Monday, May 04, 2020

ဘရာဇီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြင့် သေဆုံးသူများကို မြှုပ်နှံရန် ကျင်းပေါင်းသောင်းချီ တူးဖော်

Image may contain: one or more people, sky, cloud and outdoor
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအကြား ရုန်းကန်နေရတဲ့ ဘရာဇီးနိုင်ငံမြို့တော်ဆော်ပေါ်လိုမှာ အလောင်းတွေမြှုပ်နှံဖို့ သောင်းနဲ့ ချီတဲ့ ကျင်းတွေ တူးနေပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သေဆုံးသူပိုမိုများပြားလာတဲ့အပေါ် ပြင်ဆင်ဖို့ မြို့တော် ဆော်ပေါ်လို ရဲ့ ဗီလာ့ ဖော်မိုဆာ သုသာန်မှာ အုတ်ဂူ ၁၃၀၀၀ ကျော်အတွက် မြေကျင်းတူးဖော်နေတာဖြစ်ပါတယ်။
သချိုင်းဝန်ထမ်းတွေက များပြားတဲ့အုတ်ဂူတွေမှာ အလောင်းမြှုပ်နှံမှုတွေ စတင်လုပ်ဆောင်နေပြီး၊ အလောင်းတွေ သယ်ယူ ချိန်မှာ ကာကွယ်ရေးဝတ်စုံတွေအပြည့်ဝတ်ဆင်ထားကြရပါတယ်။
ဘရာဇီးသမ္မတ ဂျဲ ဘိုလ်ဆွန်နာရိုကတော့ ဗိုင်းရပ်စ်ခြိမ်းခြောက်မှုအန္တရာယ် လျော့ကျလာပြီလို့ဆိုပါတယ်။
လက်တင်အမေရိကမှာ အကြီးဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံဟာ လက်ရှိမှာ ဗိုင်းရပ်စ် ကူးစက်သူ ၉၇၀၀၀ ကျော်တွေ့ရှိထားပြီဖြစ် တာကြောင့် ဗိုင်းရပ်စတင်ဖြစ်ပွားရာတရုတ်နိုင်ငံထက် ကူးစက်သူ ပိုများနေပြီဖြစ်သလို သေဆုံးသူကလည်း ၆၇၀၀ ကျော် သွားပြီဖြစ်တာကြောင့် သေဆုံးသူလည်း ပိုမိုများပြားနေပြီဖြစ်ပါတယ်။
Source: AP

No comments:

Post a Comment

My Blog List