Monday, June 08, 2020

မြဝတီနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား နှစ်သောင်းကျော်အထိရှိလာ

ကရင်ပြည်နယ်ရှိ မြဝတီနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း လုပ်သားဦးရေးမှာ နှစ်သောင်း‌ကျော်အထိ ရှိလာကြောင်း မြဝတီမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က The Ladies News သို့ပြောကြားသည်။
မြန်မာဘက်က မေလ ၁ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံခဲ့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံတွင်း အသွား အလာ ကန့်သတ်ချက် တချို့ကြောင့် ရွေ့ပြောင်းလုပ်သားများပြန်လည်ဝင်ရောက်လာမှုမှာ ရက်အနည်းငယ် ကြန့်ကြာခဲ့ရကာ နောက်ပိုင်းတွင်မူ မြန်မာသံရုံး၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ယခုကဲ့သို့ သောင်းနှင့်ချီကာ ပြန်လည် ဝင်ရောက်လာခြင်းဖြစ်သည်။
ဦးသန့်ဇင်အောင် က `နှစ်သောင်းတော့ကျော်ပြီ။ ဒီနေ့က ၁၅၀၀ ကျော်ပြီ ထပ်ပြီးတော့ လာနေတုန်းပဲ။ မနေ့က တော့ ၁၇၅၈ ဦး စံချိန်တင် အများဆုံးဖြစ်သွားတာ။ မနေ့ကအထိက စာရင်းပေါင်းတော့ ၁၉,၀၀၀ ကျော်ဆိုတော့။ ဒီနေ့ စာရင်း တစ်ထောင်ကျာ်နဲ့ ပေါင်းလိုက်ရင်တော့ နှစ်သောင်းကျော်ပြီး။ အဲဒါတော့ မေလ ၁ ရက်နေ့က အခု ဇွန်လ ၇ ရက်နေ့အထိ ဖြစ်မှာပေါ့` ဟုပြောကြားသည်။
မြန်မာသံရုံး၏ ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံက ကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးပြီးသည့်နောက် မေလ ၂၃ ရက် နေ့မှ စတင်၍ ယနေ့အထိ နေ့စဉ် တစ်ထောင်ကျော် ခန့်ပြန်လည်ဝင်ရောက်လာနေကာ အများစုမှာ မိမိအစီအစဉ်ဖြင့် ပြန်လာသူများဖြစ်သည်ဟု ဆိုသည်။
`မိမိအစီအစဉ်နဲ့ ပြန်လာတဲ့လူကတော့ ပိုများတာပေါ့။ နှစ်ပိုင်းရှိတာပေါ့။ တစ်ပိုင်းကတော့ နှစ်နိုင်ငံအစိုးရ ကနေပြီးတော့ ပူးပေါင်းစီစဉ်တဲ့ ယာဉ်တန်းနဲ့ ရှေ့ပွိုင့် နောက်ပွိုင့်နဲ့ လာတာကကြတော့ မော်ချစ်ကာဂိတ်ကနေပြီးတော့ မဲဆောက် - မြဝတီ။ နောက်တစ်ခုကကြတော့ မိမိအစီအစဉ်နဲ့ ပြန်လာမယ်ဆိုရင် သံရုံးထောက်ခံချက်ပေါ့။ မြန်မာအလုပ်သမား သံအရာရှိရုံးရဲ့ထောက်ခံချက်နဲ့ လာမယ်ဆိုရင် လာလို့ရတယ်။ အဲဒီမှာကျတော့ မိမိအစီအစဉ်နဲ့ ပြန်လာတာ ပိုများတယ်` ဟု ရွေ့ပြောင်းလုပ်သားများ၏ ပြန်လည်ဝင်ရောက်လာမှု အခြေအနေကို ရှင်းပြသည်။
ပြန်လည်ဝင်ရောက်လာသူများ အနက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်မှ ရွေ့ပြောင်းလုပ်သားများကိုမူ မြဝတီမြို့၌ပင် Quarantine ထားရှိကာ ၎င်းတို့အား COVID - 19 ရှိမရှိ ဆေးစစ်မှုကိုပါ ပြုလုပ်ပေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
မြဝတီ Quarantine စခန်းသို့ရောက်ရှိ လာသည့် ရွေ့ပြောင်းလုပ်သား သုံးထောင်ကျော်ကို ဆေးမှုပြုလုပ်ရာတွင် COVID – 19 ရောဂေါပိုးတွေ့ရှိသူ မရှိကြောင်းလည်း သိရသည်။
