Monday, May 04, 2020

ရုရှားတွင် သင်တန်းတက်လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသား ၂ ဦး၌ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ

Image may contain: tree, plant, sky and outdoor
ဧပြီ ၂၈ ရက်ညနေပိုင်းတွင် ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိချက်အရ သင်တန်းတက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားများ အနက် ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယမန်နေ့(မေလ ၃ ရက်)က သတင်းထုတ်ပြန်ထားသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI) တက္ကသိုလ်မှ သင်တန်းသား(၁)ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ဧပြီ ၂၇ ရက်နေ့က ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိသည့်သတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှပင်လျှင် ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ရုရှားနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက် ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၅ ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ မော်စကိုမြို့ အနီးရှိ လူနာများသီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ရုရှား ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ ၎င်းင်းကျောင်းသားများနှင့် ဆက်သွယ်မှုရယူလျက် လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: CINCDS
(Zawgyi)
ရုရှားတွင် သင်တန်းတက်လျက်ရှိသော မြန်မာ့တပ်မတော်မှ သင်တန်းသား ၂ ဦး၌ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိ
နေပြည်တော်၊ မေ ၄
ဧပြီ ၂၈ ရက်ညနေပိုင်းတွင် ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိချက်အရ သင်တန်းတက်ရောက်နေသည့် မြန်မာ့တပ်မတော်မှ သင်တန်းသားများ အနက် ၂ ဦးတွင် COVID-19 ရောဂါပိုးထပ်မံတွေ့ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယမန်နေ့(မေလ ၃ ရက်)က သတင်းထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သင်တန်းတက်ရောက်လျက်ရှိသော မြန်မာ့တပ်မတော် မှ ပညာတော်သင် သင်တန်းသားအရာရှိများအနက် မော်စကိုမြို့ရှိ Russian University of Transport (MIIT/RUT) တက္ကသိုလ်မှ သင်တန်းသား ၂ ဦးနှင့် Moscow Power Engineering Institute(MPEI) တက္ကသိုလ်မှ သင်တန်းသား(၁)ဦးတို့တွင် COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ဧပြီ ၂၇ ရက်နေ့က ရုရှားကျန်းမာရေးဌာနမှ တာဝန်ရှိသူများက စစ်ဆေး တွေ့ရှိသည့်သတင်းကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှပင်လျှင် ဧပြီ ၂၉ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် ရုရှားနိုင်ငံတွင် COVID-19 ရောဂါပိုးကူးစက် ခံထားရသော မြန်မာ့တပ်မတော်မှ သင်တန်းသားအရာရှိ ၅ ဦးရှိပြီး ၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ မော်စကိုမြို့ အနီးရှိ လူနာများသီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ရုရှား ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်းနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးမှ ၎င်းင်းကျောင်းသားများနှင့် ဆက်သွယ်မှုရယူလျက် လိုအပ်သည့်ကူညီစောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိကြောင်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Source: CINCDS

No comments:

Post a Comment

My Blog List