Tuesday, March 22, 2016

ပြည်ထောင်စုဝန်ကြီးများစာရင်း ကန့်ကွက်လိုပါက မတ်လ ၂၃ ရက်နေ့ နေ့လည် ၁ နာရီ နောက်ဆုံးထား၍ ကန့်ကွက်နိုင်


နိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူ ဦးထင်ကျော်က အဆိုပြုတင်ပြထားသော ၀န်ကြီး ၁၈ ဦးအမည်စာရင်းကို ပြည်ထောင်စု လွှတ်တော်နာယကဦးမန်းဝင်းခိုင်သန်းကကြေညာခဲ့သည် ။
၎င်းတို့မှာဒေါ်အောင်ဆန်းစုကြည် ၊ ဒေါက်တာအောင်သူ ၊ဦးသန့်ဇင်မောင် ၊ သူရဦးအောင်ကို ၊ဦးအုန်းဝင်း ၊ ဦးသိန်းဆွေ၊ ဦးကျော်ဝင်း ၊ ဦးခင်မောင်ချို ၊ဒေါက်တာမြင့်ထွေး ၊ ဦးဝင်းခိုင် ၊ဒေါက်တာဝင်းမြတ်အေး ၊ ဦးအုန်းမောင်၊ ဒေါက်တာသန်းမြင့် ၊ နိုင်သက်လွင် ၊ ဒေါက်တာဖေမြင့် ၊ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ဒုတိယယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ ဖြစ်ကြောင်းသိရသည် ။

ကန့်ကွက်လိုပါက မတ်လ ၂၃ ရက်နေ့နေ့လည် ၁ နာရီ နောက်ဆုံးထား၍ ကန့်ကွက်နိုင်ကြောင်း ၊အရည်အချင်းမပြည့်စုံကြောင်းအချက်အလက် များနှင့်ကန့်ကွက်နိုင်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာခဲ့သည် ။

Popular News Journal


No comments:

Post a Comment

My Blog List