Friday, March 25, 2016

၂ဝ၁၄-၂ဝ၁၅ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲတွင် ကလေးသရုပ်ဆောင်ဆု (အထူးဆု)ပေးအပ်ချီးမြှင့်ရန် လျာထားဟုဆို


၂ဝ၁၄-၂ဝ၁၅ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ကလေးသရုပ်ဆောင်ဆု (အထူးဆု)ပေးအပ်ချီးမြှင့်ရန် လျာထားကြောင်းသိရသည်။ ယခုနှစ် အကယ် ဒမီပေးပွဲအတွက် ကလေး သရုပ်ဆောင်ဆုများ ပေးအပ်မည်ဟူ၍ သတင်း များထွက် ပေါ်လာခြင်းနှင့်အတူ ကလေးသရုပ် ဆောင်ဆု(အထူးဆု)အတွက် အကယ် ဒမီပေးပွဲဖြစ်မြောက်ရေးအဖွဲ့မှ လျာထားသတ်မှတ် ထားကြောင်း သိရသည်။
''ဒီနှစ် အကယ်ဒမီပေးပွဲအတွက် ကလေးသရုပ်ဆောင်ဆု (အထူးဆု)အတွက် က လျာထားသတ်မှတ်ထားပါ တယ်။ လျာထားသတ်မှတ်ထားတယ် ဆိုပေ မယ့်လည်း အတိအကျ ကလေး သရုပ်ဆောင်ဆု ပေးမယ်လို့ပြောတာ မဟုတ်ပါဘူး။ ဒီနှစ်က နှစ်နှစ်ပေါင်း ပေးမှာဆိုတော့ တစ်နှစ်မဟုတ် တစ် နှစ်တည်းမှာ ရချင်လည်းရမယ်။ သေချာအတိအကျတော့ မပြောနိုင်ဘူး။ အကယ်ဒမီပေးပွဲနေ့ကျတော့မှပဲ အ တိအကျသိနိုင်မှာပါ'' ဟု အကယ်ဒမီ ပေးပွဲဖြစ်မြောက်ရေးအဖွဲ့မှ အတွင်း ရေးမှူးဖြစ်သူ ဦးအေးကြူလေးက ပြောသည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အတွက် ကလေးသရုပ်ဆောင်ဆု (အ ထူးဆု)သည် နှစ်စဉ်ပေးအပ်လေ့ရှိ သော ဆုအမျိုးအစားများတွင် ပါဝင်ခြင်းမရှိဘဲ မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးအပ်ခဲ့သည့် သမိုင်းစဉ် တစ် လျှောက် တွင် ကလေးသရုပ်ဆောင် ဆု (အထူးဆု) ငါးဆုကိုသာ ပေးအပ် ခဲ့ဖူးကြောင်း သိရသည်။

ယင်းပေးအပ်ခဲ့သော ကလေး သရုပ်ဆောင်ဆု (အထူးဆု)များ မှာ ၁၉၅၅ ခုနှစ်တွင် 'ဖိုးပြုံးချို' ရုပ်ရှင် ဇာတ်ကားဖြင့် ကလေးသရုပ်ဆောင် ဝင်းမာ၊ ၁၉၇၇ ခုနှစ်တွင် 'အဖေတစ် ခုသားတစ်ခု' ရုပ်ရှင်ဇာတ်ကားဖြင့် ကလေးသရုပ်ဆောင် အောင်ထွန်း လေး၊ ၁၉၇၈ ခုနှစ်တွင် 'မေတ္တာရှင် မလေး ငြိမ်းငြိမ်းအိ' ရုပ်ရှင်ဇာတ်ကား ဖြင့် ကလေးသရုပ်ဆောင် အင်္ဂလန် စိန်၊ ၁၉၉၉ ခုနှစ်တွင် 'ရင်ထဲကဆောင်း ရာသီ' ရုပ်ရှင်ဇာတ်ကားဖြင့် ကလေး သရုပ်ဆောင် အိဖြူစိုးနှင့် ၂ဝ၁၂ ခု နှစ်တွင် 'တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ' ရုပ်ရှင်ဇာတ်ကားဖြင့် ယွန်းယွန်းတို့မှ ရ ရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်အကယ်ဒမီပေးပွဲတွင် ကလေးသရုပ်ဆောင်ဆု (အထူးဆု) ရရှိမည်ဟု ရေပန်းစားနေသူများမှာ 'ကျွန်မက နှင်းဆီပါမောင်' ရုပ်ရှင်ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ကလေးသရုပ်ဆောင် ဟဲဗီး ဖြိုးနှင့် ယွန်းယွန်းတို့ ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီ ရရှိသူများစာရင်းကို အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားများ စိစစ် ရေးအဖွဲ့မှ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ထံသို့ ချိပ်ပိတ်အပ်နှံထား ပြီးဖြစ်ရာ ဥက္ကဋ္ဌမှ ချိပ်ပိတ်ထားသော အကယ်ဒမီရရှိသူများစာရင်းကို ဖွင့် ဖောက်ရန်အတွက် မတ် ၂၃ ရက်တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက များဖြစ်ကြသော ဗိုလ်ကလေးတင့်အောင်၊ ဒါရိုက်တာဦးနှင်းမိုး၊ ဒါ ရိုက်တာပန်းချီစိုးမိုးတို့ထံ အပ်နှံလိုက် ပြီဖြစ်ကြောင်း သိရသည်။


Democracy Today

No comments:

Post a Comment

My Blog List