်တည်ရှိတဲ့ ကော့ကရိတ်မြို့နယ် ထိုးကော်ကိုးဒေသမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ သတင်းရရှိပါတယ်။

သူဟာ ကိုလိုနီခေတ်ကတည်းက အင်္ဂလိပ်တပ်မှာ ပါဝင်ခဲ့သူဖြစ်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ KNU ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနဲ့လည်း သူငယ်ချင်းတွေဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်နှစ်ဆန်း အထိ KNU တပ်မဟာ (၇) ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
၂၀၀၇ ဖေဖော်ဝါရီလမှာ KNU ကနေခွဲထွက်ပြီး၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီဆိုတဲ့ သီးခြားအဖွဲ့ အနေနဲ့ အဲဒီအချိန်ကအာဏာရှိတဲ့ နဝတစစ်အစိုးရနဲ့ အပစ်ရပ်ခဲ့ပါတယ်။ အဲဒီနောက် ဦးသိန်းစိန် အစိုးရ လက်ထက်မှာပေါ်လာတဲ့ NCA တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်မှာ ၂၀၁၅ ခုနှစ်ဖေဖော်ဝါရီလက လက်မှတ်ထိုးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ KNU အဖွဲ့မှာ သြဇာရှိတဲ့ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်ခဲ့သလို၊ ၈ လေးလုံးအရေးတော်ပုံနောက်ပိုင်း လက်နက်ကိုင်ဖို့ ကရင်ပြည်နယ်ရောက်သွားတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့လည်း အလွန်ရင်းနှီးသူဖြစ်ပါတယ်။
သူကွယ်လွန်ချိန်မှာ အသက် (၉၄) နှစ်ရှိပြီဖြစ်ပြီး၊ သူ့ဈာပနကို မေလ ၅ ရက်နေ့ ထိုးကော်ကိုးဒေသမှာပဲ ကျင်းပမယ်လို့ သိရပါတယ်။
RFA
Unicode
KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ခေါင်းဆောင် ကွယ်လွန်

~~~~~~~~~~

- Zawgyi
~~~~~~~~~~~~~

ဓာတ်ပုံ - စောကျော်ဝင်း PC
RFA

No comments:

Post a Comment

My Blog List