Thursday, March 24, 2016

အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးအစည်းအဝေး ထိုင်းနိုင်ငံတွင် ကျင်းပ
















အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့မှ စ၍ သုံးရက် ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ရှေ့လုပ်ငန်းစဉ်များ အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ကျင်းပရေး၊ အစိုးရသစ်နှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ NCA ကို လက်မှတ်မရေးထိုးရ သေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ချိတ်ဆက်ဆောင်ရွက် ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC) တို့၏ ရှေ့လုပ်ငန်းစဉ်များ ပါဝင်ကြောင်းသိရသည်။
ယနေ့အစည်းအဝေးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS/SSA) ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်စစ် က သဘာပတိအဖြစ်ဆောင်ရွက်ပြီး အဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူ ၅၀ ကျော်ရှိသည်။

သတင်း၊ ဓာတ်ပုံ - ကျော်ခ
ဧရာဝတီ


No comments:

Post a Comment

My Blog List