Friday, May 08, 2020

Mask ကမ်ပိန်းကြောင့် လူစုလူဝေးဖြစ်ခဲ့သည့်အပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြန်လည်ရှင်းလင်း


Image may contain: one or more people, sky, tree and outdoor
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ မေ(၇)ရက်ကပြုလုပ်ခဲ့တဲ့ Mask Shan ကမ်ပိန်းကြောင့် လူစုလူဝေး ဖြစ်သွားတဲ့အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ပြန်လည်ရှင်းလင်းခဲ့ပြီး တောင်းပန်ခဲ့ပါတယ်။
Mask Shan ကမ်ပိန်းပြုလုပ်ဖို့အတွက် အခမ်းအနားကျင်းပရာမှာ လူစုလူဝေး ပုံသဏ္ဍာန်ဖြစ်သွားခဲ့တာကြောင့် လှုမှုကွန်ရက်ပေါ်မှာ Social Distancing ကိုချိုးဖောက်နေတယ်ဆိုပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ အဲဒီ အတွက် ရှမ်းအစိုးရအနေနဲ့ လေးစားစွာလက်ခံသလို လေးစားစွာတောင်းပန်တယ်လို့ ဦးစိုးညွန့်လွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တာပါ။ ဒါ့အပြင် လာမယ့် အပတ်တွေမှာပြုလုပ်မယ့် ကမ်ပိန်းတွေမှာလည်း အခမ်း အနားဖွင့်လှစ်တဲ့ပွဲတွေ မလုပ်တော့ဘဲ စနစ်တကျအစီအစဥ်တွေနဲ့ ဆောင်ရွက်သွားမယ်လို့ ရှင်းလင်း ရေးသားခဲ့ ပါတယ်။
Mask Shan ကမ်ပိန်းမှာ နှာခေါင်းစည်း Mask ၊ လက်သန့်ဆေးရည်နဲ့ လက်အိတ်တွေကို တောင်ကြီးမြို့က ယာယီ စျေးရောင်းချတဲ့နေရာတွေမှာ အခမဲ့ပေးဝေခဲ့တာဖြစ်ပါတယ်။ အဲဒီကမ်ပိန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ ဦးဆောင်ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းကာ တောင်ကြီးမြို့မှာ မေ(၇)ရက် မနက်ပိုင်းက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 
Image may contain: one or more people, people standing, people walking and outdoor
Image may contain: 2 people, people standing, crowd and outdoor
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people sitting, people standing, outdoor and food
Image may contain: fruit, plant, food and outdoor
Image may contain: one or more people, people standing and outdoor, text that says 'Mask Shan Campaign Fight Against Covid-19'
သတင်း - ဇော်မိုးဦး

No comments:

Post a Comment

My Blog List