ဦးသန့်ဇင်အောင် က `အားလုံးပေါင်း သုံးထောင်ကျာ် စစ်ပြီးသွားပါပြီ။ ၂၃ ရက်နေ့ ပြန်ဝင်လာတာကနေ ဒီနေ့ အထိစစ်တာ သုံးထောင်ကျာ်လောက် စစ်ပြီးသွားပြီ။ အဲဒီအထဲမှာ Positive တစ်ယောက်မှမရှိဘူး အားလုံး Negative `ဟု ဆိုသည်။
ကျန်သည့် တိုင်းနှင့် ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာသူများကိုမူ ကရင်ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ အစိုးရများနှင့် ချိတ်ဆက်ကာ ၎င်းတို့နေရပ် သို့ တစ်ခါတည်းပြန်လည် ပို့ဆောင်ပေးလျက်ရှိကြောင်း ကိုလည်းပြောကြားသည်။
ပြန်လည်ဝင်ရောက်လာသူများထဲတွင် ပဲခူးတိုင်းမှ အများဆုံးဖြစ်ပြီး ယနေ့ပြန်ဝင်လာသူစာရင်းမပါ ပဲခူးတိုင်းမှ ၅၀၇၁ ဦး၊ ကရင်ပြည်နယ်မှ ၂၆၉၉ ဦး၊ မွန်ပြည်နယ်မှ ၂၆၇၀ ဦးနှင့် မကွေးတိုင်းမှ ၂၃၅၆ ဦးရှိကြောင်း မြဝတီနယ်စပ်ဂိတ်သို့ အများဆုံးပြန်လည် ဝင်ရောက်လာသည့် တိုင်းနှင့် ပြည်နယ်များ၏ လူဦးရေစာရင်းကို ဦးသန့်ဇင်အောင် ကပြောကြားသည်။
ရှမ်းပြည်နယ်ရှိ တာချီလိတ်နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းနယ်စပ်ဂိတ်များသို့ ပြန်လည် ဝင်ရာက်လာသည့် ရွေ့ပြောင်းလုပ်သားများလည်းရှိနေကာ အစိုးရကမူ ရွေ့ပြောင်းလုပ်သားဦးရေ တစ်သိန်းကျော်ခန့် ပြန်လည်ဝင်ရောက် လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အောင်ရဲနောင်
The Ladies News
မြဝတီနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်းလုပ်သား နှစ်သောင်းကျော်အထိရှိလာ
--- --- ---
ကရင်ပြည်နယ်ရှိ မြဝတီနယ်စပ်ဂိတ်သို့ ထိုင်းနိုင်ငံမှ ပြန်လည် ဝင်ရောက်လာသည့် မြန်မာရွေ့ပြောင်း လုပ်သားဦးရေးမှာ နှစ်သောင်း‌ကျော်အထိ ရှိလာကြောင်း မြဝတီမြို့မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က The Ladies News သို့ပြောကြားသည်။
မြန်မာဘက်က မေလ ၁ ရက်နေ့မှ စတင်ကာ ပြန်လည်လက်ခံခဲ့သော်လည်း ထိုင်းနိုင်ငံ၏ နိုင်ငံတွင်း အသွားအလာ ကန့်သတ်ချက် တချို့ကြောင့် ရွေ့ပြောင်းလုပ်သားများပြန်လည်ဝင်ရောက်လာမှုမှာ ရက်အနည်းငယ် ကြန့်ကြာခဲ့ရကာ နောက်ပိုင်းတွင်မူ မြန်မာသံရုံး၏ညှိနှိုင်းဆောင်ရွက်မှုဖြင့် ယခုကဲ့သို့ သောင်းနှင့်ချီကာ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
ဦးသန့်ဇင်အောင် က `နှစ်သောင်းတော့ကျော်ပြီ။ ဒီနေ့က ၁၅၀၀ ကျော်ပြီ ထပ်ပြီးတော့ လာနေတုန်းပဲ။ မနေ့က တော့ ၁၇၅၈ ဦး စံချိန်တင် အများဆုံးဖြစ်သွားတာ။ မနေ့ကအထိက စာရင်းပေါင်းတော့ ၁၉,၀၀၀ ကျော်ဆိုတော့။ ဒီနေ့ စာရင်း တစ်ထောင်ကျာ်နဲ့ ပေါင်းလိုက်ရင်တော့ နှစ်သောင်းကျော်ပြီး။ အဲဒါတော့ မေလ ၁ ရက်နေ့က အခု ဇွန်လ ၇ ရက်နေ့အထိ ဖြစ်မှာပေါ့` ဟုပြောကြားသည်။
