Friday, May 08, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗြိတိန်နိုင်ငံသည် ကမ္ဘာ့ ဒုတိယမြောက်သေဆုံးမှုအများဆုံးနိုင်ငံဖြစ်လာ

Image may contain: 1 person, sitting and outdoor
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်းမှာ ဗြိတိန်နိုင်ငံဟာ သေဆုံးသူ(၃)သောင်းကျော်သွားတဲ့ ဒုတိယ မြောက်နိုင်ငံဖြစ်လာပါတယ်။

ဆေးရုံတွေ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေ အပါအဝင် နေရာတွေအားလုံးမှာ တစ်နေ့တည်းနဲ့ လူ(၆၄၉)ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Robert Jenrick က အစိုးရ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
ဒါကြောင့် ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ (၃၀၀၇၆)ယောက် အထိ ရှိသွားပြီး၊ သေ ဆုံးသူ(၇၁၀၀၀)ရှိတဲ့ အမေရိကန်နိုင်ငံပြီးရင် ဒုတိယ သေဆုံးသူအရေအတွက်အများဆုံး ဖြစ်လာပါ တယ်။
ပြီးခဲ့တဲ့(၇)ရက်တာကာလအတွင်း ကူးစက်မှုနှုန်းလျော့သွားပေမယ့်၊ သေဆုံးသူအရေအတွက်မြင့် တက်နေဆဲဖြစ် တာဖြစ်ပါတယ်။
ဒီကနေ့ Worldometer ဝက်ဘ်ဆိုက်ဖော်ပြချက်အရ ရောဂါကူးစက်တဲ့လူနာက (၅၆၁၄)ယောက် ရှိတဲ့အတွက် ကူးစက်သူနဲ့ သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ (၂၀၆၇၁၅)ယောက်ရှိ လာတယ်လို့ ပြောပါတယ်။
ဒါကြောင့် ကူးစက်မှုနဲ့ သေဆုံးမှုအရေအတွက် အများဆုံးထဲမှာ အမေရိကန်က ထိပ်ဆုံးမှာ ရောက်နေပြီး၊ စပိန်နဲ့ အီတလီပြီးရင် ဗြိတိန်နိုင်ငံက ကမ္ဘာ့အဆင့် (၄)နေရာမှာ ရောက်ရှိနေတာဖြစ်ပါတယ်။
Image may contain: one or more people, people sitting and car
Source: AP

No comments:

Post a Comment

My Blog List