Tuesday, August 18, 2020

အမေရိကန် F-16 တိုက်လေယာဉ်များ ထိုင်ဝမ်ကို ရောင်းချ

အမေရိကန်စစ်ဘက်ဟာ F-16 တိုက်လေယာဉ်တွေကို ထိုင်ဝမ်ကို အပြီးသတ်ရောင်းချလိုက်ပြီဖြစ်ပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန် F-16 တိုက်လေယာဉ် (၆၆)စီးကို လက်ခံရရှိမှာဖြစ်ပြီး၊ အမေရိကန်အစိုးရက ထိုင်းဝမ်ကျွန်းကို အများဆုံးလက်နက်ရောင်းချမှုလည်းဖြစ်လာခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပြည်မကြီးရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် ယူဆထားပြီး၊ အမေရိကန်အစိုးရအနေနဲ့ ထိုင်ဝမ်ကျွန်းကို လက်နက်ရောင်းချတာတွေ မလုပ်ဖို့ တောင်းဆိုထားပါတယ်။အခု အမေရိကန်စစ်ဘက်က ထိုင်ဝမ်ထံ တိုက်လေယာဉ်တွေရောင်းချမှုကို တရုတ်ဘက်က ဝေဖန်ရှုတ်ချထားပါတယ်။
F-16 တိုက်လေယာဉ်တွေ ထိုင်ဝမ်ကျွန်းထံ အပြီးသတ်ရောင်းချမှုကို အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာထားခဲ့တာပါ။ ဒီကြေညာချက်ထဲမှာ လော့ဟိ(ဒ်)မာတင်ကုမ္ပဏီထုတ် F-16 တိုက်လေယာဉ်အစီး(၉၀) ပြည်ပကို ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။ ဘယ်နိုင်ငံတွေကို ရောင်းချမယ်ဆိုတာကို အမည်တပ်ဖော်ပြထားတာမရှိပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရင်းအမြစ်တစ်ခုကတော့ ဒီလေယာဉ်တွေကို ထိုင်ဝမ်က မှာယူထားတာဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းချမယ့် F-16 အစီး (၉၀)အနက် (၆၆)စီးက ထိုင်ဝမ်ကျွန်းကိုဖြစ်ပြီး၊ ကျန် (၂၄)စီးက မော်ရိုကိုနိုင်ငံကို ဖြစ်တယ်လို့ CNN သတင်းမှာဖော်ပြထားပါတယ်။
SOURCE : CNN

No comments:

Post a Comment

My Blog List