မြန်မာသံရုံး၏ ညှိနှိုင်းမှုဖြင့် ထိုင်းနိုင်ငံက ကန့်သတ်ချက် တချို့ကို ဖြေလျှော့ပေးပြီးသည့်​နောက် မေလ ၂၃ ရက် နေ့မှ စတင်၍ ယနေ့အထိ နေ့စဉ် တစ်ထောင်ကျော် ခန့်ပြန်လည်ဝင်ရောက်လာ​နေကာ အများစုမှာ မိမိအစီအစဉ်ဖြင့် ပြန်လာသူများဖြစ်သည်ဟု ဆိုသည်။
`မိမိအစီအစဉ်နဲ့ ပြန်လာတဲ့လူကတော့ ပိုများတာပေါ့။ နှစ်ပိုင်းရှိတာပေါ့။ တစ်ပိုင်းကတော့ နှစ်နိုင်ငံအစိုးရ ကနေပြီးတော့ ပူးပေါင်းစီစဉ်တဲ့ ယာဉ်တန်းနဲ့ ရှေ့ပွိုင့် နောက်ပွိုင့်နဲ့ လာတာကကြတော့ မော်ချစ်ကာဂိတ်ကနေပြီးတော့ မဲဆောက် - မြဝတီ။ နောက်တစ်ခုကကြတော့ မိမိအစီအစဉ်နဲ့ ပြန်လာမယ်ဆိုရင် သံရုံးထောက်ခံချက်ပေါ့။ မြန်မာအလုပ်သမား သံအရာရှိရုံးရဲ့ထောက်ခံချက်နဲ့ လာမယ်ဆိုရင် လာလို့ရတယ်။ အဲဒီမှာကျတော့ မိမိအစီအစဉ်နဲ့ ပြန်လာတာ ပိုများတယ်` ဟု ရွေ့ပြောင်းလုပ်သားများ၏ ပြန်လည်ဝင်ရောက်လာမှု အခြေအနေကို ရှင်းပြသည်။
ပြန်လည်ဝင်ရောက်လာသူများ အနက် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် နေပြည်တော်မှ ရွေ့ပြောင်းလုပ်သားများကိုမူ မြဝတီမြို့၌ပင် Quarantine ထားရှိကာ ၄င်းတို့အား COVID - 19 ရှိမရှိ ဆေးစစ်မှုကိုပါ ပြုလုပ်ပေးကြောင်း ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က ပြောကြားသည်။
မြဝတီ Quarantine စခန်းသို့ရောက်ရှိ လာသည့် ရွေ့ပြောင်းလုပ်သား သုံးထောင်ကျော်ကို ဆေးမှုပြုလုပ်ရာတွင် COVID – 19 ရောဂေါပိုးတွေ့ရှိသူ မရှိကြောင်းလည်း သိရသည်။
ဦးသန့်ဇင်အောင် က `အားလုံးပေါင်း သုံးထောင်ကျာ် စစ်ပြီးသွားပါပြီ။ ၂၃ ရက်နေ့ ပြန်ဝင်လာတာကနေ ဒီနေ့ အထိစစ်တာ သုံးထောင်ကျာ်လောက် စစ်ပြီးသွားပြီ။ အဲဒီအထဲမှာ Positive တစ်ယောက်မှမရှိဘူး အားလုံး Negative `ဟု ဆိုသည်။
ကျန်သည့် တိုင်းနှင့် ပြည်နယ်များမှ ပြန်လည် ဝင်ရောက်လာသူများကိုမူ ကရင်ပြည်နယ်အစိုးရအဖွဲ့က သက်ဆိုင်ရာ အစိုးရများနှင့် ချိတ်ဆက်ကာ ၄င်းတို့နေရပ် သို့ တစ်ခါတည်းပြန်လည် ပို့ဆောင်ပေးလျက်ရှိကြောင်း ကိုလည်းပြောကြားသည်။
ပြန်လည်ဝင်ရောက်လာသူများထဲတွင် ပဲခူးတိုင်းမှ အများဆုံးဖြစ်ပြီး ယနေ့ပြန်ဝင်လာသူစာရင်းမပါ ပဲခူးတိုင်းမှ ၅၀၇၁ ဦး၊ ကရင်ပြည်နယ်မှ ၂၆၉၉ ဦး၊ မွန်ပြည်နယ်မှ ၂၆၇၀ ဦးနှင့် မကွေးတိုင်းမှ ၂၃၅၆ ဦးရှိကြောင်း မြဝတီနယ်စပ်ဂိတ်သို့ အများဆုံးပြန်လည် ဝင်ရောက်လာသည့် တိုင်းနှင့် ပြည်နယ်များ၏ လူဦးရေစာရင်းကို ဦးသန့်ဇင်အောင် ကပြောကြားသည်။
ရှမ်းပြည်နယ်ရှိ တာချီလိတ်နယ်စပ်ဂိတ်နှင့် တနင်္သာရီတိုင်းရှိ ကော့သောင်းနယ်စပ်ဂိတ်များသို့ ပြန်လည် ဝင်ရာက်လာသည့် ရွေ့ပြောင်းလုပ်သား များလည်းရှိနေကာ အစိုးရကမူ ရွေ့ပြောင်းလုပ်သားဦးရေ တစ်သိန်းကျော်ခန့် ပြန်လည်ဝင်ရောက် လာနိုင်သည်ဟု ခန့်မှန်းထားသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment

My Blog List