Tuesday, August 18, 2020

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ကိုဗစ်မျက်နှာဖုံးကို အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းဖြင့် ပြုလုပ်လျက်ရှိ

ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် လူသားတို့အတွက် နှာခေါင်းနှင့် ပါးစပ်တို့မှ အလွယ်တကူ ဗိုင်းရပ် ကူးစက်မှုမပြုနိုင်ရန် ကာကွယ်ပေးသည့် mask ခေါ် မျက်နှာဖုံးများကို မဖြစ်မနေဝတ်ဆင်နေကြချိန် တွင် ဂျေရုဆလင်မြို့မှ Yvel အမည်ရှိ အစ္စရေးကျောက်မျက်ရတနာကုမ္ပဏီတစ်ခုက၎င်း တို့ကုမ္ပဏီ အနေဖြင့် ကမ္ဘာတန်ဖိုးအကြီးဆုံး မျက်နှာဖုံးတစ်ခုကို ရောင်းချနိုင်ရန် ဝယ်ယူသူ၏အလိုကျဆောင်ရွက်လျက်ရှိကြောင်း သြဂုတ်လ ၉ ရက်က ထုတ်ဖေါ်ခဲ့သည်ဟုသိရသည်။
Yvel ကုမ္ပဏီပိုင်ရှင်ဖြစ်သူ အစ်ဆက်လဲဗီး က အဆိုပါမျက်နှာဖုံးကို ဝယ်ယူသူ၏တောင်းဆိုချက်နှစ်ခုအရ မိမိတို့ကုမ္ပဏီကဆောင်ရွက်နေကြောင်း၊ဝယ်ယူသူကထိုမျက်နှာဖုံးအား ၂၀၂၀ ခုနှစ်မ ကုန်မီ ပြီးစီးရန်နှင့် ကမ္ဘာပေါ်တွင်တန်ဖိုးအကြီးဆုံး မျက်နှာဖုံးဖြစ်စေရန်တောင်းဆိုခဲ့ြေ ကာင်း၊၎င်း၏တောင်း ဆိုချက်များအရ Yvel အနေဖြင့်ဆောင်ရွက်နေကြောင်းပြောခဲ့သည်။
၎င်းက ကမ္ဘာပေါ်တွင် တန်ဖိုးအကြီးဆုံးဖြစ်စေရန် ထိုမျက်နှာဖုံး၏ မျက်နှာအဖုံး ဘက်တွင် အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၅ သန်း တန်သော ၁၈ ကာရက်ရှိရွှေတစ်လုံးနှင့် စိန် အဖြူနှင့် အမဲ အလုံးရေ ၃,၆၀၀ ဖြင့်စီခြယ်ထားကြောင်းသိရသည်။ ထို့ကြောင့်လည်း အဆိုပါမျက်နှာဖုံးက အလေးချိန်အားဖြင့် ၂၇၀ ဂရမ်(၉ ဒသမ ၅ အောင်စ) ရှိကာ ခွဲစိတ်ခန်းသုံးမျက်နှာဖုံးတစ်ခုထက် အဆ ၁၀၀ ခန့်လေးမည် ဟုလည်းသိရသည်။
အစ်ဆက်လဲဗီး က အဆိုပါမျက်နှာဖုံးမှာ အနည်းငယ်ပိုလေးကာ တန်ဖိုးကြီးမြင့်မည်ကလွဲ၍ အခြားသော မျက်နှာဖုံးများကဲ့ သို့ ပင် ဗိုင်းရပ်ကိုကာကွယ်နိုင်စွမ်းရှိမည်ဟုဆိုသည်။ ၎င်းက ဤကဲ့သို့မျက်နှ ဖုံးမျိုးကိုပြုလုပ်ခွင့်ရ၍ ကုမ္ပဏီအနေနှင့်ဂုဏ်ယူကြောင်းလည်းပြောခဲ့သည်။
သို့သော် ၎င်းက ဝယ်ယူသူမည်သူဖြစ်ကြောင်းအတိအကျ ထုတ်ဖေါ်ပြောကြားခြင်းမရှိဘဲ အမေရိကန် ပြည်ထောင်စု တွင်နေထိုင်သော တရုတ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ကြောင်းသာပြောခဲ့သည်။
ယခုအခါ လက်မှုပညာရှင် ၂၅ ဦးက အဆိုပါကမ္ဘာ့တန်ဖိုးအကြီးဆုံးမျက်နှာဖုံးကိုဝိုင်းဝန်းစီခြယ်ပြုလုပ်နေကြကြောင်းသတင်းရရှိသည်။
#ပုံစာ- ပြုလုပ်ဆဲ ကမ္ဘာ့တန်ဖိုး အကြီးဆုံး မျက်နှာဖုံး၏ ပြုလုပ်ပြီးအစိတ်အပိုင်းအချို့အားတွေ့ရစဉ်။(photo: SCMP)
Ref: SCMP
Translated by Htwe Ko Tun

No comments:

Post a Comment

My Blog List